မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 9, 2016
တက္ကသိုလ်ဝင်တန်း ဓာတုဗေဒဘာသာရပ် ဖြေဆိုနည်းလမ်းညွှန်
တက္ကသိုလ်ဝင်တန်း ဓာတုဗေဒဘာသာရပ် ဖြေဆိုနည်းလမ်းညွှန်
-------------------------------------------------------
တက္ကသိုလ်ဝင်တန်း ဓာတုဗေဒဘာသာရပ်ဖြေဆိုရန် လေ့လာရာတွင် အထောက်အကူ
ဖြစ်စေမည့် အကြံပြုချက်များကို ထားဝယ်တက္ကသိုလ် ဓာတုဗေဒဌာန၊ ကထိက
ဒေါက်တာစိုးကျော်ကျော်(မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်) နှင့်
The Voice တို့ တွေ့ဆုံမေးမြန်း ထားသည်များကို စာဖတ်ပရိတ်သတ်အတွက်
ပြန်လည်ဖော်ပြလိုက်ပါသည်။
Voice: ဓာတုဗေဒဘာသာရပ် ဖြေဆိုမှုနဲ့ပတ်သက်ပြီး အကြမ်းဖျင်းသတိထားရမဲ့
အချက်တွေ ကနဦးရှင်းပြပေးပါ။
Dr.SKK: ဓာတုဗေဒဘာသာရပ်မှာTrue or False ဖြေရင်ွှT or F လို့ရေးရင်
အမှတ်မရပါ။ True, False ပြည့်ပြည့်စုံစုံရေးမှသာ အမှတ်ရပါ မယ်။ No.2 ကွက်လပ်
ဖြည့် ဖြေတဲ့အခါ စာလုံးပေါင်းမှန်ရပါမယ်။ အနည်းအများနှင့် tense မှန်ရင် အမှတ်ပြည့်
ရပါမယ်။ No.3 က select ရွေးရမှာဆိုတော့ အဖြေမှန်ရွေးတဲ့အခါ မေးခွန်းထဲက
အဖြေမှန် တစ်ခုမှန်တစ်ခု၊ နှစ်ခုမှန်ရင်နှစ်ခု ရွေးပေးရမယ်။ အဖြေမှန်တစ်ခုအပြင်
မမှန်တာပါ တွဲရေးထားရင် အမှတ်မပေးပါ။ No.4 matching ယှဉ်တွဲ ဖြေတာ။ List A က အဖြေနှင့် List B ကအမှန်ရေးသောအခါ အက္ခရာနှင့် စာသားပါ ပြည့်စုံမှ အမှတ်
ပေးပါမယ်။ ဥပမာ (a) =(ii) လို့ အက္ခရာသာပါပြီး စာသားမပါရင် အဖြေမှန်သော်လည်း အမှတ်မပေးပါ။
No.(5) Definition ဖြေရင် စာလုံးပေါင်းမမှားရန်ဖို့ ပြည့်စုံတဲ့ဝါကျဖြစ်ဖို့ လိုပါတယ်။
မနှစ်ကစပြီး အဓိပ္ပါယ်တူရင်လည်း အမှတ်ရပါတယ်။ No.(6) မှာတော့ (၂) မှတ်တန် (၆)
ပုဒ်မေးပါတယ်။ (၆) ပုဒ်စလုံး ဖြေရပါတယ်။ ဒီမေးခွန်းမှာ Chapter(1) to (7) က (၄)ပုဒ်
မေးပြီး နောက်ပိုင်းအခန်း အထူးသဖြင့် (8), (9), (15) အခန်းမှ (၂)ပုဒ်မေးလေ့ရှိပါတယ်။ No.(7) က (၄)မှတ်တန်ဖြစ်ပါတယ်။ (၈)ပုဒ်မေး၊ (၅)ပုဒ် စုစုပေါင်းအမှတ် (၂ဝ) ဖြေရပါမယ်။ ရွေးချယ်ဖြေဆိုရမှာ ဖြစ်တဲ့အတွက် ရွေးချယ်မှုမှန်ဖို့တော့လိုပါတယ်။ Chapter (1) to (7) အထိ (၅) ပုဒ်မေးပြီး Chapter (8) to (15) အထိ (၃) ပုဒ်မေးပါတယ်။ နောက်ဆုံး No.(8) က (၈)မှတ်တန်ဖြစ်ပြီး (၈) ပုဒ်မေး (၄) ပုဒ် ရွေးဖြေရမှာပါ။ အဲဒီမေးခွန်းမှာလည်း No.(7)လိုဘဲ ရွေးချယ်မှု မှန်ဖို့လိုတာပါ။ မေးခွန်းအနေဖြစ် Chapter(3) မှာ တစ်ပုဒ် Chapter(7) မှာ တစ်ပုဒ်၊ Chapter (13) မှာ တစ်ပုဒ်၊ Chapter (14) organic မှာ
(၂)ပုဒ်၊ Manufacture တစ်ပုဒ်၊ Extraction တစ်ပုဒ်နှင့် Laboratory တစ်ပုဒ် စုစုပေါင်း (၈) ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် section (A) မှာ (၃၆) မှတ်နဲ့ section(B) မှာ (၆၄) မှတ်
စုစုပေါင်းအမှတ် (၁ဝဝ) ဖြစ်ပါတယ်။ စာကျက်တဲ့အခါ ဟိုအခန်း နည်းနည်း၊ ဒီအခန်းက နည်းနည်း ကျက်မဲ့အစား အခန်းလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာထားရင် ၂ဝ၁၆ မတ်လမှာ ကျင်းပမဲ့စာမေးပွဲ မှာ ဓာတုဗေဒဘာသာရပ်ကို ကောင်းမွန်စွာ ဖြေဆိုနိုင်ပါမယ်။
Voice: ဓာတုဗေဒဘာသာရပ်က တကယ်ကြိုးစားတဲ့ ကျောင်းသားအတွက် အမှတ်ပြည့်ထိ ရတာမို့ အခန်းလိုက် သတိထားရမှာတွေ ပြောပြပါ။
Dr.SKK: အခန်းလိုက်ပြောရရင် Chapter (1)ဟာ တစ်ခန်းလုံး မွှေနောက် မေးလို့
ရပါတယ်။ အစအဆုံးကို တစ်နဲ့တစ်ခု Concept မိမိလေ့လာထားရမယ်။ ဒါမှ အမှတ်ပြည့်ယူနိုင်မှာဖြစ်တယ်။
Chapter (1) မှာ Al သည် Metal ဖြစ်တာကို သတိပြုရမှာပါ။ Bond မှာလည်း Electronegativity Difference 1.7 Rule အရ Al နှင့် F က Ionic Bond ဖြစ်လို့ Al
နှင့် Cl သည် Covalent Bond ဖြစ်ကြောင်း ခြွင်းချက်အနေနဲ့ မှတ်သားထားရမှာပါ။
ပြီးရင် Atomic Size, Ionic Size တို့ Compare လုပ်ခြင်း၊ Ionization Energy, Electron Affinity တွေကို Compare လုပ်တဲ့မေးခွန်းများ အလွတ်မကျက်ဘဲ သဘောတရား နားလည်အောင် မှတ်ထား၊ လေ့ကျင့်ထားပါ။ နောက်တစ်ခုက Octet Rule ကို
သွေဖယ်ခြင်းက ဘာကြောင့်လဲဆိုတဲ့ BeCl2, BF3, ClF3 စတဲ့ သြူနခကူန တွေကို
Dot-cross Structure တွေနဲ့ အကြောင်းပြချက်ဖြေဆိုနိုင်အောင် လေ့လာကျက်မှတ်
ထားကြပါ။
Chapter (2)က Law တွေကို လေ့လာရင် အမည်တွေကို သေသေချာချာကျက်ထား။
အမည်ကိုရေးရင် ပြည့်ပြည့်စုံစုံရေး။ ဥပမာ Dalton's law partial pressure လို့
ရေးပေးသင့်ပါတယ်။ သင်္ချာနည်းနဲ့ ဖော်ပြခိုင်းရင် constant factor ရေးဖို့မေ့တတ်
ပါတယ်။ ထည့်ဖြစ်အောင်ထည့်ပါ။ Gas State ဖြစ်လို့ Temperature ကို Kelvin
ပြောင်းပြီးတွက်ဖို့ မမေ့ပါနဲ့။ Graham's Law မှာ M သည် Molar Mass ဖြစ်လို့
g mol-1 ထည့်ပေးရမယ်။ Mole Concept နှင့်ဆက်နွယ်လို့ Relative Molecular
Mass မေးရင် တိုက်ရိုက်ရှာရင်မပေးပါ။ ဆိုလိုတာက Atomic Mass နဲ့တွက်ရင် မပေးပါ။
Chapter(3) က Stoichiometry ဆိုတော့ ဓာတ်ပြုအချိုး သို့မဟုတ် ဓာတုသင်္ချာအခန်း ဆိုတော့ Chemical Formula သိဖို့လိုပါတယ်။ Formula ရေးတတ်မှသာ Equation
ရေးမှန်မှာဖြစ်ပါတယ်။ Equation မမှန်ရင်တော့ ဘာမှလုပ်လို့မရတော့ပါ။ ဒီ Chapter နဲ့ပတ်သက်လို့ သတိပေးရမှာက ကျောင်းသား ကျောင်းသူတော်တော်များများဟာ
(၈) မှတ်တန်မေးခွန်းသာ လေ့လာထားလေ့ရှိပါတယ်။ ဒါကြောင့်သတိပေးချင်တာက Percent Composition, Formula Mass and Molecular Mass, Molarity, Dilution, Empirical Formula နဲ့ မနှစ်ကမေးသလို (၄) မှတ်တန်များကိုလေ့ကျင့်ရန် မမေ့ဖို့လည်း သတိပေးစေချင်ပါတယ်။ (၈) မှတ်တန်မေခွန်းတွေ လေ့လာရာမှာ မေးခွန်းကို
သေသေချာ ဖတ်ပါ။ ဓာတ်ပြုခြင်း သဘောတရားကို လေ့လာပါ။ ပေးထားချက်တွေနဲ့
မေးထားချက်တွေကိုလည်း သိအောင်လုပ်ပါ။ တွက်ရာမှာလည်း Mole Concept ကို
အခြေခံထား စဉ်းစားပါ။ Molarity ရဲ့ Equation ရေးရာမှာ အတိုကောက်မသုံးပါနဲ့။ Word စကားလုံးကို သုံးပါ။ ဥပမာ ရောခြင်းမှာလွဲလို့ Mလိုမရေးဘဲ Molarity. vol
သို့မဟုတ် V လို့မရေးဘဲ Volume (dm3) သို့မဟုတ် Volume (cm3) of Solution ဟု
ရေးပေးပါ။
Chapter(4) ပြောရင် Conductor, Non-Conductor (insulator), Electrolyte နှင့် Non-Electrolyte တွေကို ခွဲခြားတတ်အောင် လေ့ကျင့် ထား။ သတ္တုတွေအများထဲက Silver, Copper, Gold, Aluminum တို့ဟာ လျှပ်စစ်စီးအကောင်းဆုံးဖြစ်တာကို
သိရမယ်။ Electrolysis လေ့လာရာမှာ Molten နဲ့ Aqueous Solution ကိုခွဲခြားနိုင်ဖို့
လိုပါတယ်။ Electrolytic Cell နဲ့ Volume တိုင်းကိရိယာ Hoffmann's voltameter များ ဆွဲတတ်ရန်ဖြစ်ပါတယ်။ Electrolysis လေ့လာရာမှာ 1. Electrolyte ရဲ့ အမည်။
2. အသုံးပြုသော Electrodes အမျိုးအစားကို သေသေချာလေ့လာပြီး 1. Electrolytic Cell ပုံဆွဲတတ်ရန်။ 2. ပါဝင်သော Icons များကို သိရပါမယ်။ ၃. လျှပ်စစ်စီးဆင်းသောအခါ ဘယ် Icons များက ဘယ် E;ectrpdeရွှေ့သလည်းပေါ့။ ဥပမာ Saturated aqueous sodium chloride using platinum electrodes ဆိုပါတော့။ ပါဝင်သော Icon များက Na+ . Cl-. H+ နှင့် OH- တို့ဖြစ်တယ်။ လျှပ်စစ်စီးတဲ့အခါ NA+ နှင့် H+ သည် Cathode ကိုရွှေ့ပြီး Cl- နှင့် OH-သည် Anode ကိုရွှေ့တယ် ဆိုတာသိပါ။ 4. အရေးကြီးဆုံးဖြစ်ပါ တယ်။ အခဲအရည်ပျော်သည့်အခြေအနေ (Molten State) တွင် အပူကြောင့်
အရည်ပျော်သောကြောင့် ပါဝင်သော Cation နှင့် Anion သည်လည်းတစ်ခုစီ ဖြစ်လို့
လျှပ်တိုင်တွေ (Electrode) မှာ လျှပ်စစ်မဲ့ပြန်ဖြစ်ခြင်း၊ Discharged ကိုရွေးစရာ မလိုပေမဲ့ ရေမှာပျော်တဲ့ ပျော်ရည် (Aqueous Solution) ဆိုရင် ရေပါဝင်တာကြောင့် ရေရဲ့ Icons တွေဖြစ်တဲ့ H+ နှင့် OH- ကိုထည့်သွင်းတဲ့အခါ Cation သို့မဟုတ် Anion ဟာအနည်းဆုံး နှစ်ခုထက် ပိုလာပါမယ်။ အဲဒီအခါ Selective မှာပါတဲ့ Position of the Metal or Group in the Electrochemical Series, Concentration နှင့် Nature of Electrodeတစ်ချက်ချင်း နားလည်းထားမှ Discharged Ion တွေကို မှန်မှန်ကန်ကန် ရွေးနိုင်မယ်။ အဲဒီလို
ရွေးချယ်နိုင်ရင် 5. Reaction of Electrodes နှင့် 6. Net Result သို့မဟုတ် Electrode Product များကိုမှန်မှန်ကန်ကန် ဖြေဆိုနိုင်မှာပါ။ အလွတ်မျက်စိမှိတ်ကျက်စရာမလိုပါ။ Chapter (4)နဲ့ ပတ်သက်လျှင် Chemical Cell ကို မေ့နေကြတယ်။ စာကျက်ရင်လည်း Reaction at Zinc Plate နဲ့ Copper Plate အပြင် Plate တွေ ဘာကြောင့်ဖြစ်သလဲကို Electrode Potential Voltage ပါတဲ့ Electrochemical Series နဲ့ Concept မိမိလေ့လာရင် လွယ်ကူစွာ ဖြေနိုင်ပါလိမ့်မယ်။Faraday's first law နှင့် second law ပုစ္ဆာတွေကို ဖြေရှင်းဖို့ Ionic Equationနဲ့အတူလေ့ကျင့်ထားပါ။ သတ္တု အရည်စိမ် ခြင်းကလည်း စာအတွက် သာမဟုတ်ဘဲ ရွှေရည်စိမ်လုပ်ငန်း၊ ငွေရည်စိမ်လုပ်ငန်းအတွက်ပါ အရေးကြီးတဲ့ Electroplating နှစ်ခုဖြစ်တဲ့ Silver Plating နဲ့ Chromium Plating ကို နိုင်းယှဉ်လေ့ကျင့်ထားပါ။
Chapter(5) ဟာ ဓာတ်တိုးဓာတ်လျှော့ Oxidation နဲ့ EReduction အဓိပ္ပါယ် အမျိုးမျိုးကို ကျက်မှတ်ထားပါ။ ဒီအခန်း၏ အနှစ်ဖြစ်တဲ့ Oxidation Rule သို့မဟုတ် Oxidation State 6 ခုကို သိကိုသိရပါမယ်။ ဒါမှ Equation တွေကို ညှိလို့ရမယ်။ ဆိုလိုတာက Element
တွေရဲ့ Oxidation Number ကို မသိရင် Equation ကို ညှိလို့ရမှာ မဟုတ်ပါ။ Balancing လုပ်ရာမှာ Method နှစ်မျိုးရှိလို့ နှစ်မျိုးလုံးကို ကျွမ်းကျွမ်းကျင်ကျင်
ညှိတတ်အောင်လေ့ကျင့်ထားဖို့လိုပါတယ်။
Chapter (6) ဟာ Rate of Reaction နဲ့ Equilibria လို့ နှစ်ပိုင်းပါပါတယ်။ Rate of Reaction နဲ့ပတ်သက်တဲ့ Definition အပြင် Mg နှင့် HCl တို့ဓာတ်ပြုတာကြောင့် Rate နဲ့ပတ်သက်တဲ့ မေးခွန်းတွေ လေ့လာပါ။ နောက်Rate of Reaction ကို လွှမ်းမိုးတဲ့
အချက် ၆ ချက်ကို တစ်ချက်ခြင်း အသေးစိတ်လေ့လာထားပါ။ Equilibrium နဲ့ ပတ်သက်တဲ့ Effect of Temperature, Effect of Pressure နဲ့ Effect of Concentration တွေဟာ မျှခြေအပေါ်လွှမ်းမိုးခြင်းကို Le Chatelier's principle နဲ့ ဘယ်လိုဖြေရှင်းရတာကို
ရောထွေးမှုမရှိဘဲ Concept မိမိလေ့လာထားရင် ဖြေရှင်းနိုင်ပါမယ်။
Chatper (7) ကတောာ့ ကျောင်းသားကျောင်းသူများ အကြိုက်ဆုံးအခန်းပါ။
လွယ်တယ်ပေါ့။ ဒါပေမဲ့ လွယ်တယ်ထင်ပေမဲ့ ရာခိုင်နူန်းတစ်ဝက် ကျောင်းသား ကျောင်းသူများ အမှတ်ပြည့်မရကြပါ။ အမှတ်ပြည့်ရလိုရင် Combustion နှင့် Formation Equation မှန်ရပါမယ်။ State ပါရမယ်။ မှန်ရပါမယ်။ Heat Change ပါရပါမယ်။ kJmol-1 ပါ
ရပါမယ်။ တွက်တဲ့အခါ ဘယ်တန်းဘိုးနဲ့ မြှောက်ရင်သော်လည်ကောင်း ပြောင်းပြန်လှန်
ရင်သော်လည်းကောင်း per mole ကို ဖြုတ်ပေးရမယ်။ နောက်တစ်ခုက Heat Change နဲ့ အရာဝထ္တုတွေရဲ့ ပမာဏကိုရှာတဲ့ မေးခွန်းတွေကိုလည်း လေ့လာထားဖို့လိုပါတယ်။
Chapter 8-9-10-11 နှင့် 12 ကိုတော့ အသေးစိတ်မပြောတော့ပါဘူး။ သို့သော်
အမှတ်ပြည့်ရလိုရင် အဲဒီအခန်းက objective နှင့် (၂)မှတ်တန် equation တွေကို
လေ့ကျင့်ဖို့လိုပါတယ်။ ဒါအပြင် extraction နှင့် manufacture တို့၏ process များ laboratory preparation တွေကို ကျက်မှတ်ထားဖို့ဖြစ်ပါတယ်။
Chapter (13) Acid, Base and their Neutralization ဖြစ်ပါတယ်။ ဒီအခန်းကလည်း (၈)မှတ်တန်အတွက် ကျောင်းသားကျောင်းသူတွေ အားထားတဲ့အခန်းလည်းဖြစ်ပါတယ်။ လွယ်ကူတဲ့အခန်းဖြစ်ပေမဲ့ ကျောင်းသားကျောင်းသူတွေ ပေါ့ပေါ့မထားသင့်ပါ။ လွယ်ရင် မှားလွယ် တယ်တာကိုလည်း သတိပြု ရမယ်။ ဒါကြောင့် pH နှင့်ပတ်သက်တဲ့ပုစ္ဆာတွေ
Ka, pKa နဲ့ Compare Acid Strength ပတ်သက်တဲ့ ပုစ္ဆာတွေနဲ့ Buffer ပုစ္ဆာတွေကို
တစ်ကြိမ်လောက် ပြန်လေ့ကျင့်ထားပါ။ ဒါအပြင် Salt လေးမျိုးနဲ့ Buffer Solution နှစ်မျိုး အကျိုးကြောင်းပြ မေးခွန်းတွေကို အလွတ်မကျက်ဘဲ သဘောတရားကို နားလည်းပြီး
ရေးကျက်မှသာ ဒီအခန်းကို အမှတ်ပြည့်ရမှာပါ။
Chapter (14) Organic Chemistry ဖြစ်ပါတယ်။ ဒီအခန်းကို ကျောင်းသားကျောင်းသူများ ရှောင်ကြတာ တွေ့ရတယ်။ တချို့ဆို လုံးဝမသင် ကြတော့ပါ။ Organic လေ့လာရင် General Formula. Type of Bond (Single, Double, Triple), Type of Hydrocarbon ကို သိရ မယ်။ အဲဒီကတစ်ဆင့် Molecular Formulae, Graphic Formulae, Structure Formulae နှင့် Isomers တွေကို သိရမယ်။ ပြီးရင် Trivial နှင့် IUPAC System အမည်ပေးစနစ်တွေကို နာမည်တွေ ပေးတတ်အောင် လေ့လာပါ။
အဲဒီအခါမှ Alkane, Alkene, Alkyne နဲ့ Alcohol တို့ရဲ့ Preparation နှင့် Chemical Properties (reaction) ကို လေ့လာနိုင်မှာပါ။ အဲဒီနောက် Petroleum အပိုင်းကို
ကျက်မှတ်ထားမယ် ဆိုရင် (၈) မှတ်တန် နှစ်ပုဒ်ကို ရွေးချယ်နိုင်ပါမယ်။
Chapter (15) Chemistry in Society ဖြစ်တဲ့အပြင် လူလောကနဲ့ ဓာတုဗေဒဘာသာ
ရပ်ဟာ ဘယ်လိုဆက်နွယ်နေတာကို လေ့လာရတဲ့အခန်း ဖြစ်ပါတယ်။ လူတွေနေ့တိုင်းစားသုံးနေတဲ့ ကောက်ပဲသီးနှံတွေ အထွက်တိုးဖို့ သုံးတဲ့ Fertilizer အကြောင်းသင်ရ
ပါမယ်။ အိမ်ဆောက်ဖို့ မရှိမဖြစ် Cement လို့ခေါ်တဲ့ ဘိလပ်မြေအကြောင်းကိုလည်း
ကျောင်းသားကျောင်းသူတွေ သိထားသင့်တဲ့ အပိုင်းဖြစ်ပါတယ်။ အိမ်သုံးဆား(Sodium Chloride salt) ထုတ်လုပ်နည်း နှစ် နည်းကလည်း ပင်လယ်ကမ်းရိုးတန်းနား မှာရှိတဲ့
ကျောင်းသားကျောင်းသူတွေ သိပေမဲ့ ပင်လယ်နဲ့ ဝေးလံတဲ့ မြေပြန့်ဒေသနဲ့ တောင်ပေါ်
ဒေသက ကျောင်းသားကျောင်းသူတွေကို ဗဟုတုတတိုးစေပါတယ်။ နောက်ဆုံးအပိုင်းဖြစ်တဲ့ Polymer and Plastic ကလည်း လူမှုစီးပွားရေးမှာ မရှိမဖြစ်မဟုတ်လား။ ခုခေတ်မှာ ကျွန်တော်တို့ဝန်းကျင်မှာ နေ့စဉ်မြင်နေရတဲ့ အသုံးအဆောင် ပစ္စည်းတွေက plasticတွေ
မဟုတ်လား။ ဒါကြောင့် plastic နဲ့ polymer သိထားရမဲ့အပြင် ကျောင်းသား
ကျောင်းသူတွေနေ့စဉ် သန့်ရှင့်းဖို့ ဆပ်ပြာ (Soap) နဲ့ ဆပ်ပြာမဟုတ်တဲ့ ဆပ်ပြာ (Soapless Detergent) အကြောင်းတွေ လေ့လာထားဖို့ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment