Friday, February 12, 2016

တိုင်းရင်းသား အားလုံ၏ အမိမြန်မာနိုင်ငံတော် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®

တိုင်းရင်းသား အားလုံ၏ အမိမြန်မာနိုင်ငံတော် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®® ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသား လူမျိုးပေါင်း ၁ဝဝ ကျော်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တည်း ဟူသော အမိ မြန်မာနိုင်ငံတော်၏ တစ်ခုတည်းသော အလံတော်အောက် တွင် ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ ချစ်ကြည် ရင်းနှီးစွာ စုပေါင်း၍ ဥမကွဲသိုက်မပျက်နေထိုင်လာခဲ့ကြပေ သည်။ တိုင်းရင်းသား အချင်း ချင်း အရေးကြီးက သွေးနီးခဲ့ ကြသည်။ ညီညွတ်မှုပေါင်းစည်းအားဖြင့် နယ်ချဲ့ကို တွန်းလှန် ကာ မြန်မာ့လွတ်လပ်ရေးအောင်လံကို ခိုင်မာစွာလက်တွဲ၍ စိုက်ထူ ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့သည်ကား ပြည် ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများ၏ စည်းလုံးညီညွတ်မှု ကို ကမ္ဘာအထိ ထုတ်ဖော်ပြသနိုင်ခဲ့ သည့် မြန်မာ့သမိုင်းတစ်လျှောက် မှတ်ကျောက်တင်နိုင်ခဲ့သောနေ့ပင်ဖြစ်ပေ သည်။ အင်္ဂလိပ်နယ် ချဲ့တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးသောအခါ တိုင်းရင်း သား အားလုံးက တောင်ပေါ်မြေပြန့်မခွဲခြားဘဲ တစ်လုံးတစ်စည်း တည်းသော ပြည်ထောင်စုကြီးအဖြစ် ထာဝရရပ်တည်လက်တွဲပြီး လွတ် လပ်ရေးကို အရယူသွားရန် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့၌ ဗိုလ်ချုပ်အောင် ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်း ဆောင်များက ပင်လုံစာချုပ်ရေးထိုးနိုင် ခဲ့သော နေ့ထူးနေ့မြတ် အခါသမယပင်ဖြစ်ပါသည်။ ဤပင်လုံမြေမှ ပေါက်ဖွားလာသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် ရပ်တည်လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၆၉)နှစ် ပင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ထိုပြည်ထောင်စုနေ့အခါ သမယသို့ရောက် တိုင်း တိုင်းရင်းသားညီအစ်ကိုအပေါင်းက မိမိတို့ အမိမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ကြာစွာ လက်တွဲရေး အောက်မေ့ကာ ခိုင်မြဲသောသစ္စာ အဓိ ဋ္ဌာန် များ ပြုကြလေ့ရှိပါသည်။ ပြည်ထောင်စုကြီး၏ မည်သည့်အရပ်ဒေသတွင် နေထိုင် သည်ဖြစ်စေ မိမိနိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်ပြီး ပြည် ထောင်စု သမ္မတမြန်မာနိုင် ငံတော်ကြီးအတွင်း ဥမကွဲသိုက် မပျက်နေထိုင်သွားလိုသော စိတ်ဓာတ်များ သည် ပြည်ထောင်စု စိတ်ဓာတ်ပင် ဖြစ်ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော တိုင်းရင်းသားများသည် ရေမြေ သဘာဝအရ ဒေသ မတူဘဲ ကွဲပြားစွာနေကြသော်လည်း တိုင်း ပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးတတ်ပြီး တစ်လုံးတစ်စည်းတည်း စုစည်း ညီညွတ်စွာနေထိုင်လိုသော ဆန္ဒသဘောမှာ အတူတူပင် ဖြစ်ပါသည်။ ဤမြေ၊ ဤရေ၊ ဤနိုင်ငံတော်ကြီးသည် ကျွန်ုပ်တို့ တိုင်းရင်းသားအားလုံးက ပိုင်ဆိုင်သော နိုင်ငံတော်ကြီးဖြစ်ပါသည်။ မြန်မာ တိုင်းရင်းသားအားလုံး၏ ပြည်ထောင်စု၊ မြန်မာနိုင်ငံသား အားလုံး၏ နိုင် ငံတော်၊ မြန်မာနိုင်ငံသားအားလုံး၏ အချုပ်အခြာ အာဏာပိုင်နိုင်ငံတော် ကြီးဖြစ် ပါသည်။ ထိုနိုင်ငံတော်ကြီး ကမ္ဘာ တည်သရွေ့တည်ရှိဖြစ်ထွန်းပြီး တိုင်းရင်း သားအားလုံး တန်းတူ အကျိုးခံစားကာ ရပ်တည်သွားနိုင်ရေး ထိန်း သိမ်းစောင့်ရှောက် သွားရမည့်တာဝန်မှာ မြန်မာနိုင်ငံတော်ကြီးအတွင်း မှီတင်းနေထိုင် ကြကုန်သော တိုင်းရင်းသားညီအစ်ကိုအပေါင်း ၏ မွေးရာပါ သမိုင်း ပေး တာဝန်ကြီးပင်ဖြစ်ပါသည်။ သို့ဖြစ်၍ တိုင်းရင်းသားအားလုံး ၏ အမိမြန်မာနိုင်ငံတော်ကြီး ဥမကွဲသိုက်မပျက် အဓွန့်ရှည်ကြာ စွာ လက်တွဲလျက် ဆက်လက်ကြီးပွားတိုးတက်အောင် ဝိုင်းဝန်း ကြိုးပမ်းကြရမည်ဖြစ်ပေကြောင်း။ ။

No comments: