Thursday, February 18, 2016

မယောင်ရာဆီလူး ကြောင်မသာကြည်နူးနေသော….. ယောင်ခြောက်ဆယ် လွှတ်တော်အမတ်များနှင့် မြန်မာ့အနာဂတ်

မယောင်ရာဆီလူး ကြောင်မသာကြည်နူးနေသော….. ယောင်ခြောက်ဆယ် လွှတ်တော်အမတ်များနှင့် မြန်မာ့အနာဂတ် ဖေဖော်ဝါရီ ၁၈ ၊ နေပြည်တော် ဆိုက်ကားသမားတောင် ဖွဘုတ်သုံးပြီး ဖွနေတဲ့ခေတ်ကြီးမှာ သူငယ်နာမစင်တဲ့ ရူးကြောင်ကြောင် NLD လွှတ်တော်အမတ်တွေ ဘာလုပ်သလဲဆိုတော့ အချိန်ရှိတိုင်း ဖွဘုတ်ပေါ်တက်တယ်။ check in လုပ်တယ်။ ဘယ်သူနဲ့ ဘယ်မှာ ဘာလုပ်လို့ လျှောက်တင်တယ်။ သူတို့လို နလပိန်တုံးတွေကို စောင့်ရှောက်ထားတဲ့ ခေါင်းကိုင်မိခင်ကြီး ဒေါ်စုကြည်အတွက် ဘုန်းတော်ဘွဲ့တွေ တက်တက်ရေးတယ်။ ဒါနဲ့ပဲ မိုးလင်းမိုးချုပ် နေနေတော့တာ။ ဘာတဲ့ စည်ပင်ရိပ်သာမှာ မီးလေးခဏတဖြုတ်ပျက်တာကို သူတို့ကိုယ်သူတို့ ရွှေလင်ပန်းနဲ့ အချင်းဆေး မင်းမွေးတဲ့သမီးတွေလို အောက်မေ့ပြီး ချက်ချင်းကျမတို့ ကျနော်တို့နေတဲ့ရိပ်သာ အမှောင်ထဲမှာတို့ ဘာတို့ သနားအောင် ဖွဘုတ်ပေါ်တင်ပြီး အရှက်မရှိ ပြည်သူ့ဆီက like သူတောင်းစား လုပ်လိုက်သေးတယ်။ မီးပျက် တာလောက်ကို တိုင်းပြည်နဲ့လူမျိုးအတွက် မချိမဆန့် အသက်နဲ့ရင်းပြီး ပေးဆပ်နေရသလို ထထအော်တာ ဘယ်လောက် အသုံးမကျလဲဆိုတာ ထင်ရှားပါတယ်။ ခင်ဗျားတို့က ခုမှခဏလေး မှောင်တာစာဖွဲ့နေတယ်။ ခင်ဗျားတို့ ခေါင်းကိုင်မိခင်ကြီးက အာဏာမရမချင်း ပိတ်ပါဆို့ပါ တားဆီးပါလို့ တစာစာအော်နေလို့ တစ်နိုင်ငံလုံးကို လျှပ်စစ်ဖြန့်နိုင်တဲ့ အခြေအနေမရှိဘဲ အမှောင် ထုထဲနေရတဲ့ နိုင်ငံအစွန်အဖျားက မြို့တွေ၊ ရွာတွေမှာ မီးမရတာတွေ ခင်ဗျားတို့မှ နားမလည်မခံစားတတ် တာကိုး။ ဒါနဲ့များတောင် ပြည်သူ့အတွက်လို့ အသံကောင်း ဟစ်ရဲသေးတယ်။ ခင်ဗျားတို့ လက်ထက်မှတိုးတက် အောင်လုပ်ကြ။ လွှတ်တော်ထဲရောက်ပြီး ပြည်သူ့အကျိုးပြုလုပ်နေသလိုလိုနဲ့ ဓာတ်ပုံတွေတင်တယ်။ ဘာတင်လဲဆိုတော့ အောင်ဆန်းရာပြည့်အလှူ စုမေမေမူလတန်းကျောင်းကို ငွေလှူတယ်တဲ့။ သေသွားတဲ့အောင်ဆန်းနဲ့ ခင်ဗျား တို့ရဲ့ ခေါင်းကိုင်မိခင်ကြီးရဲ့ များမြောင်လှစွာသော ဖောင်ဒေးရှင်း ခွက်ထိုးခံ နိုင်ငံရေးမှာပဲ ငါးပွက်ရာငါးစာချ ရင်း သံသရာလည်နေတယ်။ ပြည်သူ့အတွက် ထိရောက်တဲ့အလုပ်တော့ တစ်ခုမှမရှိဘူး။ ခေါင်းကိုင်မိခင်ကြီးက အမှိုက်ဟေ့ အမှိုက်ပြောလိုက်ရင် တစ်နိုင်ငံလုံးက အမှိုက်တွေပဲ နေ့ချင်းညချင်း ရှင်းပေး တော့မယ့်အတိုင်း ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ကြ တင်ကြဖော်ရှိုးတွေနဲ့ ကောက်လိုက်ကြတာ ကိုယ်အပါ အဝင် အခြားသောပါတီဝင်များ၊ လုပ်စားနိုင်ငံရေးသမား လူ့အမှိုက်ဖြစ်နေတာကျတော့ ဘယ်သူမှခေါင်းထဲမ တွေးမိကြဘူးလေ။ ပြည်သူ့အတွက် တိုင်းပြည်အတွက်ရယ်လို့ ခေါင်းထဲခံယူချက် ယုံကြည်ချက်မရှိဘဲ လွှတ်တော်ထဲရောက်လာတဲ့ ရေပေါ်ဆီနိုင်ငံရေး ပျံကျဈေးသည်အမတ်တွေဟာ အားယားနေလဲ ပြည်သူ့အတွက်ရယ်လို့ တွေးဟယ် ခေါ်ဟယ်မရှိ ဖွဘုတ်ပဲတက်တက်သုံးရင်း မင်းသမီးမင်းသားရူး ထနေတာကြောင့် ဒီတိုင်းပြည်ရဲ့ အနာဂတ် သူတို့လက်ထဲမှာ အကောင်းဘက်ရောက်ဖို့ဆိုတာ ရွှေပြည်တော်ရယ်မျှော်လေတိုင်းဝေးပါပဲဗျာ…. လွတ်လပ်ငြိမ်း

No comments: