မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 13, 2016
တိုင်းပြည်ဘဏ္ဍာကို အလကားထိုင်ပြီး ဖြုန်းတီးနေကြသူများ အလိုမရှိ။
တိုင်းပြည်ဘဏ္ဍာကို အလကားထိုင်ပြီး ဖြုန်းတီးနေကြသူများ အလိုမရှိ။
----- ----- ----- ----- ----- ----- ----- ----- -----
NLD ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ အများစုနှင့် ဖွဲ့စည်းထားသော လွှတ်တော်ကြီးများက ပြည်သူများ၏ ချွေးနည်းစာများဖြင့် ပေးဆောင်ထားသော အခွန်ငွေများနှင့် နိုင်ငံတော် ဘဏ္ဍာငွေများကို နှစ်လ လုံးလုံး ဒီပုံစံအတိုင်း ထိုင်ပြီး ဖြုန်းပစ်ကြတော့မှာလား ၊ ကာလုံအဖွဲ့ကကော အရေးမယူပဲ ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား ...။
တိုင်းကျိုးပြည်ပြု အဆိုများတင်သွင်းခြင်း ၊ ဆွေးနွေးတိုင်ပင်ခြင်း နှင့် ဥပဒေအသစ်များ ရေးဆွဲခြင်း ၊ လိုအပ်သည့် ဥပဒေများကို ပြင်ဆင်ခြင်း ၊ မလိုအပ်သည်များကို ပယ်ဖျက်ခြင်း စသည့် အလုပ်များကို မလုပ်သည့် လွှတ်တော်ကြီးများ ရှိနေခြင်းထက် ၊
အလုပ်မလုပ်ဘဲ ... ပုဒ်မ ၅၉ (စ) ကို ပြင်ကာ ဒေါ်စုကို သမ္မတတင်ပြီးမှသာ အလုပ် ထလုပ်မည်ဟု အောက်လမ်းနည်းဖြင့် အကျပ်ကိုင်နေသော လွှတ်တော်ကြီးများ မရှိခြင်က နိုင်ငံတော်နှင့် ပြည်သူအများကို ဝန်ထုတ်ဝန်ပိုးလျော့ကျစေပြီး စိတ်သက်သာရာ ရစေသောကြောင့်
တည်ဆဲဥပဒေများနှင့်အညီ သတင်းအချက်အလက် သက်သေအထောက်အထားများကို စနစ်တကျ တိကျမှန်ကန် မြန်ဆန်စွာ စုံစမ်းစစ်ဆေးပြီး အလုပ်မလုပ်သော NLD ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ အများစုနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကြီးများအား ဖျက်သိမ်းပစ်ပါရန်
ကာလုံအဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူ လူကြီးမင်းများအား ရိုသေလေးစားစွာဖြင့် အလေးအနက်ထား တင်ပြတောင်းဆိုအပ်ပါသည်။ ။
ကိုဂျွန်
( ၁၃.၂.၂၀၁၆ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment