မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 22, 2016
KIA မီဒီယာများ Fb တွင်တင်နေသော ဝါးရှောင်ကဖြစ်စဉ်မှာ ပက်ကျိဆန်အဖွဲ့တွင်ပါလာသော
KIA မီဒီယာများ Fb တွင်တင်နေသော ဝါးရှောင်ကဖြစ်စဉ်မှာ ပက်ကျိဆန်အဖွဲ့တွင်ပါလာသော
ဓါတ်ပုံဆရာကမှားတာပါ
===============================
မနေ့ကဖြစ်စဉ်တွင် ပက်ကျိဆန်အဖွဲကဓါတ်ပုံဆရာကို တပ်မတော်မှနှစ်ပွင့်ဗိုလ်က ခြေထောက်ဖြင့်ကန်သည်ဟု ခေါင်းစဉ်ဖြင့်တင်ခဲ့ကြသည်
အမှန်မှာ ထိုလူသည် အပေါ်တွင်အစည်းအဝေးလုပ်နေ သည်ကိုအကြောင်းပြကာ နောက်မှရောယောင်၍လိုက်လာပြီး စခန်းအတွင်းရှိ ပစ်ကတုတ် ဘန်ကာ စိန်ပြောင်းကျင်းတို့ကို ဓါတ်ပုံရိုက်သောကြောင့် နှစ်ပွင့်ဗိုလ်မှ ရိုက်ထားသည်များကိုဖျက်ပစ်ရန် ၎င်း၏ငယ်သားများကိုစေလွတ်အကြောင်းကြားခိုင်းသည်။
သိုသော် ထိုသူမှ ရဲဘော်လေးကိုအမျိုးမျိုးဆဲဆိုလွတ်လိုက်သည်။
နောက်တစ်ကြိမ်ထပ်ပြောခိုင်းလည်း ထိုနည်းတူစွာထပ်မန်ပြုလုပ်ခဲ့သည်။
နောက်ဆုံး ပြောမရတော့၍ နှစ်ပွင့်ဗိုလ်မှ စခန်းလုံခြုံရေးအတွက် ထိခိုက်ကြောင်း ။ ပုံများပြန်ဖျက်ပေးရန်ပြောဆိုရာ ၎င်းအနောက်ကနစ်ယောက်က ဓါးထုတ်လိုက်သဖြင့် ပစ်တွန်းခဲ့ကြောင်း နောက်ဆုံးတွင် နှစ်ဖက်ပဋိပက္ဂဖြစ်ပွားခဲ့ကြောင်း လိုက်ပါသွားသူများထံမှ သိရှိရသည်။
ပက်ကျိဆန်အဖွဲ့သည် တရားဝင်ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ လူထုအခြေပြုဟုဆိုကာ KIA ထောက်လှမ်းရေးများ။ တပ်ဖွဲ့ဝင်များ။ KIA ပြည်သူ့စစ်များဖြင့်ဖွဲ့စည်းထားကြောင်း။ နောင်တစိချိန် မြို့တွင်းစစ်ဖြစ်ပွားလာပါက ထိုအဖွဲ့ကိုလက်နက်တပ်ဆင်ပေးမည်ဖြစ်ကြောင်း။ သိရှိရ
ယခု ဓါတ်ပုံဆရာမှာလည်း အစည်းအဝေးကိုမကြောင်းပြကာ တပ်စခန်းအတွင်းပုံများကို ဓါတ်ပုံရိုက်သွားသည့် KIAထောက်လှမ်းရေး (မြို့ပေါ်)အရာရှိသာဖြစ်ကြောင်း
သိရှိရသည်။
photo - ပက်ကျိဆန်အဖွဲ့ဝင်များ အစည်းအဝေးကိုအကြောင်းပြကာ စခန်းပေါ်တက်လာကြပုံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment