တနေ့က ဒေါက်တာတင့်ဆွေရဲ့..
ခြင်လည်း မသေစေ ...
လူလည်း အန္တရာယ်မဖြစ်စေဘဲ ...
၇ နာရီလောက် ခြင်မကိုက်တဲ့ ပိုစ့်ကြောင့်...
ဗုဒ္ဓဘာသာဝင်တွေပီပီ ...
ဖတ်မိတဲ့လူတွေ တော်တော်များများ စမ်းသပ်နေကြလို့...
ကျွန်တော်အမေလည်း ဟုတ်လိုဟုတ်ငြား စမ်းသပ်ဖို့
ဗီတာမင် ဘီဝမ်းဆေးပြားဝယ်မိတာ ..
ဆေးဆိုင်က အရောင်းစာရေးမလေးတွေက ပြုံးဖြီးဖြီးမျက်နှာပေးနဲ့
( အခုတလော တော်တော်များများရောင်းရတယ် ထင်ပါရဲ့...။)
အရင် ကျပ်၅၀၀ တန် ဆေးဗူးကို
အခု ၈၀၀ ကျပ်နဲ့ ရောင်းလိုက်ပါသတဲ့...။
( ဂွင်ပေါ့လေ...။)
အိမ်ရောက်တော့ စမ်းသပ်ကြည့်တာ
ခြင်က မကြောက်တဲ့အပြင်
အဲ့ဒီရေခွက်ပေါ်တောင် လာနားနေလို့
မောင်းထုတ်ရပါတယ်...။
ပိုသေချာအောင် အဲ့ဒီဆေးရေကို
ခြေလက်သုတ်လိမ်းပြီးပြန်တော့
ခြင်ကလာကိုက်နေတာပါဘဲ...။
ကိုယ်တွေ့ပါ...။
အဲ့ဒီတော့ မဝယ်ကြပါနဲ့ ...။
အလုပ်မဖြစ်ကြောင်း ပြောပြရင်း...
မြန်မာလူမျိုးတချို့ရဲ့
စိတ်ဓာတ်လေးတွေအတွက်
ဒီပိုစ့်ကိုရေးမိပါတယ်...။
--------------------
လူမျိုးတိုင်း…နိုင်ငံတိုင်းမှာ…
ကောင်းတဲ့ အမူအကျင့် စိတ်ဓာတ်တွေ...
ရှိကြပါတယ်…။
ကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများက…
ဒီလိုကောင်းမြတ်တဲ့ စိတ်ဓာတ်တွေကိုတော့
အတုမယူနိုင်ကြဘဲ…
တိုင်းတစ်ပါးရောက်ဖူးတာနဲ့…
ကိုယ့်တိုင်းပြည် အထင်သေးစကားတွေပြောပြီး …
နှိပ်ချစော်ကားနေကြတာတွေ့တော့ …
ဝမ်းနည်း ခံပြင်းစရာကောင်းလှပါတယ်…။
တိုးတက်တဲ့ နိုင်ငံကြီးတွေက ....
လူမျိုးခြားတွေဟာ…
ဗုဒ္ဓဘာသာဝင် မဟုတ်ပေမဲ့…
သူတို့ရဲ့ အတွေး အမြင် အယူအဆ တော်တော်များများဟာ...
ဗုဒ္ဓရှင်တော် ဟောဖေါ်မိန့်ကြားခဲ့တာတွေနဲ့ …
တထပ်တည်းကြနေတာတွေဖြစ်နေလို့လည်း ...
သူတို့လူမျိုးတွေဟာ အစစအရာရာ
တိုးတက် ကြီးပွားနေကြတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး...။
အမေရိကားက မိတ်ဆွေတစ်ယောက်
ပြောပြတာလေး တစ်ခုပါ…။
အမေရိကားအလယ်ပိုင်းလောက်မှာ ပြီးခဲ့တဲ့ ငါးနှစ်လောက်က …
ကက်ထရီးနာ ( Katrina )…ဆိုတဲ့ ...
အင်အားကြီးမုန်တိုင်းတစ်ခုဝင်တုန်းက.…
အစိုးရ သတင်းဌာနတွေက ကြိုတင်သတိပေး
ပြင်ဆင်မှုတွေလုပ်ကြ..
ဆောင်ရန် ရှောင်ရန်တွေထုတ်ပြန်ကြ…
ဘေးလွတ်ရာတွေကို ရွေ့သင့်သူတွေရွေ့ကြ..
အရေးပေါ်လိုတဲ့ အစားအသောက်
သောက်ရေသန့် ဓာတ်မီး ဆေးဝါး စတာတွေ …
မုန်တိုင်းမလာခင် လူတွေ
အလုအယက်ဝယ်ကြပါသတဲ့…။
မုန်တိုင်းက ကြီးပေမဲ့ ကြိုတင် ကာကွယ်မှုတွေကြောင့် …
အသေအပျောက် များသင့်သလောက် မများခဲ့ပါဘူးတဲ့…။
ဒါလောက်အစိုးရက ကူညီပေးနေတာကိုတောင် ...
ကူညီမှုနှေးတာကို အကြောင်းပြပြီး …
သမ္မတ ဘုခ်ျလည်း အတော် အပြောခံခဲ့ရပါသတဲ့…။
အဲ့ဒီ မုန်တိုင်းနဲ့ မရှေးမနှောင်း...
နောက်မုန်တိုင်းကြီးတခုလာပြန်ပါရော...။
ထုံးစံအတိုင်း လူတွေ သတိပေးချက်အရ
ပြင်ဆင်ကြပြန်ပါရောတဲ့…။
အဲ့ဒီမှာ မြန်မာလူမျိုးတစ်ယောက်က…
မုန်တိုင်းဒဏ်ပြင်ဆင်ရင်း..
လိုအပ်တာဝယ်ဖို့ဆိုင်ကိုသွားတဲ့အခါမှာ …
ဆိုင်ရှင်နဲ့လည်း ရင်းနှီးနေတော့…
မေးခွန်းတစ်ခုကို စတဲ့သဘော
နောက်ပြောင်ပြီး မေးမိပါသတဲ့…။
"အရင်မုန်တိုင်းလာတုန်းက
ရောင်းကောင်းတဲ့ပစ္စည်းတွေ…
အခုတစ်ခေါက်လည်း
ထပ်ရောင်းရပြန်ပြီ…
သေချာပေါက်ရောင်းရမဲ့ဟာ.. .
ကိုယ့်ဂွင်ဘဲ…
ဘာလို့ဈေးမတင်ဘဲ
အရင်တစ်ခေါက် ဈေးနဲ့ရောင်းသလဲ"...လို့…
...ဆိုပြီးတော့
မြန်မာပြည်က တော်တော်များများရဲ့...
ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်နဲ့
မေးမိပါသတဲ့…။
အဲ့ဒီအခါမှာ ဆိုင်ရှင်က မျက်စိ့မျက်နှာပျက်နဲ့
ပြန်ဖြေလိုက်တာက…
"ဟာ ..မင်းမို့လို့ ပြောရက်တယ်…
လူတွေ ဒီလောက် ဒုက္ခရောက်နေတာကို…
ငါက အလကားတောင် ပေးသင့်တာ..…
ငါ မချမ်းသာလို့ တတ်နိုင်တဲ့ ဈေးနဲ့
ရောင်းပေးနေရတာတောင် စိတ်မကောင်းဘူး"…တဲ့ဗျားးး…
စိတ်ဓာတ်တွေက ဘယ့်လောက်...
မြင့်မြတ်လိုက်ပါသလဲ…။
မြန်မာပြည်မှာ နာဂစ်ဖြစ်တုန်းက ...
အစိုးရကလည်း အသုံးမကျသလို... တတ်နိုင်တဲ့ပြည်သူတွေကရော...
ဘယ်လောက်ထိ … ပံ့ပိုးကြပါသလဲ... ။အားလုံးကိုမဆိုလိုပါဘူး…။
ကုန်မာပစ္စည်း သံ သွပ် ရောင်းတဲ့ ကုလားတွေ ဈေး ဘယ်လိုတက်ရောင်းခဲ့တယ်…
ဆန်ကုန်သည်တွေ အကွက်ကောင်းဆိုပြီး ဆန်ဈေး အဆမတန်
ဈေးတက်ရောင်းခဲ့တာတွေက သက်သေပါ…။
စိတ်ဓာတ်တွေ အရင်မပြင်ဘဲ..
အစိုးရကိုဘဲ အပြစ်ပုံချနေတဲ့ ...
အကျင့်ဆိုးတွေအရင်ပြင်ရမှာပါ…။
ဒီမိုကရေစီတို့ …
လူ့အခွင့်အရေးတို့ဟာ လူသားဆန်တဲ့ …
လူစိတ်ရှိသူတွေအတွက်သာ သုံးဖို့သင့်ပါတယ်…။
လူစိတ်မရှိတဲ့…လူတွေက ...
ဒါကို တအားကြုံးအော်နေပြီး...
အစိုးရကိုသာ အပြစ်ပုံချနေရင်ဖြင့်
ဘယ်အစိုးရတက်တက်
ဆင်းရဲတွင်းနက်နေဦးမှာပါဘဲ....။
ဗုဒ္ဓဘာသာဝင်တို့ပီပီ...
ဗုဒ္ဓဟောကြား မြတ်တရားတော်များကို..
နာလည်း နာနိုင်ကြပါစေ...။
နာတဲ့အတိုင်း နားလည်နိုင်ကြပါစေ...။
နားလည်တဲ့အတိုင်း ကျင့်ကြံ ပွားများ
အားထုတ်နိုင်ကြပါစေ...။
No comments:
Post a Comment