မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 22, 2016
“ပတ်ဂျဆန် Pat Jasan အဖွဲ့ KIA နဲ့ အချိတ်အဆက်ရှိဟုဆို”
“ပတ်ဂျဆန် Pat Jasan အဖွဲ့ KIA နဲ့ အချိတ်အဆက်ရှိဟုဆို”
လူမှုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ဟာ ဇန် ၃
ရက်နေ့ စတင်ပြီး ကချင်ပြည်နယ်အတွင်းရှိ ဘိန်းခင်းတွေ ဖျက်ဆီး
လာခဲ့တာ ဒီကနေ့အချိန်အထိ ကချင်ပြည်နယ် ပူတာအို၊ ဖားကန့်၊
တနိုင်း၊ ချီဖွေ၊ ကန်ပိုက်တီ မြို့နယ်တွေမှာရှိတဲ့ ဘိန်းခင်းပေါင်း ဧက
၃၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်သတင်းတွေက သိရပါ
တယ်။
ဝိုင်းမော်မြို့ကနေ ဖေဖော်ဝါရီ ၁၆ရက်နေ့မှာ စတင်ထွက်ခွာလာ
တဲ့ (Pat Jasan) အဖွဲ့ ဆဒုံး၊ ချီဖွေလမ်းခွဲအရောက်မှာ လုံခြုံရေး
ကြောင့် တပ်မတော်က တားဆီးထားတယ်လို့ သိရပါတယ်။
ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ကြား ပဋိပက္ခဖြစ်လာနိုင်ဖွယ်ရှိတဲ့အ
တွက် လုံခြုံရေးအရ တားဆီးရခြင်းဖြစ်တယ်လို့ တပ်မတော်က
တာဝန်ကျအရာရှိတစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။
ဘိန်းခင်းဖျက်ဆီးမယ့် မူလအဖွဲ့မှာ အင်အား ၁၄၀၀ခန့်သာ ရှိ
ပေမဲ့ လက်ရှိ အချိန်မှာ ဖားကန့်၊ တနိုင်း၊ ပူတာအို၊ ရှမ်းပြည်နယ်
ကနေ လာရောက်ပူးပေါင်းတာကြောင့် အင်အား ၃၀၀၀ကျော်ရှိ
လာပြီလို့ဆိုပါတယ်။
ခရစ်ယာန်ဂိုဏ်းပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေဟာ ဆ
ဒုံ၊ ချီဖွေလမ်းဆုံမှာ တားမြစ်ထားခံရတဲ့ (Pat Jasan) အဖွဲ့ထံသွား
ရောက်ပြီး ဖေဖော်ဝါရီ ၂၁ရက်နေ့ နံနက်ပိုင်းမှာ စုပေါင်းဆုတောင်း
ခြင်းအစီအစဉ်ကျင်းပခဲ့ပြီး အဲဒီ အခမ်အနားကို လူပေါင်း ၁သောင်း
ခန့်တက်ရောက်တယ်လို့ သိရပါတယ်။
နောက်ထပ်ခွင့်ပြုမိန့်မရသော်လည်း ပတ်ဂျဆန်အဖွဲ့ (Pat Jasan)
အနေနဲ့ မူလစီစဉ်ထားတဲ့အတိုင်း ဆဒုံး၊ ကန်ပိုင်တီ မြို့နယ်အတွင်း
မှာရှိတဲ့ ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးသွားမယ်လို့ ဆိုပါ
တယ်။ တပ်မတော်က တားဆီးထားတဲ့ ပတ်ဂျဆန် အဖွဲ့မှာ မူလ
အင်အား ၁၄၀၀ ခန့်သာရှိပေမဲ့လည်း လက်ရှိအချိန်မှာ ဖားကန့်၊
တနိုင်း၊ ပူတာအို၊ ရှမ်းပြည်နယ်က လာရောက် ပူးပေါင်းအတွက်
အင်အား ၃၀၀၀ ကျော်ရှိလာပြီလို့ သိရပါတယ်။
“ဒီကနေ့ ဆဒုံး၊ ချီဖွေလမ်းခွဲမှာ ဆုတောင်းပွဲလုပ်တယ်။ အင်အား
၁၀၀၀၀ (တစ်သောင်း) ကျော်တက်တယ်။ အင်အား ၁၀၀၀၀ ကျော်
ချက်ချင်းစုလို့ရတာနော်။ ဘာပဲဖြစ်ဖြစ် အဲဒီအဖွဲ့ထဲမှာ KBC အစီအ
စဉ်နဲ့ KIA ကျောထောက်နောက်ခံလုပ်ပေးထားတဲ့ လူငယ်တွေအ
များကြီးပါတယ်။ သူတို့တွေဟာ KIA ပေးထားတဲ့စစ်သင်တန်းတက်
ပြီးသားနော်။ ချက်ချင်းလက်နက်ကောက် ဆင်လိုက်တာနဲ့ အလောင်း
ဘယ်ဈေးလဲဖြစ်သွားမယ်။ တစ်နေရာရာမှာ စုရပ်လုပ်ပြီး လက်နက်
တွေ မတပ်ဆင်နိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ” လို့ အမည်မဖေါ်လို
တဲ့ ကချင်ပြည်နယ် ဒေသခံတစ်ဦးက ဖုန်းနဲ့ပြောပါတယ်။
ပတ်ဂျဆန်အဖွဲ့ (Pat Jasan) အခုလို အင်အားအများအပြားနဲ့ သွား
လာနေကြတဲ့အတွက် ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းနီတိုင်း ရင်းသား
တွေနဲ့ တခြားမျိုးနွယ်စုတွေအားလုံးက စိုးရိမ်နေကြပါတယ်။ တလော
က လမ်းခရီးမှာ မူးယစ်ဆေးသုံးစွဲသူတွေကို အပြစ်ပေးတယ်ဆိုပြီး
ဒီအဖွဲ့က ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်တွေလည်း လူမှုကွန်ရက်ပေါ်မှာ
တက်လာခဲ့ပါတယ်။
“၁၉၉၀ ခုနှစ်တွေဝန်းကျင်က ရှမ်းနီတွေအတွက် ကံဆိုးတဲ့နှစ်တွေပေါ့
ဗျာ။ စပေါ့ လူသတ်ပွဲမှာ ဒီကနေ့ KIA စစ်ဦးစီးချုပ်ဖြစ်နေ တဲ့ ဂမ်ရှောင်
လက်ချက်နဲ့ ရှမ်းနီလူမျိုးတွေ ရာချီပြီး အသတ်ခံခဲ့ရတယ်။ တပ်ကလည်း
မယုံ KIA ကလည်း နှိပ်စက်ပေါ့။ အဲဒီအချိန်က KIA ဝှေခါဂိတ်မှာ တန်း
စီပြီး အခွန်ဆောင်ရတယ်။ မှော်နင်း၊ ဈေးရောင်း၊ ကျင်းသားလက်မှတ်၊
ကျင်းခွန်လက်မှတ်၊ လောပန်းလက်မှတ် စသဖြင့် နည်းမျိုးစုံအခွန်ကောက်
တယ်။ ကျောက်ရလာလို့ ကျောက်ကကောင်းနေရင် KIA က သိမ်းလိုက်
တယ်။ ကျောက်မကောင်းရင် အခွန်ဆောင်ခိုင်းတယ်။” လို့ ကိုစိုးဝင်းဆို
တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပတ်ဂျဆန်အဖွဲ့ (Pat Jasan) အဖွဲ့ဝင်တွေ ဘိန်းခင်းဖျက်တဲ့ကိစ္စကို မ
ဝေဖန်လိုပေမဲ့လည်း လမ်းမှာ ဓားတွေလွယ်ပြီးသွားနေ တဲ့အတွက်
အများပြည်သူလုံခြုံရေးအတွက် စိုးရိမ်စရာကောင်းကြောင်း ဒေသခံ
တစ်ဦးက ပြောပါတယ်။
“မြစ်ကြီးနားအထိ တရုတ်ဖုန်းလိုင်းမိတယ်။ တိုက်ရိုက်ပြောလို့ရတယ်။
KIA က လိုင်ဇာတီဗီချယ်နယ်လွှင့်တယ်။ လိုင်ဇာ FM လွှင့်တယ်။ ကချင်
လို ရေဒီယိုနဲ့ဝါဒဖြန့်နေတာကြာပြီ။ အစိုးရက ဘာလို့လွှတ်ထားလဲမသိ
ဘူး။ အဲဒီအသံလွင့်ရုံဟာ သူပုန်အသံလွှင့်ရုံပဲ။ နေ့တိုင်းရေဒီယိုကအော်
နေတာဗျ။ ပြီးတော့ ဒီအဖွဲ့မှာ ဖုန်းတွေသာမက လမ်းလျှောက်စကားပြော
စက်တွေလည်း ပါတယ်ဗျ။ ဒီကိစ္စ သွေးရိုးသားရိုးဖြစ်နိုင်မလား စဉ်းစား
ကြည့်ပေါ့။ ကျွန်တော်ကတော့ အဲဒီအသံလွှင့်ရုံတွေကို ထုပစ်စေချင်
တယ်” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
ကချင်ပြည်နယ်ရဲ့နယ်မြေအများစုဟာ မူလက ရှမ်းနီတိုင်းရင်းသားတွေ
ရဲ့ နယ်မြေတွေဖြစ်ပြီး ပင်လုံစာချုပ်ကြောင့်သာ အဲဒီနယ်မြေတွေ ကချင်
ပြည်နယ်အဖြစ်ပါသွားခဲ့ရတာလို့ ရှမ်းနီတိုင်းရင်းသားတွေက ဆိုပါတယ်။
KIA ကလည်း ရှမ်းနီတွေဆိုရင် အမျိုး မျိုးနှိပ်စက်လေ့ရှိကြောင်း ဒေသခံ
တွေရဲ့ ပြောကြားချက်အရသိရပါတယ်။
“မှော်ထဲသွားပြီး ပြန်လာလို့ သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းလာ
ပြီး KIA ဝှေခါဂိတ်မှာ အခွန်မဆောင်ဘဲ တခြားလမ်းက သွားရင် သတ်
ပစ်တယ်။ တောင်ခြေစခန်းမှာ ညအိပ်တဲ့ ရှမ်းနီအမျိုးသမီးငယ်လေးတွေ
ဆိုရင် KIA က ညဘက်လာခေါ်သွားပြီး မနက်မှ ပြန်လွှတ်တယ်။ အင်းေ
တော်ကြီး၊ မပြင်ချောင်းဝက ရှမ်းနီအမျိုးသမီးတွေ အများဆုံးခံခဲ့ရတာပေါ့။
ကျောက်တူးနေတဲ့ အရွယ်ကောင်းတဲ့ ရှမ်းနီယောက်ကျားလေးတွေဆိုရင်
အဓမ္မလူသစ်စုတဲ့အထဲ ပါသွားတာပါပဲ။ အခုလည်း ဒီ ပတ်ဂျဆန်အဖွဲ့က
လူငယ်တွေအများစုဟာ KIA နဲ့ အဆက်အသွယ်ရှိတာများပါတယ်” လို့
ရှမ်းနီအမျိုးသားတစ်ဦးက ပြောပြပါတယ်။
ရဲကျော်သူရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment