မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 11, 2016
ဇီကာဗိုင်းရပ်စ်ကုသမှုလမ်းညွှန် မကြာမီရေးဆွဲမည်
ဇီကာဗိုင်းရပ်စ်ကုသမှုလမ်းညွှန် မကြာမီရေးဆွဲမည်
Thursday, February 11, 2016
ဇီကာဗိုင်းရပ်စ်နှင့်ပတ် သက်၍ ကုသမှုလမ်းညွှန်ချက်ကို ယခုလ ၁၃ ရက်၌ ရေးဆွဲမည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ သတင်းရရှိသည်။
အဆိုပါကုသမှု လမ်းညွှန် ချက်ကို ရန်ကုန်မြို့ သူနာပြုတက္က သိုလ်တွင် ပညာရှင်များပါဝင်ရေး ဆွဲမည်ဖြစ်ပြီး ရေးဆွဲပြီးပါကလုပ် ငန်းစဉ်များ ချမှတ်ဆောင်ရွက် မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ကူးစက်ရောဂါကာ ကွယ်နှိမ်နင်းရေးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာသန်းထွန်း အောင်ကပြောသည်။
‘‘ဒီ ၁၃ ရက်နေ့ပြီးရင်တော့ ဂိုက်လိုင်းထွက်လာမှာပါ။ အခုက မထွက်သေးတော့ ကျွန်တော်တို့ က သဘောတူညီချက်စောင့်နေ တာပေါ့။ ပြီးရင်တော့ အားလုံး ကုသမယ်ဆိုတဲ့ ပုံစံနဲ့ပဲ သွားတော့ မှာ။ ကုသတာရော၊ ကာကွယ် တာရော၊ ပညာပေးတာရော ပါ မယ်။ ဇီကာအကြောင်းကို ကိုယ့် လူထုအတွက် ဘာတွေပြင်ဆင်မ လဲဆိုတာ သိအောင်လုပ်မယ့် ပညာရှင်တွေ အားလုံးပါဝင်တဲ့ အစည်းအဝေးပွဲကြီးဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။
လက်ရှိတွင် ကုသမှုလမ်း ညွှန်မရှိသေးသဖြင့် လိုအပ်သော ရောဂါရှာဖွေရေးစက်များ ၀ယ်ယူ ခြင်းများကိုသာ ပြင်ဆင်ထားပြီး အဆိုပါကုသမှုလမ်းညွှန်ချက်ရေး ဆွဲပြီးပါက ရောဂါကာကွယ်နှိမ် နင်းရေးလုပ်ငန်းများကို ယခုလ အတွင်း ဆောင်ရွက်နိုင်ရန် စီစဉ် ထားကြောင်းသိရသည်။
‘‘ရောဂါရှာဖွေရေးစက်တွေ မှာထားပါပြီ။ လေဆိပ်ရေဆိပ်မှာ ရှိတဲ့ ခြင်တွေကို ရှာဖို့ရှိတယ်။ ခြင်နှိမ်နင်းရေး ရက်သတ္တပတ် ကျင်းပမယ်။ လိုအပ်တဲ့ သုတေ သနလုပ်ငန်းတွေ လုပ်မယ်။ စာ တမ်းဖတ်ပွဲတွေလုပ်မယ်။ ဗဟို အမျိုးသမီးဆေးရုံလို ဆေးရုံတွေ မှာ ဆာဗေးလုပ်မယ်။ ကိုယ်ဝန် ဆောင်အတွက်ဆို ကိုယ်ဝန် ဆောင်အတွက်ဂိုက်လိုင်းပေါ့။ အဲဒီဂိုက်လိုင်းချပြီးရင်တော့ လုပ် ရမယ့်ဟာတွေရှိတယ်’’ဟု ဒေါက် တာသန်းထွန်းအောင်က ဆက် လက်ပြောကြားသည်။
ဇီကာဗိုင်းရပ်စ်သည် အေး ဒိစ်အီဂျစ်ပတိုင်း (Aedes Aegypti) ဟုခေါ်သည့် နေ၀င်ချိန် နှင့် နံနက်အိပ်ရာထချိန်၌ ကိုက် တတ်သောခြင်ကြောင့် ကူးစက်ခံ ရခြင်းဖြစ်သည်။ ရောဂါလက္ခဏာ များမှာ ရုတ်တရက်ဖျားခြင်း၊အရေ ပြားတွင် အနီရောင်အကွက်၊ အ စက်များထွက်ခြင်း၊ မျက်သားနီ၍ ရောင်ရမ်းခြင်း၊ ကြွက်သားနှင့် အ ဆစ်အမြစ်များ နာကျင်ကိုက်ခဲ ခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်း ကိုက်ခြင်း စသည်တို့ဖြစ်ကာယင်း လက္ခဏာများကို နှစ်ရက်မှ ခုနစ် ရက်အထိ ခံစားရလေ့ရှိသည်။ ယင်းရောဂါပိုးကူးစက်ခံရသူ ငါးဦး လျှင် လေးဦးမှာ ရောဂါလက္ခဏာ ပြလေ့မရှိကြောင်း ဆရာဝန်ကြီး အချို့ကပြောသည်။
ယင်းရောဂါပိုးရှိသည့် မိခင် မှ မွေးဖွားလာသော ကလေးငယ် မှာ မွေးရာပါ ဦးခေါင်းသေးပြီး ၂၀၁၅ အောက်တိုဘာမှစ၍ ဘရာဇီးနိုင်ငံတွင် ဦးခေါင်းသေး ကလေးငယ်ဦးရေ ၄,၀၀၀ ရှိနေ ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ဇန်န၀ါရီ ၁၉ ရက် က ထိုင်းနိုင်ငံမှ ပြန်လာသည့် ခရီး သွားတစ်ဦး၌ အဆိုပါပိုးကူးစက်ခံ ရကြောင်းတွေ့ရှိရပြီး လက်ရှိတွင် တောင်နှင့်မြောက်အမေရိကနိုင်ငံ ပေါင်း ၂၀ ကျော်၌ ကူးစက်ပြန့်ပွား လျက်ရှိနေခြင်းကြောင့် ကမ္ဘာ့အ ရေးပေါ်အခြေအနေအဖြစ် ဇန်န ၀ါရီ ၂၉ ရက်က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)က ကြေညာထား သည်။လက်ရှိတွင် ယင်းပိုးကြောင့် သေဆုံးသူမရှိသေးသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ကာ ကွယ်ကုသရန်ဆေးလည်း မရှိ သေးကြောင်း (WHO)က သတင်း ထုတ်ပြန်ထားသည်။
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment