Tuesday, February 16, 2016

ဖားကန့် ကျောက်စိမ်းတွင်းဒေသ ဆန္ဒဖော်ထုတ်မှု သပိတ်စခန်း များဖြစ်သည့် ဆိုင်းတောင် ၊စပေါ့ ၊ လုံးခင်း ကျေးရွာမှ ယာယီသပိတ်စခန်းများအား သက်ဆိုင်ရာ ကုမ္မဏီများနှင့် ညှိနှိုင်းဆွေးနွေးရန် ယနေ့ ၁၅.၂.၂၀၁၆ နေ့ ညနေ ၃:၀၀ တွင် ယာယီရပ်ဆိုင်းလိုက်ပါသည် ။

ဖားကန့် ကျောက်စိမ်းတွင်းဒေသ
ဆန္ဒဖော်ထုတ်မှု သပိတ်စခန်း များဖြစ်သည့် ဆိုင်းတောင် ၊စပေါ့ ၊ လုံးခင်း ကျေးရွာမှ ယာယီသပိတ်စခန်းများအား သက်ဆိုင်ရာ ကုမ္မဏီများနှင့် ညှိနှိုင်းဆွေးနွေးရန် ယနေ့ ၁၅.၂.၂၀၁၆ နေ့ ညနေ ၃:၀၀ တွင် ယာယီရပ်ဆိုင်းလိုက်ပါသည် ။

ညှိနှိုင်းမှုများ အဆင်မပြေပါက ဆက်လက်ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ပြီး သပိတ်စခန်းဖွင့်လစ်ထားသော ယာယီသပိတ်စခန်းများအား ဖျက်သိမ်းခြင်းမပြုသေးပဲ ဆက်လက်ထားရှိဆဲ ဖြစ်ပါသည် ။

ပထမအကြိမ် ဆန္ဒဖော်ထုတ်စဉ်က နှစ်ဘက်သဘောတူ ချုပ်ဆိုထားသော  စာချုပ်ပါ သဘောတူညီမှု အချက်များကို ဒေသအာဏာပိုင်များနှင့် ရပ်မိရပ်ဖများ ရှေ့မှောက်တွင် ကျောက်တူးဖော်ရေး ကုမ္မဏီ (၁၂) ခုနှင့် ချုပ်ဆိုခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်သူ ဦးအောင်ဘား မှ ပြောခဲ့ပါသည် ။ “ ကုမ္မတွေဘက်က စာချုပ်မှာ သဘောတူထားတာတွေထဲက (၃)ချက်ပဲ လုပ်ပေးတယ် ။ ကျန်တာတွေ ဘာတစ်ခုမှ လုပ်မပေးဘူး ။ဒေသအာဏာပိုင်တွေကလဲ ကုမ္မဏီတွေကို ဘာမှလုပ်အောင်ပြောပေးတာ မရှိဘူး ။ သူတို့ကလည်း ကုမ္မဏီတွေဘက်က ပဲပါနေတယ် ” ရွာဟောင်းကျေးရွာ ခရစ်ယာန် အသင်းတော်မှ ဖာသာ ဦးဝါဘော်လွန်းထောင်း မှ ပြောကြားခဲ့ပါသည် ။

  ညှိနှိုင်းဆွေးနွေးမှုများကို ၁၆.၂.၂၀၁၆ နေ့ နံက် ၁၀:၃၀တွင် ဆိပ်မူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ ၊ လုံးခင်းကျေးရွာမှ ဆန္ဒဖော်ထုတ်သူများနှင့်လည်း လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆက်လက်ညှိနှိုင်းသွားမည်ဟု သိရသည် ။

No comments: