Monday, February 22, 2016

"တော်ဝင်စင်တာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးခဲ့သူအား ဖမ်းမိပြီ "

"တော်ဝင်စင်တာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးခဲ့သူအား ဖမ်းမိပြီ " ဒဂုံမြို့နယ် ပြည်လမ်းပေါ်ရှိ တော်ဝင်စင်တာ ပထမထပ်တွင် အရောင်းဝန်ထမ်းအမျိုးသမီး ငယ်ကို ဓားဖြင့်ထိုးခဲ့သည့် အမျိုးသားကို ယနေ့( ဖေဖော်ဝါရီ၂၂) နံနက် ၅ နာရီတွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ၄င်းနေထိုင်ရာအိမ်သို့ ပြန်လာချိန်၌ ဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီ ၁၉ရက် ညနေ ၅နာရီ ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါဓားထိုးမှုတွင် ဓားဖြင့်အထိုးခံရသူ အသက်၂၀အရွယ်ရှိ မခင်ပြည့်ပြည့်ဖြိုးမှာ ရရှိထားသည့်ဒဏ်ရာများဖြင့် ရန်ကုန်ပြည့်သူ့ဆေးရုံကြီးတွင် ဆေးကုသနေရကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ "ကလေးမလေးကမျက်နှာကို ဓားထိထားတော့စကားပြောတဲ့အခါ အရင်လောက် အသံမထွက်ဘူး။ သူတို့နှစ်ယောက် အွန်လိုင်းကနေ သိတာလို့တော့ပြောတယ်။ဒီနေ့မနက်အစောပိုင်း သူ့အိမ်ပြန်လာတုန်း ဖမ်းမိတာပါ။ ခုသူ့ကိုစစ်ဆေးနေပါတယ်"ဟု အဆိုပါရဲအရာရှိက ပြောသည်။ တော်ဝင်စင်တာပထမထပ် တွင်ဖွင့်လှစ်ထားသည့် ဖက်ရှင်နှင့်လူသုံး ကုန်ပစ္စည်း ဆိုင်တစ်ဆိုင်ရှေ့၌ ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အထိုးခံခဲ့ရသည့် အမျိုးသမီးငယ်မှာ မျက်မှန်ဆိုင်တစ်ဆိုင်မှ အရောင်း စာရေးတစ်ဦးဖြစ်သည်ဟု ဓားထိုးမှုကို မြင်တွေ့ခဲ့သူများကပြောကြားသည်

No comments: