Sunday, February 7, 2016

ရှမ်းနှင့် ရခိုင်မှလွဲ၍ တိုင်းနှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အမည် စာရင်းများထွက်

ရှမ်းနှင့် ရခိုင်မှလွဲ၍ တိုင်းနှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အမည် စာရင်းများထွက်

ပထမဆုံးအမျိုးသမီး လွှတ်တော်ဥက္ကဋ္ဌ တွေ့ရမည်

ရှမ်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့မှလွဲ၍ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌရာထူးများထွက်ပေါ်လာသည်။ ဒီချုပ်ပါတီမှ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား နေပြည်တော်၌ စီမံခန့်ခွဲရေးသင်တန်းဆင်းစဉ်ကပင် ပေးခဲ့သော ချိပ်ပိတ်စာများ ပြည်နယ်၊တိုင်းလွှတ်တော်များမစတင်မီ နှစ်ရက် အလိုတွင် အသီးသီးဖွင့်ဖောက် ခဲ့ရာမှ သိရခြင်းဖြစ်သည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်ပြည်နယ်တို့နှင့်စစ်ကိုင်း၊ တနင်္သာရီ၊ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာအများဆုံးအနိုင်ရ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်များကသာ လွှတ်တော်ဥ က္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌရာထူးများကို ရ ယူထားသည်။ ရှမ်းပြည်နယ်လွှတ် တော်ရွေးကောက်ပွဲများတွင် ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအ ဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးကနေရာအ များစုနိုင်ထားပြီး ဒီချုပ်က တတိ ယနေရာ၌သာရှိသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် လည်း ရခိုင်အမျိုးသားပါတီက ဒီ ချုပ်ထက်ပိုမိုပြီး နေရာအများဆုံး နိုင်ထားသည်။

ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ်ဗန်းမော် (၂)မှ ဦးထွန်းတင်၊ ဒုဥက္ကဋ္ဌအဖြစ် ပူတာအိုမဲဆန္ဒနယ်(၂)မှ ဦးဒိန်ခန်ဖုန်၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရှားတောမဲဆန္ဒနယ်(၂)မှ ဦးလှထွေး၊  ဒုဥက္ကဋ္ဌအဖြစ် လွိုင်ကော်မဲဆန္ဒနယ်(၂)မှ ဦးတင်မြင့်၊ ချင်းပြည်နယ်လွှတ် တော်ဥက္ကဋ္ဌအဖြစ် ဟားခါးမဲဆန္ဒနယ်(၁)မှ ဦးဇိုဘွဲ၊ ဒုဥက္ကဋ္ဌအဖြစ် မင်းတပ်မဲဆန္ဒနယ်(၁)မှ ဦးအောင်သန်း၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်လှိုင်းဘွဲ မဲဆန္ဒနယ်(၂)မှ ဦးစောချစ်ခင်၊ ဒုဥက္ကဋ္ဌအဖြစ် ကော့ကရိတ်မဲဆန္ဒနယ်(၁)မှ ဒေါ်နန်းသူဇာဝင်း၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် သံဖြူဇရပ်(၁)မှ ဒေါ်တင်အိ၊ ဒုဥက္ကဋ္ဌအဖြစ် ဘီးလင်းမဲဆန္ဒနယ်(၂)မှ ဦးမင်းမင်းဦးတို့အား ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်တင်အိသည် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပါက ပထမဆုံးအမျိုးသမီး လွှတ်တော်ဥက္ကဋ္ဌဖြစ်လာမည်ဖြစ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကသာမဲဆန္ဒနယ်(၁)မှ ဦးသန်း၊ ဒုဥက္ကဋ္ဌအဖြစ်အင်းတော်မဲဆန္ဒနယ်(၁)မှ ဦးဘိုးသန့်ညွန့်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌအဖြစ် ထားဝယ်မဲဆန္ဒနယ်(၁)မှ ဦးခင် မောင်အေး၊ ဒုဥက္ကဋ္ဌအဖြစ် ရေဖြူ မဲဆန္ဒနယ်(၂)မှ ဦးကြည်စိုး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ်လက်ပံတန်းမဲဆန္ဒနယ်(၁)မှ ဦးခင်မောင်ရင်၊ ဒုဥက္ကဋ္ဌအဖြစ် ကျောက်တံခါးမဲဆန္ဒနယ်(၂)မှ ဦးကြည်ဇင်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် စလင်းမဲဆန္ဒနယ်(၂)မှ ဦးတာ၊ ဒုဥက္ကဋ္ဌအဖြစ် မြို့သစ်မဲဆန္ဒနယ်(၂)မှ ဦးဇော်မျိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ပုသိမ်ကြီးမဲဆန္ဒနယ်(၁)မှ ဦးအောင်ကျော်ဦး၊ ဒုဥက္ကဋ္ဌအဖြစ် ပြင်ဦးလွင်မဲဆန္ဒနယ်(၂)မှ ဒေါက်တာခင်မောင်ဌေးတို့အား ခန့်အပ်မည်ဖြစ်ကြောင်းသိရသည်။

       ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒဂုံမဲဆန္ဒနယ်(၁)မှ ဦးတင်မောင်ထွန်း၊ ဒုဥက္ကဋ္ဌအဖြစ် ကမာရွတ်မဲဆန္ဒနယ်(၂)မှ ဦးလင်းနိုင်မြင့်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ် အင်္ဂပူ မဲဆန္ဒနယ်(၂)မှ ဦးအောင်ကျော်ခိုင်၊ ဒုဥက္ကဋ္ဌအဖြစ် ဘိုကလေး မဲဆန္ဒနယ်(၂)မှ ဦးစံမင်းအောင်တို့ကို ခန့်အပ်မည်ဖြစ် ကြောင်းသိရသည်။

No comments: