Thursday, February 4, 2016

ဘူမသိ ကိုးမသိ ဒီမိုကရေစီ ဆိုတိုင်း အမေစု ကောင်းတယ် အစိုးရမကောင်းဘူးဆိုတဲ့ စုံလုံးကန်းများအတွက် ဒီမိုကရေစီဆိုတာ ဘာလဲ ...? """

""" ဘူမသိ ကိုးမသိ ဒီမိုကရေစီ ဆိုတိုင်း အမေစု ကောင်းတယ် အစိုးရမကောင်းဘူးဆိုတဲ့ စုံလုံးကန်းများအတွက် ဒီမိုကရေစီဆိုတာ ဘာလဲ ...? """ Democracy ကို ဂရိနိုင်ငံ အေသင်မြို့မှာ BC 500 ကျော်ကစတင်ခဲ့တယ် Democracy ဆိုတာ ဂရိဘာသာအရ Rule By the People လို့အဓိပ္ပါယ်ရတယ်။နောက်ပိုင်းမှာ Every Freeman is Right to Vote လို့ အဆိုရှိတယ် သဘောကတော့ လွတ်လပ်သူတိုင်းမဲပေးပိုင်ခွင့်ကို ပြောတာပါ ဒီမှာစပြီး အရေးကြီးတာက Freeman ဆိုတာဘာလဲ?? အဲ့ဒီခေတ်ကာလတည်းက ပြန်လည်သုံးသပ်ရင် လူတိုင်းဟာ Freeman မဟုတ်ဘူး အဲ့ခေတ်က ကျွန်စနစ်ထွန်းကားဆုံး ဖြသ်တဲ့ အတွက် ကျွန်တွေဟာ Freeman မဟုတ်ကြဘူး ဒါ့ကြောင့် ဒီမိုကရေစီ ကိုယ်၌က လူတန်းစား ကန့်သတ်ထားပြီးသား ဖြစ်ပါတယ် သဘောက ကြုံသမျှလူတွေသာ ထင်ရာပြောမယ်ဆိုရင် ပြောခွင့်ရကြမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ဒီမိုကရေစီဆိုတာ ဆက်လက်တည်ရှိဖို့ မရှိဘူး အဲ့ခေတ်က Freeman တွေကို ယခုခေတ် ပညာတတ်လူတန်းစားနဲ့ အစားထိုးတာ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်ထင်တယ် ဒါ့ကြောင့် ဒီမိုကရေစီကို တကယ်ကျင့်သုံးချင်ရင် Vote လုပ်ချင်ရင် ပညာတတ် သို့မဟုတ် ဆင်ခြင်တုံတရားရှိဖို့လိုအပ်တယ် နောက်တချက်က Right to Vote ဆိုတဲ့နေရာမှာ လူတဦးတယောက်ကို မဲပေးခြင်းကို မဆိုလိုဘူး အကြောင်းအရာတစ်ခုကို ကြိုက်မကြိုက်သာ တဦးချင်း အဆုံးအဖြတ်ခံယူတာကျွန်တွေအတွက်ကို ကျွန်ပိုင်ရှင်တွေကပဲဆုံးဖြတ်တယ် ကျွန်တွေမှာ ဘာမှ Right မရှိဘူး ကျွန်တွေကိုသာ Vote ပေးပိုင်ခွင့်ပေးလိုက်ရင်လဲ သူတို့ရဲ့ တခုတည်းသော ဆန္ဒဟာ ကျွန်ပိုင်ရှင်စနစ်ပပျောက်ရေးပဲဖြစ်လာလိမ့်မယ် ဒါ့ကြောင့် ဒီမိုကရေစီဆိုတာ ရှိပြီးသား လူ့အသိုင်းအဝန်းကို ဖြိုဖျက်ခွင့်ပါမလာဘူး ဒီမိုကရေစီဆိုတိုင်းလဲ ကိုယ့်နိုင်ငံရဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဘယ်နိုင်ငံသားမှ လာရောက်ကျုးကျော်ခွင့် မပါဘူး ရှိပြီးသားနိုင်ငံသားတွေထဲလဲ ဧည့်နိုင်ငံသားဆိုပြီး အခြားဘယ်နိုင်ငံကလူကိုမှ ထပ်ပေါင်းထည့်တယ်ဆိုတာလဲ မရှိဘူး နောက်အရေးကြီးတာက Democracy ရဲ့ Original Aspect မှာ မဲဆွယ်တာ မပါဘူး မဲဆွယ်တာဟာ နောက်ပိုင်းခေတ်က ပါတီတွေထောင်ပြီးအာဏာအတွက် အနိုင်လိုချင်စိတ်တခုတည်းနဲ့ ပါတီအတွက် Promotion လုပ်တဲ့ Marketing Tool တခုပဲဖြစ်တယ် နောက်အရေးကြီးတဲ့ တစ်ချက်က ဒီမိုကရေစီမှာ လွှတ်တော်ဟာ အတော်အရေးပါတယ် Acropolis လို့ခေါ်တယ် ဒီ့ထက်ပိုအရေးကြီးတာက ဒီလွှတ်တော်ကို ဘယ်လို တည်ဆောက်ကြသလဲဆိုတာပဲ မြန်မာပြည်မှာတော့ လွှတ်တော်ကို ဦးတင့်ဆန်းတည်ဆောက်တယ်လို့ ကြားမိပါတယ် ဟုတ်မဟုတ်တော့မသိပါ အရေးကြီးတာတစ်ခုက လွှတ်တော်ကို ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ တည်ဆောက်ကြတယ် အဲ့ဒီလိုတည်ဆောက်တဲ့ နေရာမှာ အရပ်သားဖြစ်ရမယ်စစ်သားဖြစ်ရမယ်ဆိုတဲ့သတ်မှတ်ချက်မရှိဘူး ဘာ့ကြောင့်လဲဆိုတော့ အားလုံးသိကြတဲ့ အတိုင်း Spartans ဆိုတာ ဂရိတနိုင်ငံလုံးမှာ အကောင်းဆုံးစစ်သားတွေ တမြို့လုံး စစ်သားတွေချည်းပဲ စစ်သားဟာ စစ်တိုက်ရင် ဒီမိုကရေစီမရှိဘူး စစ်မိန့်ပဲရှိတယ် သို့သော် စစ်မတိုက်တဲ့အချိန်တွေမှာ စစ်သားလဲ Democracy ကို အပြည့်အဝ ခံစားခွင့်ရှိတယ် ဒါမှလဲသူဟာ သူ့အတွက်အကျိးရှိတဲ့ ဒီမိုကရေစီကို အပြည့်အဝ ကာကွယ်မှာပေါ့ အကယ်၍သာ ဒီမိုကရေစီဟာ စစ်သားကို နှိပ်ကွပ်ဖို့ လက်နက်ဆိုခဲ့ရင် စစ်သားဟာ သူ့လက်ထဲက လက်နက်နဲ့ သူ့ကို သတ်မယ့်သူကို အရင်သတ်ဖို့ပဲရှိတယ် ဆိုတာ သဘောပေါက်သင့်တယ် နောက်တချက် ပြည်သူ့ကိုယ်စားလှယ် ဘယ်လိုရွေးသလဲ ဂရိနိုင်ငံမှာ အဲ့ခေတ်တုံးက မေမေစုကို ဝန်းရံကြ ဆိုတဲ့ Propaganda လုပ်တာမျိုးလုံးဝမရှိဘူး ပြည်သူ့ကိုယ်စားလှယ်ဆိုတာ State Men လို့သတ်မှတ်တဲ့ လူကြီးလူကောင်း မြို့မျက်နှာဖုံး တနည်းအားဖြင့် ရပ်ကွက်ထဲက လူလေးစားခံရတဲ့ ပုဂ္ဂိုလ်တွေကိုရွေးချယ်ကြပါတယ် ဒါမှလဲ ရပ်ကွက်ထဲကလူတွေ ဘာလိုတယ် ဘာဖြစ်နေတယ် တန်းပြောနိုင်မှာပေါ့ သဘာဝကျတယ် ခုမြန်မာနိုင်ငံမှာ လိမ်နေတာက ဒီမိုကရေစီ အယောင်ဆောင် ပါတီအာဏာရှင်စနစ်တည်ဆောက်ရေး ဆိုတော့ကာ အလိမ်မခံကြစေချင်ပါ မြန်မာပြည်မှာ ဒီမိုကရေစီတည်ဆောက်ချင်ရင် Community Center တွေအရင်ဆုံးတည်ဆောက်ရမယ် ရပ်ကွက်ထဲကလူတွေ တပတ်တခါတွေ့ဆုံစကားပြောတဲ့ အကျင့်လိုအပ်တယ် စသဖြင့် Life Style ကိုပြောင်းပစ်နိုင်ဖို့လိုတယ် မဟုတ်ရင် ပြသနာပေါင်းသောင်းခြောက်ထောင်ရှင်းပြီးမှာ မဟုတ်ဘူး ဒီမိုကရေစီ ရဲ့ အခြေခံဟာ ကိုယ့်မြို့ ကိုယ့်ရွာသန့်ရှင်းသာယာရေးလို့သာ အလွယ်မှတ်ထားသင့်ပါတယ် ဒီမိုကရေစီအတွက် ဘာဟားဗတ် တက္ကသိုလ်ဘွဲ့တွေ ဘာအောက်စဖို့က ဘွဲ့တွေ မလိုသလို ဘယ်နိုင်ငံကမှ လေးစားတဲ့ ပုဂ္ဂိုလ်လဲ မလိုဘူး ဗြိတိန်မှာ သမ္မတ အကြီးအကဲ ဖြစ်မယ့်လူအတွက် ဗြိတိန်က လွဲပြီး ဘယ်အခြားနိုင်ငံကမှ ဘာအတွက်ကြောင့်ပေးတဲ့ အနိမ့်ဆုံး ဆြာဘွဲ့လေး တစ်ခုတောင် မလိုပါဘူး အခြားနိုင်ငံက ဆုတစ်ဆုအတွက် အခြားနိုင်ငံက သြဇာလွှမ်းမိုးနိုင်မူဆိုတာ အထိုက်လျောက်ရှိတတ်ပါတယ် ပြည်တွင်းရေးစွက်ဖက်တာ ဒီမိုကရေစီနဲ့ မဆိုင်ဘူး ဂရိနိုင်ငံမှာ အဲ့ခေတ်က ဘာ အောက်စဖို့မှမရှိဘူးဆိုတော့ကာတနည်းပြောရရင် အောက်စဖို့က လူတွေကတောင် ဘွဲ့မရတဲ့ ဂရိတွေကို ကိုးကွယ်ခဲ့ကြတာပါ အနှစ်ချုပ်ဆိုသော် ဒီမိုကရေစီဆိုတာ လူတွေရဲ့အခက်အခဲတွေကို အများအကျိုးလိုလားသူ ပညာတတ်တစုက အတတ်နိုင်ဆုံး ဝိုင်းဝန်းဖြေရှင်းပေးရင်းပေါ်ပေါက်လာတဲ့ အများစု ဆန္ဒကို အကောင်အထည်ဖေါ်တဲ့ စနစ်ပဲဖြစ်တယ် ယခုခေတ် ဒီမိုကရေစီထွန်းကားတဲ့ အမေရိကန်မှာ အကျိုးရှိနေတာ ခံစားနေတာ အမေရိကားတိုက်ရဲ့ ဒေသခံတိုင်းရင်းသား ဖြစ်တဲ့ Red Indian လို့နှိမ့်ချသတ်မှတ်ခံထားရတဲ့ Native American တွေဘယ်နှစ်ယောက်လောက်များပါသလဲ ဆိုတာ သေချာလေးတော့ တိကျအောင် လေ့လာသင့်တယ် စဉ်းစားကြပေါ့ Credit<<<>>>

No comments: