မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 2, 2016
မျက်စိအလင်းအလှူ ရွှေအလင်းရောင်မှ ကူညီမည် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®
မျက်စိအလင်းအလှူ ရွှေအလင်းရောင်မှ ကူညီမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®
ရန်ကုန် ဖေဖော်ဝါရီ ၂
ငွေကြေးချို့တဲ့သူ မျက်စိဝေဒနာရှင် လူမျိုး/ဘာသာမရွေးအား အခမဲ့ ကုသပေးရန်နှင့် လိုအပ်သည်များကို လှူဒါန်းပေးရန်၊ ရန်ကုန်မျက်စိ အထူးကု ဆေးရုံကြီးအပါအဝင် မျက်စိခွဲစိတ်ကုသရာ နေရာများ၌ လိုအပ် သည်များကို လှူဒါန်းပေးရန်နှင့် မျက်မမြင်များ အပါအဝင် (မျက်စိ)နှင့် ပတ်သက်သော ကိစ္စရပ်များအား လှူဒါန်းပေးရန် ရည်ရွယ်ချက်ဖြင့် ရွှေ အလင်းရောင် (မျက်စိ) ဖောင်ဒေးရှင်းကို ဖွဲ့စည်း တည်ထောင် ခဲ့ကြောင်းသိရသည်။
ရွှေအလင်းရောင် (မျက်စိ)ဖောင်ဒေးရှင်းကို ရန်ကုန်မျက်စိ အထူး ကုဆေး ရုံကြီးနှင့် မျက်မမြင်ကျောင်း (ကြည့်မြင်တိုင်) တို့၌ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ
ဒေါ်သီသီစံမြခိုင်နှင့် အတွင်းရေးမှူး ဦးရန်အောင်သူတို့၏ ငွေကျပ်သိန်း ၁၀၀ဖြင့် မတည်၍ စိတ်တူကိုယ်တူမိတ်ဆွေများ၊ လူအားများဖြင့် ပါဝင် ကူညီ မှုဖြင့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၉ ရက်မှစတင်ဖွဲ့စည်းကာ မျက်စိ အလင်း အလှူကိုစတင်ကူညီဆောင်ရွက်ခဲ့သည်။
ပြင်ပမှ ငွေကြေးတစ်စုံတစ်ရာ အလှူခံ ခြင်းမျိုး(လုံးဝ) မပြုလုပ် ဘဲ ဖောင်ဒေး ရှင်း ငွေကြေးဖြင့်သာ လှူဒါန်းခြင်း ဖြစ်သည်။ လှူဒါန်းလို သူများရှိ ပါက ငွေကြေး လက်ခံခြင်းမျိုး မပြုလုပ်ဘဲ စာရင်းကိုသာ လက်ခံပြီး လှူဒါန်း သည့် နေရာသို့ ချိတ်ဆက်၍ လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။
အနာဂတ် ရည်မှန်းချက်အနေဖြင့် ရန်ကုန်မြို့သို့ မလာရောက်နိုင်သည့် အနယ်နယ် အရပ်ရပ်ရှိ ငွေကြေး ချို့တဲ့သူ မျက်စိဝေဒနာရှင် များအား နေရာဒေသ မရွေး မျက်စိခွဲစိတ်ကုသနိုင်ရန် စက်ပါသော ရွှေ့လျား သွားနိုင် သည့် မော်တော်ယာဉ်ဖြင့် သွားရောက်ကုသပေးရန် ရည်ရွယ် ထားကြောင်းသိရသည်။
ငွေကြေးချို့တဲ့သည့် မျက်စိဝေဒနာရှင်များ (မျက်စိ) ခွဲစိတ်ရန် အကူ အညီ တောင်းခံ လိုပါက လျှောက်ထားသည့်နေ့စွဲ၊ အကြောင်းအရာ (မျက်စိ စမ်းသပ် ခွဲစိတ်မှုကိုအခမဲ့ ခွဲစိတ်ကုသခွင့်ပြုပါရန် လျှောက် ထားခြင်း)၊ အမည်/နေရပ် လိပ်စာအပြည့်အစုံ၊ (တိုင်းဒေသကြီး/ပြည်နယ်/ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ /ဖုန်းနံပါတ်)၊ ဝန်ထမ်းဖြစ်ပါကဌာနထောက်ခံချက်/ (သို့မဟုတ်) အရပ်သားဖြစ်ပါကရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူး ရုံး၏ငွေကြေးချို့တဲ့ကြောင်းထောက်ခံချက်၊ မှတ်ပုံတင်/ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူတို့နှင့် အတူ အတွင်းရေးမှူး- ရွှေအလင်းရောင် (မျက်စိ)ဖောင်ဒေးရှင်းအမှတ်(၈၀) ၅ လွှာ (၅၆)လမ်း(လမ်းတို) ပုဇွန်တောင် မြို့နယ် ရန်ကုန်တိုင်းဒေသကြီးလိပ်မူဖြင့် လျှောက်ထားနိုင်ကြောင်းနှင့် စနေ၊ တနင်္ဂနွေနေ့ (အစိုးရ ရုံးပိတ်ရက်)မှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ အထိ ဖုန်း-၀၁- ၃၉၇၆၉၀၊၀၉ ၇၃၁၄၃၆၀၆ FAX - ၀၁-၃၉၇၆၉၆၀ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment