မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 18, 2016
သံတမန်နည်းအရ ရှင်းဖို့ အဆင်မပြေလျှင် မဟာဆိုင်ဘာတိုက်ခိုက်မှုကြီး အီရန်ကို ပြုလုပ်ရန် အမေရိကန်ပြင်ဆင်ထားခဲ့ဟုဆို
သံတမန်နည်းအရ ရှင်းဖို့ အဆင်မပြေလျှင် မဟာဆိုင်ဘာတိုက်ခိုက်မှုကြီး အီရန်ကို ပြုလုပ်ရန် အမေရိကန်ပြင်ဆင်ထားခဲ့ဟုဆို
Thursday, February 18, 2016
အီရန်နျူကလီးယားအစီအစဉ် ရပ်တန့်ရန်အတွက် သံတမန်ခင်းအရ အမေရိကန်အစိုးရက ချဉ်းကပ်ဆောင်ရွက်မှု အောင်မြင်သွားခဲ့ပြီး ယင်းသို့ မအောင်မြင်ပါက ပြင်းထန်သော ဆိုင်ဘာတိုက်ခိုက်မှုများပြုလုပ်ရန်
ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ထွက်ရှိလာသော မှတ်တမ်းများနှင့် စစ်ထောက်လှမ်းရေးများကို ကိုးကားလျက် အမေရိကန်သတင်းစာ The New York Times သတင်းစာကြီးက ဖော်ပြထားသည်။
အဆိုပါစစ်ဆင်ရေးကို နိုက်ထရိုဇုစ် Nitro Zeus ဟု အမည်ပေးထားပြီး အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ဆက်သွယ်ရေးစနစ်များနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ အဓိက ဖြန့်ဝေရာနေရာများကို တိုက်ခိုက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
သို့သော် ပြီးခဲ့သည့်နှစ်က နျူကလီးယားသဘောတူညီချက် ရရှိသွားခဲ့သောကြောင့် ယင်း စစ်ဆင်ရေးပြုလုပ်ရန် မလိုအပ်တော့ပေ။
အမေရိကန်တပ်များနှင့် မဟာမိတ်များ စစ်ပွဲသို့ ဝင်ရောက်တိုက်ခိုက်ရမည့် နည်းလမ်းမဟုတ်ဘဲ အခြားနည်းဖြင့် တိုက်ခိုက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများသည် အီရန်နျူကလီးယား သန့်စင်စက်ရုံများ၏ ကွန်ပြူတာစနစ်များကို တိုက်ခိုက်ရန်အတွက်
ပြင်ဆင်ခဲ့ကြသည်။
ဘာလင်ရုပ်ရှင်ပွဲတော်တွင် ပြသမည့် Zero Days ဆိုသော မှတ်တမ်းရုပ်ရှင်အတွင်း Nitro Zeus စစ်ဆင်ရေးတည်ရှိကြောင်း စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ယင်းမှတ်တမ်းရုပ်ရှင် ပေါ်ထွက်လာပြီးနောက်တွင် အီရန်နှင့် အနောက်အုပ်စုတို့ နျူကလီးယားသဘောတူညီမှုမရခင် တင်းမာမှုများ မြင့်တက်ခဲ့သေးသည်။
အိမ်ဖြူတော်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမျိုးသားထောက်လှမ်းရေးရုံး တို့က ယင်းသတင်းကို မှတ်ချက်ပြုရန် ငြင်းဆန်ခဲ့ကြသည်။
ယင်းစစ်ဆင်ရေး၏ အစီအစဉ်များပုံစံပေါ်လာအောင် အင်တာဗျူးများ လုပ်ဆောင်လျက်ရှိကြောင်း The New York Times က ရေးသားဖော်ပြ ထားသည်။
အီရန်နှင့် နျူကလီးယားသဘောတူညီမှုရရှိပြီးနောက် အမေရိကန်ကို အယုံအကြည်မရှိကြောင်း အီရန်နိုင်ငံ ဦးသျှောင်အလီခါမေနီက ပြောကြား ခဲ့ဖူးသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment