အကြီးအကျယ်ကို လောင်နေပြန်ပါပြီ
Breaking News >>>
“ပုလောမြို့နယ်ကျောက္ကာရွာမီးကြောင့် အိမ်ခြေ၆၀၀ကျော် မီးလောင်ဆုံးရှုံး၊ ဆက်လက်လောင်ကျွမ်းနေဆဲ”
ပုလောမြို့နယ် ကျောက္ကာရွာတွင် ယနေ့(ဖေဖော်ဝါရီ ၁၃) နံနက် ၈နာရီ၃၀ မိနစ်ခန့်က စတင်လောင်ကျွမ်းသော မီးမှာ မွန်းတည့် ၁၂ နာရီကျော်သည်အထိ မထိန်းနိုင်သေးဘဲ အိမ်ခြေ ၆၀၀ ကျော် မီးထဲပါသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကျောက္ကာရွာတွင် အိမ်ခြေ ၉၀၀ ခန့်ရှိပြီး ကုန်းမြေနှင့် တစ်ဆက်တည်းမဟုတ်သည့် ပင်လယ်ကမ်းခြေရွာဖြစ်သောကြောင့် မီးသတ်ကားမ၀င်နိုင်ဘဲ ပင်လယ်ရေကို ရေစက်ဖြင့်မောင်းတင်၍ မီးငြိမ်းသတ်နေရကြောင်း မီးလောင်ရာနေရာသို့ ရောက်နေသည့် ကိုကျော်ကျော်က ပြောသည်။
" မီးသတ်ကား ၀င်မရဘူး။ မီးသတ်တပ်ဖွဲ့ဝင်တွေပဲ လာလို့ရတယ်။ ရေငန်ကို စက်နဲ့ မောင်းလောင်းနေရတယ်။ ရေကျချိန်ဖြစ်တာမို့လို့ ဆိုးတယ်။ အခု ရပ်ကွက် ၃ ခု လောင်သွားပြီ။ ရပ်က(၁)ပဲ ကျန်တယ်။ လောင်နေတုန်းပဲ" ဟု ဒေသခံ ဦးဥာဏ်က ပြောသည်။
ရပ်ကွက် ၄ ခုရှိသည့်အနက် အမှတ် ၂နှင့် ၃ ရပ်ကွက် ၂ ခုစလုံး မီးလောင်သွားပြီဖြစ်ကာ မွန်းတည့် ၁၂ နာရီ ခွဲခန့်တွင် အမှတ် ၃ ရပ်ကွက်သို့ ဆက်လက် မီးကူးနေပြီဖြစ်ကြောင်း ကိုကျော်ကျော်က ပြောသည်။ အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ လျပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မီးလောင်ရာသို့ ပုလောမြို့နယ် မှ အပေါ့စား မီးသတ်စက်များနှင့် မီးသတ်လှေများ စေလွှတ်ထားကြောင်း တိုင်းမီးသတ်ဦးစီးမှူး ကပြောသည်။
ဓာတ်ပုံ - ညီညီစိုး
သထုံ နယ်စားလေး
No comments:
Post a Comment