စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးကို တိုင်ကြားသူတို့၏ ခင်ပွန်းရဲအရာရှိများအား လုပ်သက်၅နှစ်ဆီလျော့ပေါ့ပြစ်ဒါဏ်ချမှတ်အပြင် နယ်ပြောင်းမှုပါပြုလုပ်...(ဟာဂျူလီ-ကသာ)
**********
စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး၏ဇနီးမှ ရဲအရာရှိများ အပြောင်းအရွေ့အတွက် လာဘ်ငွေတောင်းခံခဲ့သည်ဟု တိုင်ကြားသူ ၂ဦး၏ ခင်ပွန်းများဖြစ်သည့် အရာရှိ အားလုံးကို လုပ်သက်၅နှစ်စီလျော့ပေါ့ပြစ်ဒါဏ်ချမှတ်လိုက်ပြီး စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမူးကြီးနေထွန်းအားလည်း
လုပ်သက်၅နှစ်ဆီလျော့ပေါ့ပြစ်ဒါဏ်ချမှတ်လိုက်သည့်အပြင် စစ်ကိုင်းတိုင်းတပ်ဖွဲ့မှူးနေရာမှ ချင်းပြည်နယ် တပ်ဖွဲ့မှူးအဖြစ် ပြောင်းရွေ့လိုက်ကြောင်းလည်း သတင်းကို ဟာဂျူလီမီဒီယာမှ သတင်းဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်၊
ထိုသတင်း၏ နောက်ဆက်တွဲအဖြစ် တိုင်ကြားခဲ့သူ ဒေါ်ခင်အေးမွန်၏ခင်ပွန်း ရဲအုပ်သိန်းအောင်အား ဝက်လက်မြို့နယ် ရှိမ်းမကားရဲစခန်းမှ တနင်္သာရီတိုင်းသို့လည်းကောင်း
တိုင်ကြားခဲ့သူ ဒေါ်ယုယုဝေ၏ ခင်ပွန်း ရဲအုပ် ဇော်ဝင်းအား စစ်ကိုင်းခရိုင် မှုခင်းအကူတပ်ဖွဲ့ခေါင်းဆောင်မှ ကယားပြည်နယ်ရုံးသို့လည်းကောင်း ထပ်မံပြောင်းရွေ့အရေးယူလိုက်ကြောင်း သိရှိရပါသည်၊
ရဲအုပ်သိန်းအောင် (အသက်၅၂နှစ်) နှင့်ဇနီးဒေါ်ခင်အေးမွန်တို့သည် ကျောင်းနေအရွယ် သားသမီးများအပြင် မိခင်အို ဖခင်အို (ရဲတပ်ရင်းနေ အစ်ကိုဖြစ်သူ၏) သားသမီး၃ယောက်အားကျောင်းထားပေးနေသူဖြစ်ပြီး အိုးပိုင်အိမ်ပိုင်မျှပင်မရှိ သဖြင့်
ယခုလို အဝေးသို့ ပြောင်းရွေ့ခံရမှုအပေါ် ခက်ခဲမှုများ ဖြစ်နေပါသည်၊
ထို့နည်းတူ ရဲအုပ် ဇော်ဝင်းမှာလည်းချင်းပြည်နယ်တွင် ၅နှစ်နီးပါး တာဝန်ကျဖူးခဲ့သူဖြစ်ပါသည်၊
စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး၏ဇနီးမှာ ဒုရဲအုပ်ဖြစ်ခဲ့ဖူးပြီး ယခုအခါ မန္တလေးမြို့ပ်ါတွင် ရတနာဆိုင်ဖွင့်လှစ်ရောင်းချနေသူ ဖြစ်ပါသည်၊ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး၏ဇနီးအားလည်း
ရဲအုပ် ဇော်ဝင်း၏ဇနီးဒေါ်ယုယုဝေမှ ရွှေများ ဝယ်ယူခိုင်းပြီး တန်ဖိုးငွေ မပေးချေဟုဆိုခါ မန္တလေးတိုင်းတရားရုံးတွင် တရားစွဲထားဆဲလည်း ဖြစ်ပါသည်။
ယခုဖြစ်စဉ်ကြောင့် နောက်နောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အထက်အရာရှိများ၏ လာဘ်ပေးလာဘ်ယူမှုများတွင် တိုင်ကြားရဲသူ ရှိတော့မည် မဟုတ်ကြောင်းလည်း သုံးသပ်ရပါသည်။
(ဟာဂျူလီ-ကသာ)
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 13, 2016
စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးကို တိုင်ကြားသူတို့၏ ခင်ပွန်းရဲအရာရှိများအား လုပ်သက်၅နှစ်ဆီလျော့ပေါ့ပြစ်ဒါဏ်ချမှတ်အပြင် နယ်ပြောင်းမှုပါပြုလုပ်...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment