Saturday, February 13, 2016

နိုင်ငံခြားသားလုပ်သားများထံမှ အခွန်နှစ်ဆတိုးမြှင့် ကောက်ခံခြင်းကို မလေးရှား အစိုးရ ယာယီရပ်ဆိုင်းပြီ

နိုင်ငံခြားသားလုပ်သားများထံမှ အခွန်နှစ်ဆတိုးမြှင့် ကောက်ခံခြင်းကို မလေးရှား အစိုးရ ယာယီရပ်ဆိုင်းပြီ +++++++++++++++++++++++++++++++++++++ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂- မြန်မာ အပါအဝင် တရားဝင်နိုင်ငံခြား သား ရွှေ့ပြောင်း လုပ်သား နှစ်မီလီယံကျော် ထံမှ Levy ကြေး (နိုင်ငံခြား သား လုပ်သား အခွန်) နှစ်ဆတိုးမြှင့်ကောက် ခံခြင်းကို မလေးရှားအစိုးရမှ ယာယီ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရ သည်။ မလေးရှားအစိုးရသည် နိုင်ငံ ခြားသားလုပ်သား များထံမှ ဝင်ငွေ ၂ ဒသမ ၅ ဘီလီယံ(မလေးရှားငွေ) အထိတိုးမြှင့်ရန်ရည်ရွယ်ကာ ယခုလ မှ စတင်ကောက် ခံခဲ့ သည့် Levy ကြေးကို မလေးရှားအလုပ်သမား အဖွဲ့အစည်း များနှင့် မလေးရှားရှိလုပ် ငန်းရှင်များအစရှိသည့် အဖွဲ့အစည်း အသီးသီး၏ မေတ္တာရပ်ခံချက်နှင့်ဆွေး နွေးညှိနှိုင်းရန် တောင်းဆိုမှုကြောင့် ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ ထပ်မံမ ကြေညာမီ အချိန်ထိ ယာယီရပ်ဆိုင်း လိုက်ကြောင်း မလေးရှားဒုတိယဝန် ကြီးချုပ် Deputy Prime Minister Ahmad Zahid Hamidi မှ ဖေဖော် ဝါရီ ၁၁ရက် နေ့လယ်ပိုင်းတွင်ပြော ကြားသွားကြောင်း The Star သတင်း ဌာန၏ဖော်ပြချက်နှင့် မလေးရှား ရောက်မြန်မာများထံမှ သိရသည်။ ''မလေးရှားပြည်ထဲရေးနဲ့ လုပ် ငန်းရှင်တွေ၊ မလေးအလုပ်သမားအ ဖွဲ့စည်းတွေညှိနေတယ်လို့ကြားတယ်။ အဲဒီညှိနှိုင်းမှုရလဒ် မထွက်မချင်း ရပ်ဆိုင်းထားတယ်လို့ မနေ့က The Star မှာတော့ အဲဒီလိုတွေ့လိုက် တယ်။ ဘယ်လိုမျိုး အခြေအနေထွက် လာမလဲတော့မသိဘူး။ အခုစရိတ် တွေက တအားကြီးသွားတော့အ ဆင်မပြေကြတော့ဘူး'' ဟုမလေး ရှားရောက် မြန်မာရွှေ့ပြောင်းလုပ် သားကိုသန့်ဇင်က ဒီမိုကရေစီတူဒေး သို့ ဖေဖော်ဝါရီ ၁၂ ရက်က ပြော သည်။ လက်ရှိတွင်အခွန်ကြေးများအား လုံးတိုးမြှင့်ခြင်းကြောင့် မလေးရှား အစိုးရမှ သတ်မှတ်ထားသည့်အခြေ ခံလစာရင်းဂစ် ၉၀၀ နှင့်လောက်င မှု မရှိကြောင်း ကိုသန့်ဇင် ကဆိုသည်။ မလေးရှားနိုင်ငံသည်လည်း နိုင် ငံခြားသားလုပ်သား အခွန်အခတိုးမြှင့် ခြင်း သည် မလေးရှားရောက်နိုင်ငံ ခြား သားလုပ်သားများအပေါ် မှီခို လုပ်ကိုင်နေ ရမှု လျှော့ချရန်ဖြစ်ပြီး ယခုလက်ရှိစီးပွားရေးအခြေအနေကို အလုပ်သမားအဖွဲ့အစည်းများနှင့် လုပ် ငန်းရှင်များမှ အစိုးရအနေဖြင့် အရေးတ ကြီး ပြန်လည်သုံးသပ်ရန်တင်ပြမှု ကြောင့် ယခုကဲ့သို့ရပ်ဆိုင်း ရန်ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း The Star ၏ဖော်ပြ ချက်နှင့်မလေး ရှားရောက်မြန် မာများ လူမှုကွန်ရက် စာမျက်နှာမှဖော်ပြချက် အရ သိရသည်။ မလေးရှားနိုင်ငံအနေဖြင့် ၎င်းနိုင် ငံရောက် မြန်မာ၊ အင်ဒိုနီးရှား၊ နီပေါ၊ တရုတ်၊ အိန္ဒိယအစရှိသည့် နိုင်ငံခြား သားရွှေ့ပြောင်းလုပ်သားများကို ယခင် ကောက်ခံနေသည့် လုပ်သားအခွန် (Levy)ကို ၁၂၅၀ မှ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၂၅၀၀ အထိပြောင်းလဲ ကောက်ခံလိုက်ခြင်းဖြစ်ပြီး ကန့်ကွက် မှုများကြောင့် ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ ZCH #Democracytoday

No comments: