Saturday, February 20, 2016

အမေသိပါစေလေ (ရေးသားသူ သမီး အေးမွန်) +++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++

အမေသိပါစေလေ  (ရေးသားသူ သမီး အေးမွန်)
+++++++++++++++++++++++++++++++++
++++++++++++++++++++++++++++++++

အမေရေ .. နေပြည်တော်မှာပဲ မြန်မာနိုင်ငံကြီးအတွက် … စိတ်ရောကိုယ်ပါ နှစ်ပီး .. ကျိုးစားမနေပါနဲ့ … သမီးတို့ အဖွဲ့ချုပ်မှာ .. ပါတီအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကို .. ဖြေရှင်းပေးပါဦးအမေ .. သမီးတို့ လက်အောက် ပါတီအဖွဲ့ဝင်တွေ .. အနှိမ်ခံ အချိုးနှိမ်ခံနေရတာတွေကို ဖြေရှင်းပေးပါဦး အမေရယ် .. အမေသိလား အမေ .. သမီးတို့လို မျက်နှာငယ် ပါတီဝင်တွေ တောင်မကဘူး .. ဘဘကြီး ဦးတင်ဦးတောင် … အမေ့အနားမှာ တစ်လောကလုံး လူမထင်တော့တဲ့ အန်ကယ်ဦးဝင်းထိန်က .. ကျွန်တော်တွဲဘက် နာယက နေရာယူလိုက်တော့မယ် .. အဘ က နားရတော့မယ်ဆိုတော့ .. နောက်ကျွန်တော်ပဲ လုပ်လိုက်မယ်ဆိုပီး .. နေရာလုလို့ .. မင်းပဲ လုပ်လိုက်ပါတော့ကွာဆိုပီး .. ဘဘကြီး ဦးတင်ဦး မျက်ရည်ကျခဲ့ စိတ်မကောင်း ဖြစ်ခဲ့ရတယ် အမေ .. သူ ပြောတုန်းက အန်ကယ် ဦးစိုးဝင်းတို့လည်း ရှိပါတယ် အမေ .. တစ်ခြားလူတွေလည်း ရှိပါတယ် ..

ဒီလို ပါတီ အောင်မြင်မှုရချိန်မှာ .. အနစ်နာခံပြီးအတူတကွ တိုက်ပွဲဝင်ခဲ့တဲ့လူတွေကို .. နေရာဖယ်ထုတ်ဖို့ ကြိုးစားနေတာ မဖြစ်သင့်ပါဘူးအမေ .. ရှိသေးတယ် အမေ .. အမေရေ ဖြစ်သင့်တယ်ထင်လားဟင် … ဒေါက်တာမျိုးအောင် အမျိုးသမီး အမကြီး ခင်စောမူက ပါတီရုံးချုပ်မှာ နားဖောက်ဖို့ လေဆာသေနတ်သမားကို ခေါ်လာတယ် အမေ .. ဒေါက်တာက အစိုးရ တာဝန်လွှဲယူတဲ့ အချိန်ကြရင် နေပြည်တော်ကို သွားရင် စိန်နားကပ်ပန်ဖို့တဲ့ ….အနားမှာလည်း ဒေါ်လဲ့လဲ့တို့ ဒေါ်မြင့်မြင့်စိန်တို့နဲ့ တရုန်းရုန်းပေါ့ … အမေရယ် .. အစ်မ တင်မာအောင်နေရာမှာ အမေတာဝန်ပေးတဲ့ မိုးဇော်ဦးက ဒီလှိုင်းဂျာနယ်တိုက် ငွေတွေကို အလွဲသုံးစားလုပ်နေတဲ့ သက်နိုင်ဦးရဲ့ အစ်ကိုလေ အမေ .. မိုးဇော်ဦးက ပါတီသတင်းတွေကို အယ်လ်ဂျား ဇီးယားကို ရောင်းစားနေတယ်ဆိုတာ .. အားလုံးအသိပါအမေရယ် .. ဒီလို လူကို ရုံးတာဝန်ခံ နေရာခန့်ဖို့ အမေ့ကို ဘယ်သူ အကြံပေးတာလည်းအမေ .. သမီးရင်နာလွန်းလို့ပါအမေရယ် ..

ဘဘ ဦးအုန်းကြိုင်နဲ့ သက်နိုင်ဦးတို့ ကိစ္စကို .. ပါတီရုံးချုပ်ကလူတွေ အကုန်လုံးအသိပါအမေ … အန်ကယ် ဦးဝင်းထိန်နဲ့ ဘဘဦးအုန်းကြိုင်တို့ရဲ့ ရင်းနှီးမှုကို အမေ မသိဘူးလားအမေ .. အန်ကယ်ဦးဝင်းထိန်ရဲ့ လူရင်း မောင်မောင်ဦး ကို ဘယ်သူက သိန်း ၁၀၀ ပေးပီး လွှတ်တော်ကိုယ် စားလှယ်ထဲ ပါလာရလည်းဆိုတာ .. သမီးတို့ ဘယ်သူ့ကို ပြောရမှာလည်း အမေ … အမေက လွှတ်တော်ကိုယ်စားလှယ်တွေကို .. စီးပွားရေး သမားတွေနဲ့ ကင်းရှင်းဖို့မှာထားပေမယ့်..ကိုဖြိုးမင်းသိန်း ရန်ကုန်ကိုယ် စားလှယ်တွေကို စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ လိုက်မိတ်ဆက်ပေးနေ တယ်အမေ .. ဦးကြည်တိုးနဲ့ ရန်ကုန်က လူကြီးတွေ အဆင်မပြေဖြစ်နေပီ အမေ .. ဦးကြည်တိုးလုပ်ချင်ရာလုပ်နေတာ အမေ့အားကိုးနဲ့လား အမေ .. အန်တီမေ၀င်းမြင့် ရွေးတဲ့လူတွေနဲ့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေနေ ရာရဖို့ ဘာတွေပေးရလည်း ဆိုတာ သမီးတို့အားလုံး အသိပါ အမေ .. . သမီးတို့ ရန်ကုန်တင်ပဲလား အမေ .. စစ်ကိုင်းတိုင်းမှာ ကျောက်စိမ်းဘုရား ၅ ဆူလက်ဆောင်ပေးပီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတဲ့လူတွေရှိတယ်အမေ … အမေရေ .. နောက်ဆုံး အမေ့ လက်ရုံး အန်ကယ် ဦးဝင်းထိန်ကိုယ်တိုင် သူစီးနေတဲ့ကားက ဘယ်နိုင်ငံက ချစ်ကြည်ရေး ကိုယ်စားလှယ်က ပေးထားတဲ့ ကားလည်းဆိုတာကအစ ပါတီတစ်ခုလုံးသိနေတယ် အမေ … ပါတီကို တစ်ချက်လေးပြန်ငဲ့ကြည့်ပီး ထိန်းကျောင်း ပေးပါဦးအမေ .. သမီးတို့လို ပါတီအောက်ခြေ မျက်နှာမွဲ တွေကို ပြန်စောင့်ရှောက်ပါဦးအမေ …..

အေးမွန်

No comments: