Thursday, February 4, 2016

လိပ်ခေါင်းရောဂါပျောက်သည့် ဆေးနည်း

လိပ်ခေါင်းရောဂါပျောက်သည့် ဆေးနည်း လိပ်ခေါင်းရောဂါဟာ လူအတော်များများဖြစ်နေကြပြီး လူအသိမခံကြပေမယ့် အတော်ကိုနေရထိုင်ရခက်တဲ့ တိတ်တိတ်ပုန်းရောဂါတစ်မျိုးပါပဲ။ မေးလာကြတဲ့ ဆေးနည်းတွေထဲမှာလည်း လိပ်ခေါင်းေ်ဆးနည်းဟာ အများဆုံးပါဝင်နေပါတယ်။ လိပ်ခေါင်းဖြစ်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ၀မ်းချုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးပြီး အထိုင်များခြင်း၊ အ၀လွန်ခြင်း၊ အစားအသောက်မရှောင်ခြင်း စတာတွေကြောင့်ပါပဲ။ ဆရာဝန်ကြီးတွေရေးထားတဲ့ လိပ်ခေါင်းအကြောင်းအပြည့်အစုံနဲ့ ရှောင်ရန်၊ ဆောင်ရန်တို့ကို နောက်ပို့စ်တစ်ခုမှာ တင်ပေးပါမယ်။ ဒီပို့စ်မှာတော့ ဆေးနည်းကိုသာ ဦးစားပေးဖော်ပြပါမယ်။ ဆေးရုံဆေးခန်းပြသဖို့ အခက်အခဲရှိသူများအတွက် လက်တွေ့ပျောက်ကင်းစေမယ့် အစွမ်းထက်တိုင်းရင်းဆေးတစ်မျိုးကို ညွန်ပေးလိုက်ပါတယ်။ ဆေးပင်ရဲ့အမည်ကတော့ အင်္ကောလဟုခေါ်ပြီး ရုက္ခဗေဒအမည်ကတော့ Alangium Lamarckii လို့ခေါ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိပါတယ်။ ဆေးပင်ကို သေချာလေ့လာကြည့်လိုလျှင် Google Image မှာ အဲဒီနာမည်နဲ့ ရှာကြည့်လျှင် ပုံများကို ရှင်းလင်းစွာ မြင်ရပါမယ်။ ဆေးနည်း (၁) အင်္ကောလအရွက်ခြောက်ကို အကျွမ်းလှော်၍ ပြာကဲ့သို့ဖြစ်အောင် အမှုန့်ချေထားပါ။ (၂) အင်္ကောလပြာ ၁ ပဲသား၊ ငရုတ်ကောင်း ၂၅ စေ့၊ ဒုတ္ထာမီးဖောက် ၃ ပဲသား၊ ကျောက်ဆေးဒန်း ၁ ပဲသားတို့ကို ရောစပ်၍ ကျောက်ဆုံဖြင့် ညက်နေအောင် ထောင်းထားပါ။ (၃) နှမ်းဆီနှင့် ပျားဖယောင်းတို့ကို သင့်တော်ရုံထည့်၍ ညက်နေအောင် ထပ်ထောင်းပါ။ (၄) ၄င်းဆေးကို မြင်းသရိုက် အပြင်လိပ်ဖြစ်သည့်နေရာကို တစ်နေ့ ၂ကြိမ်ခန့် လိမ်းပေးပါ။ ၄င်းဆေးကို လိမ်းပေးပါက တစ်ပတ်အတွင်းမှာ လိပ်ခေါင်းရောဂါ ခြောက်သွေ့သွားပြီး ကွာကျသွားကာ ပျောက်ကင်းသွားပါမည်။ သဘာဝဆေးနည်းဖြစ်သည့်အတွက် အနည်းငယ် စိတ်ရှည်ပေးရပါမည်။ (အင်္ကောလဆေးပင်ကို မန္တလေးမြို့ဟောင်း ပုထိုးတော်ကြီးအနီးအနားတွင် များစွာပေါက်နေကြသည်ဟု သိရပါသည်။ လိုအပ်သည့်အခြားဆေးများကို ပရဆေးဆိုင်များတွင် ၀ယ်ယူနိုင်ကြပါသည်) လိပ်ခေါင်းဝေဒနာကို ခံစားနေရသည့် ဝေဒနာရှင်များအားလုံး အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ကြပါစေ။ စောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား - ဆရာဝရဇိန်မင်း၊ အစွမ်းထက်တိုင်းရင်းဆေးများ စောနွဲ့ နေဆိုင် - ပူတာအို .

No comments: