ဒီရက်ပိုင်း ၅၉(စ) နဲ့ပတ်သတ်ပြီး ပြောရင်..
မဆီမဆိုင် ဒီမိုတွေ ပြောပြောနေတာက ..
- အမေစု ကို မြန်မာပြည်ကနှင်ထုတ်ခဲ့ကြတာ
- အမေစု က အနစ်နာခံခဲ့တာ
- အမေစု က နိုဗယ်ဆုရှင်ကြီး
ဒီလိုအော်ပြီး သမိုင်းမသိ ဖင်ပိတ်ပြီး
ထမီနံ့မွှန်နေတဲ့ သူတွေကို ပြောပြချင်တာက ..
- ဒေါ်စုဟာ ဘယ်သူမှ နှင်မထုတ်ရပါပဲ
၁၉၆၀ ခုနှစ်ကတည်းက မြန်မာပြည်က
ထွက်သွားခဲ့ ပါတယ် ..
- ၁၉၆၀ ကနေ ၁၉၈၇ အထိ ၂၇ နှစ်အတွင်း
မြန်မာပြည်ကို ၈ ကြိမ် ခေတ္တပြန်လာဖူးပါတယ်.
မလာဖို့ ဘယ်သူမှလဲ တားဆီးပိတ်ပင်ခဲ့ခြင်း
မရှိခဲ့ပါဘူး ..
(ပြန်လာခဲ့တဲ့ ၈ ကြိမ်မှာ ၁၉၈၆ အာဇာနည်နေ့
တစ်ရက်ပဲအာဇာနည်ကုန်းမှာ ကန်တော့ပန်းခွေ
ချခဲ့ဖူးပါတယ်)
- ၂.၄.၁၉၈၈ မှာတော့ မိခင်ဖြစ်သူ လေဖြတ်သွားခဲ့လို့
ပြုစုဖို့ ဆိုပြီး မြန်မာပြည် ပြန်ရောက်လာပါတယ်
- ၂၁.၈.၁၉၈၈ မှာ နိုင်ငံရေးသမားကြီးတွေဖြစ်တဲ့
ဦးဝင်းတင် ၊ ဦးမောင်သော် အစရှိသူတွေရဲ့
ဗိုလ်သူရလမ်း၊ ကြည့်မြင်တိုင်မှာ တွေ့ဆုံပြီး
အစည်းအဝေး သဘော တွေ့ဆုံတယ်
- ၂၄.၈.၁၉၈၈ ရန်ကုန်ဆေးရုံကြီး သပိတ်စခန်း
၂၆.၈.၁၉၈၈ ရွှေတိဂုံဘုရား နောက်ဖက်မုခ်
စသည်တို့မှာ နိုင်ငံရေးတရားဟောပြောတယ်
- ၁၃.၉.၁၉၈၈ မှာ ဦးနု ၊ ဦးအောင်ကြီး ၊ဦးတင်ဦး
ဗိုလ်မှုးအောင် တို့နဲ့ ရန်ကုန် ဆေးတက္ကသိုလ် -၁
မှာတွေ့ဆုံပြီး ကြားဖြတ်အစိုးရဖွဲ့စည်းရေး ဆွေးနွေး
ခဲ့ပေမယ့် အာဏာခွဲဝေမှု ပြဿနာကြောင့် ငြိနှိုင်းမရခဲ့ဘူး
(တိုင်းပြည် အခြေအနေက တော်တော်ဆိုးရွားနေပြီ)
- ၁၈.၉.၁၉၈၈ မှာ တပ်မတော်ကနေ နဝတ ဖွဲ့စည်းပြီး
နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို ထိန်းသိမ်းလိုက်ကြောင်း ၊
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်
နိုင်ဖို့ ကြေငြာချက်ထုတ်ခဲ့တယ်
- ၂၇.၉.၁၉၈၈ မှာNLD ပါတီမှတ်ပုံတင်ကျတယ်
- ၃၀.၁၂.၁၉၈၈ မှာ မိခင် ဒေါ်ခင်ကြည်ကွယ်လွန်တယ်
- ၁၄.၁.၁၉၈၉ ကနေ ၂၅.၁.၁၉၈၉ အထိ
ဧရာဝတီတိုင်း မဲဆွယ်ခရီးစဉ် စထွက်တယ်
- ၁၃.၃.၁၉၈၉ မှာ RIT ဝင်းထဲလုပ်တဲ့
ဘုန်းမော် နှစ်ပတ်လည်အခမ်းအနား တက်ပြီး
ဦးတင်ဦး ၊ ဦးခင်မောင်မြင့် ၊ တော်ဘုရားလေး
မင်းကိုနိုင် ၊ မိုးသီးဇွန် တို့နဲ့ အတူ နိုင်ငံရေးတရား
ဟောပြောတယ်
- ၄.၄.၁၉၈၉ မှာ ဓနုဖြူ - ညောင်တုန်း စည်းရုံးရေးဆင်း
သွားခဲ့တယ် ၊
- ၂၄.၄.၁၉၈၉ ကနေ ၂၆.၅.၁၉၈၉ အထိ
မန္တလေးတိုင်း နဲ့ ကချင်ပြည်နယ်ကို စည်းရုံရေး
ခရီးစဉ်သွားခဲ့တယ်
- ၂၁.၆.၁၉၈၉ ရက်နေ့ မြေနီကုန်းအရေးအခင်း
နှစ်ပတ်လည်အဖြစ် ပန်းခွေလာချတယ်
ကျောင်းသားတွေနဲ့ လူတွေ ဆူပူလာအောင်
ပြောဆို ခဲ့ကြတဲ့အတွက် ဆူပူလာခဲ့ကြပြီး
တပ်ကနေ သေနတ်နဲ့ပစ်ပြီး လူစုခွဲခဲ့ရတယ် ..
မဆီမဆိုင် တ.စ.ည ပါတီက စမ်းချောင်းစည်းရုံးရေးမှုး
သေဆုံးခဲ့ရတယ်
- ၁၃.၇.၁၉၈၉ မှာ NLD ပါကနေ ..
အာဇာနည်နေ့မှာ သူတို့ပါတီနဲ့အတူ
လူစု၊ လူဝေးအဖြစ် စုစည်းပြီး ချီတက်
အလေးပြကြဖို့ စတင် လှုံ့ဆော်တယ်
(၁၆.၇.၁၉၈၉ မှာ နဝတ ကနေ
အဇာနည်နေ့မှာ ပြည်သူများ လာရောက်
အလေးပြုနိုင်ကြောင်း ဆူပူသောင်းကျန်းရင်
အရေးယူမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်တယ်)
- ၁၉.၇.၁၉၈၉ အာဇာနည်နေ့ မနက်ကျမှ
NLD ကနေ ချီတက်ပွဲမှာ သူတို့မပါဖို့
ဆုံးဖြတ်ခဲ့တယ်
(မြို့တွင်းမှာတော့ ချီတက်လာတဲ့လူအုပ်
ကြီးထဲမှာ သွေးထိုးလှုံ့ဆော်သူတွေပါ
ခဲ့တဲ့အတွက် ဆူပူမှုတွေဖြစ်ပြီး တပ်ကပဲ
သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတယ်)
- ၂၀.၇.၁၉၈၉ မှာ တပ်မတော် ထောက်လှမ်းရေးကနေ
သတင်းရရှိမှုကြောင့် ဒေါ်စုနေအိမ်ကို ဝင်ရောက်စီးနင်း
ရှာဖွေရာမှာ တောတွင်းက သောင်းကျန်းသူ ဆက်သား
တစ်ဦး အပြင် သောင်ကျန်းသူတွေနဲ့ ဆက်သွယ်ထားတဲ့
စာရွက်စာတမ်းတွေ တွေ့ရှိခဲ့တယ် ..
ဒါကြောင့် ဒေါ်စုကို နေအိမ်အကျယ်ချုပ် စတင်သတ်မှတ်
ခဲ့တယ်
- ၂၂.၁၂.၁၉၈၉ မှာ ဒေါ်စုဟာ NLD အနေနဲ့
ရွေးကောက်ပွဲ ဝင်မှာဖြစ်ကြောင်း ကြေငြာခဲ့တယ်
- ၂၇.၅.၁၉၉၀ မှာရွေးကောက်ပွဲကျင်းပခဲ့ပြီး
၁.၇.၁၉၉၀ မှာ ၈၇.၇ ရာခိုင်နှုန်းနဲ့ NLD
ပါတီ အနိုင်ရကြောင်း ကြေငြာခဲ့တယ်
- ၂၈.၇.၁၉၉၀ နဲ့ ၂၉.၇.၁၉၉၀ မှာ NLD က
အနိုင်ရပါတီ အမတ်တွေစုပြီး ဂန္ဒီဟောမှာ
အစည်းအဝေးလုပ်ပြီး နူရင်ဘတ် ဆိုတဲ့အသံ
ထွက်ပြီး တပ်ကို စိန်ခေါ်သလို လေသံစလာ
တယ်
- ၁၈.၁၂.၁၉၉၀ မှာ NLD အမတ်တစ်ချို့စုပြီး
လက်ရှိ ဦးဆောင်သူတွေကို အယုံအကြည်
မရှိတဲ့အတွက် ဆိုပြီး ယိုဒယားနယ်စပ်မှာ
စင်ပြိုင်အစိုးရ ဖွဲ့တယ်
- ၂၆.၃.၁၉၉၁ မှာတော့ ပြိုကွဲလုဖြစ်နေတဲ့
ရွေးကောက်ပွဲနိုင်ပြီး ဘာလုပ်ရမှန်းမသိ
ဖြစ်ပြီး နှစ်ခြမ်းကွဲ သွားခဲ့တဲ့ NLD ပါတီကို
ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ အဖြစ် ဦးအောင်ရွှေ
ဖြစ်လာခဲ့တယ်
- ၁၀.၁၂.၁၉၉၁ မှာတော့ ဒေါ်စုကို
အိမ်မှာနေရင်း ၊ ထိုင်ရင်းနဲ့ ..
နိုဗယ်ဆု ပေးအပ်တာ ခံခဲ့ရတယ် ။။။။။။။။။။။
########################
ဆိုတော့ ..
နိုင်ငံခြားမှာ ဘာသွားလုပ်နေသလဲ ?
ဘာတွေ အနစ်နာခံခဲ့ပါသလဲ ?
ဘာတွေ ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ခဲ့လို့
ငြိမ်းချမ်းရေး နိုဗယ်ဆုကြီး ရခဲ့ပါသလဲ ?
သမိုင်းသိပြီး ဝေဖန်ဆန်းစစ်တတ်ရင် ..
ကလေးကအစ ၊ ခွေးအဆုံး ..
အဖြေထွက် ပါလိမ့်မယ် ..
Aye Chan Min
No comments:
Post a Comment