Wednesday, February 17, 2016

ဦးရဲထွဋ်ပြောတာ ရှင်းရှင်းလေးပဲ "တကယ်တော့ဗျာ ဟလား ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ၅၉(စ)တွေ ဘာတွေ ပြင်ဖို့ မလိုပါဘူး သူ့ရဲ့ သား(၂) ယောက်၊ ချွေးမတွေပါဆို (၄) ယောက် သူတို့ကို ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း မြန်မာနိုင်ငံသားခံယူလိုက် ဒါဆို သမ္မတ လုပ်လို့ရပီ"

ဦးရဲထွဋ်ပြောတာ ရှင်းရှင်းလေးပဲ "တကယ်တော့ဗျာ ဟလား ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ၅၉(စ)တွေ ဘာတွေ ပြင်ဖို့ မလိုပါဘူး သူ့ရဲ့ သား(၂) ယောက်၊ ချွေးမတွေပါဆို (၄) ယောက် သူတို့ကို ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း မြန်မာနိုင်ငံသားခံယူလိုက် ဒါဆို သမ္မတ လုပ်လို့ရပီ" ဟုတ်ပါတယ် ဒီလောက်လွယ်နေတဲ့ ကိစ္စကိုမလုပ်ပဲ အင်မတန်ခက်ခဲတဲ့ ၅၉(စ) ကို ပြင်မယ် ဆိုင်းငံ့မယ် လုပ်နေတော့အဆင်မပြေဘူးပေါ့ဗျာ အင်မတန်လွယ်ကူတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား(၂) ယောက်နဲ့ ချွေးမ(၂)ယောက် စုစုပေါင်း(၄) ယောက်ရဲ့ ဆုံးဖြတ်ချက်နှင့်တင် ဒေါ်စုကြည်ဟာ သမ္မတ လုပ်လို့ရတယ် လူ(၄) ယောက်ရဲ့ ဆန္ဒကို မခံယူပဲ သန်း(၅၀) သောပြည်သူလူထုရဲ့ ဆန္ဒကို တောင်းခံ နေတယ်ဆိုတော့ မဖြစ်သင့်ဘူး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ထို(၄) ဦးရဲ့ ဘ၀နှင့် ဆန္ဒကို ရင်းနှီးရမယ်ဆိုတော့ သူတို့ရဲ့သဘောထားဆန္ဒကို အတင်းအကြပ်စေခိုင်းရာ မရောက်ဘူးလား သူမရဲ့ သားသမီးတွေကရော ဆန္ဒရှိရဲ့လား ဒါကတော့ သူ့အမေအုပ်ချုပ်မဲ့ နိုင်ငံမှာ နိုင်ငံသားခံယူဖို့ ကြောက်နေတယ် ဆိုရင် သူ့သားသမီးတွေက သူ့အမေကို မယုံကြည်လို့ သူ့အမေ သမ္မတ လုပ်မဲ့ နိုင်ငံမှာ နိုင်ငံသားမဖြစ်ချင်တာပဲဖြစ်မယ် သားသမီးသွေးသား အရင်းအချာကြီးတွေကတောင် မယုံကြည်ဘူးဆိုရင် ဘာမှ သွေးမတော် သားမစပ်တဲ့ ပြည်သူတွေက ယုံကြည်ဖို့သင့်ရဲ့လား ဒါကြောင့် ဒေါ်စုကြည်သာ သမ္မတ ဖြစ်ချင်တယ်ဆိုရင် ပြည်သူတွေကို ဒုက္ခပေးမနေပါနဲ့တော့ ကိုယ့်သားသမီးတွေကိုသာ နိုင်ငံသားခံယူခိုင်းလိုက်ပါ လို့ ပြောချင်ပါတယ်....................... Credit-

No comments: