Saturday, February 13, 2016

မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပ၊ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား ဗုဒ္ဓပူဇနိယပွဲတော် အား ရက်ပေါင်း ၆၅ ရက်တိုင်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပမည် +++++++++++++++++++++++++++++++++++++++++++

မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပ၊ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား ဗုဒ္ဓပူဇနိယပွဲတော် အား ရက်ပေါင်း ၆၅ ရက်တိုင်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပမည် +++++++++++++++++++++++++++++++++++++++++++ မင်းဘူး၊ ဖေဖော်ဝါရီ ၁၃-မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ မန်းရွှေစက် တော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမင်္ဂ လာအခမ်းအနား ကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၇ နာရီ ၄၃ မိနစ် တွင်ကျင်းပရာ နိုင်ငံတော်သံဃမ ဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆ ရာတော်ကြီး ကြွရောက်တော်မူပြီး ဗုဒ္ဓပူဇနိယမဟာမင်္ဂလာပူဇာသဘင် မုခ်ဦးတော်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ (၂၅၈၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမင်္ဂလာအ ခမ်းအနားသို့ ဗန်းမော်ဆရာတော် ကြီး အမှူးပြုသော ဆရာတော်၊ သံ ဃာတော်များကြွရောက်တော်မူကြ ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးဘုန်းမော်ရွှေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့် သည်တော်များနှင့်အနယ်နယ်အ ရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ တက်ရောက်ကြသည်။ ''မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲမင်္ဂလာအခမ်းအနားမ ကျရောက်မီ သံဃာတော်များ၊ အထူး ဧည့်ပရိသတ်များနှင့် ဘုရားဖူးလာ ပြည်သူများကို သတ်မှတ်နေရာအ သီးသီးမှာ ကြိုတင်နေရာချထားပေး ခဲ့ပါတယ်။ စေတီတော်အဝင်လမ်း မင်္ဂလာမုခ်ဦးတော်ဖွင့်လှစ်ရန် ရေနံ့ သာအရှင်ဃောသိတရေးဖွဲ့သီကုံး သည့် အခါတော်ဧကပို၌အလင်္ကာ ကို အမျိုးသား ယဉ်ကျေးမှုနှင့်အနု ပညာတက္ကသိုလ်(မန္တလေး)မှ အနု ပညာရှင်များက သီဆိုပူဇော်ပြီး မကွေးတိုင်းဒေသကြီး သံဃနာယ ကဆရာတော်များနှင့် ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကဥက္ကဋ္ဌ ဆ ရာတော်တို့က မင်္ဂလာမုခ်ဦးကို ဖဲ ကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ပါတယ်။ ဆက်လက်၍ မြတ်ဗုဒ္ဓရဲ့ပါဒ ခြေတော်ရာနှစ်ဆူကိန်းဝပ်စံပယ် တော်မူတဲ့ မန်းရွှေစက်တော်ဗုဒ္ဓပူဇ နိယပွဲတော်မဟာ မင်္ဂလာပူဇာ သ ဘင်မုခ်ဦးတော်ကို နိုင်ငံတော်သံ ဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးက စက်ခလုတ်နှိပ် ၍ ပူဇော်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ထူး ခြားချက်အနေနဲ့ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲဟာ အစိုးရရုံးပိတ်ရက်သုံးရက် နဲ့ တိုက်ဆိုင်နေ တာကြောင့် အနယ် နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည် သူတွေနဲ့ကြိတ်ကြိတ်တိုးစည်ကား လှပါတယ်''ဟု မန်းရွှေစက်တော် ဂေါပကအဖွဲ့ဝင် ဦးမြင့်ဌေးကပြော သည်။ ၎င်းနောက် ဆရာတော်သံဃာ တော်များနှင့် ဧည့်သည်တော်များ သည် မင်္ဂလာမုခ်ဦးမှ အောက်စက် တော်ရာ တန်ဆောင်းတော် ကြီးအ တွင်းသို့ ကြွရောက်နေရာယူကြပြီး ဧည့်ပရိသတ်တို့က အခမ်းအနား ကို ''နမောတဿ''သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌဗန်းမော် ဆရာတော်ကြီးအမှူးပြုသော ဆရာ တော်ငါးပါးနှင့် တိုင်းဒေသကြီး ဝန် ကြီးချုပ်သီရိပျံချီ ဦးဘုန်းမော်ရွှေ တို့က အောက်စက်တော်ရာကို ဖုံး အုပ်ထားသည့် အလင်းပေါက်အုပ် ဆောင်းတော်ကြီးအား စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ယနေ့ကျင်းပသည့် မန်းရွှေ စက်တော်ခြေတော်ရာဖွင့်ပွဲတွင် အ နယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားများပြား လျက်ရှိပြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁၃ ရက်မှ ဧပြီ ၂၀ ရက်အထိ ရက်ပေါင်း ၆၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။ KK #Democracytoday ဓာတ်ပုံ - ကိုကျော် (မင်းဘူး)

No comments: