Thursday, February 18, 2016

မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦးကို အလုပ်အတူတူလုပ်သည့် အခန်းဖော်က သတ်ဖြတ် -------- --- --- --

မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦးကို အလုပ်အတူတူလုပ်သည့် အခန်းဖော်က သတ်ဖြတ် -------- --- --- --- မလေးရှားနိုင်ငံ ဘန်ဒါပူချောင် အူတာမာဒေသတွင် မြန်မာ အမျိုးသမီး တစ်ဦးအား အတူနေ အခန်းဖော်တစ်ဦးက သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ သတ်ဖြတ်သူဟု သံသယရှိခြင်းခံရသည့် အသက် ၃၁ နှစ် အရွယ်ရှိ အမျိုးသားက သေဆုံးသူသည် ယင်း၏ ငွေများ ခိုးယူထားသည်ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သေဆုံးသူမှာ၃၁ နှစ် ဖြစ်ပြီး ဘန်ဒါပူချောင် ရှိ နေအိမ်အိပ်ခန်းအတွင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ယမန်နေ့ နေ့လယ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ၊ ယင်း၏ ခင်ပွန်းနှင့် သတ်ဖြတ်သည်ဟု သံသယရှိသူတို့မှာ အနီးရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် အတူ အလုပ်လုပ်ကိုင်နေသူများ ဖြစ်ပြီး အလုပ်သမားတန်းလျားတွင် အတူနေထိုင်ကြသူများ ဖြစ်သည်။ သံသယရှိသူက ယင်း၏ ငွေ ရင်းဂစ် ၅၀၀၀ ကို ခိုးယူထားသည်ဟု စွပ်စွဲရာမှ အငြင်းပွားမှု ဖြစ်ပွားခဲ့ဖူးသည်ဟု ဆူဘန်ဂျာယာရဲဌာနမှ ရဲအရာရှိ ပြောကြားသည်။ “ဒီလိုစွပ်စွဲတာကို သေဆုံးသူက ငြင်းခဲ့ပါတယ်။ သူတို့ အလုပ်ရှင်က ဒီပြသ၁နာကို ညှိနှိုင်းဖြေရှင်းပေးဖို့ ကြိုးစားခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားမှု ထပ်ဖြစ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တာလို့ ယုံကြည်ရပါတယ်” ဟု ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် သွေးစွန်းနေသည့် ဓားတစ်ချောင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ သေဆုံးသူ၏ လက်တွင် ဓားဒဏ်ရာများ တွေ့ခဲ့ရသဖြင့် မသေဆုံးမီ ခုခံခဲ့ဖွယ် ရှိသည်ဟု ရဲအရာရှိက ဆိုသည်။ သံသယရှိသူမှာ လွတ်မြောက်နေဆဲ ဖြစ်ပြီး စုံစမ်းရှာဖွေနေသည်ဟု ဆိုသည်။ KHTun The Ladies News

No comments: