Tuesday, February 2, 2016

လွှတ်တော်ရုပ်သံလိုင်း ထုတ်လွှင့်နေမှု အသိပေးတင်ပြခြင်း ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®လွှတ်တော်ရုပ်သံလိုင်း ထုတ်လွှင့်နေမှု အသိပေးတင်ပြခြင်း =====================

လွှတ်တော်ရုပ်သံလိုင်း ထုတ်လွှင့်နေမှု အသိပေးတင်ပြခြင်း ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®® လွှတ်တော်ရုပ်သံလိုင်း ထုတ်လွှင့်နေမှု အသိပေးတင်ပြခြင်း ===================== မြန်မာအသံနှင့်ရုပ်မြင်သံကြားသည် ပြည်သူဗဟိုပြု ရုပ်မြင်သံကြားနှင့် အသံလွှင့် ၀န်ဆောင်မှုလုပ်ငန်းသို့ ပြောင်းလဲရန် အခြေခံကျသည့် ပြုပြင်ပြောင်းလဲမှုများကို ၂၀၁၃ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၁၃ခုနှစ် ဧပြီလ (၁)ရက်နေ့မှ စတင်၍ နေ့စဉ် နံနက် (၇)နာရီမှ ည(၉)နာရီအထိ နာရီစဉ်လိုက် သတင်းများကို ထုတ်လွှင့်ခဲ့သလို အောက်တိုဘာလ (၁၅)ရက်နေ့တွင် ဒစ်ဂျစ်တယ်ရုပ်သံလိုင်းများအဖြစ် Farmers channel, National Races channel နှင့် Hluttaw channel များကို စတင် ထုတ်လွှင့် နိုင်ခဲ့ပါသည်။ Hluttaw channel အား နေ့စဉ် နံနက် (၆)နာရီမှ ည (၁၀)နာရီအထိ (၁၆)နာရီကြာ ထုတ်လွှင့်ပေးလျှက်ရှိပြီး လွှတ်တော်ပုံမှန်အစည်းအဝေးများ၊ တပတ်အတွင်း လွှတ်တော်သတင်းများနှင့် ညစဉ် ပြည်သူ့အတွက် ကြိုးပမ်းမှုပုံရိပ်များ အစီအစဉ်တို့ ထည့်သွင်း တင်ဆက်ပေးလျှက်ရှိပါသည်။ ၂၀၁၃ခုနှစ် အောက်တိုဘာ (၁၆)ရက်မှ စတင်ကာ နေ့စဉ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို နေ့လည် (၁၂)နာရီမှ စတင်ကာ ထုတ်လွှင့်ပေးခဲ့ပါသည်။ ၂၀၁၅ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့မှ စတင်ကာ လွှတ်တော်ပုံမှန် အစည်းအဝေးများကို နံနက် (၁၀)နာရီမှ လွှတ်တော်ပြီးဆုံး ချိန်အထိ တိုက်ရိုက်ထုတ်လွှင့်ပြသလျှက်ရှိပါသည်။ Hluttaw channel တွင် လွှတ်တော်ပုံမှန် အစည်းအဝေးများအပြင် လွှတ်တော် (၃)ရပ်ဆိုင်ရာ ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်း အစီအစဉ်များ၊ လွှတ်တော်သမိုင်း( မြန်မာ/အင်္ဂလိပ်)နှင့် လွှတ်တော်သုံးရပ် မှတ်တမ်းတို့ကို ပြင်ပမီဒီယာကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်၍ ၂၀၁၅ခုနှစ် ဧပြီလမှ စတင်ကာ ရိုက်ကူးထုတ်လွှင့် နိုင်ခဲ့ပါသည်။ လွှတ်တော်ပုံမှန်အစည်းအဝေးများကို Hluttaw channel တွင်သာမက MRTV News channel တွင်လည်း နေ့စဉ် နေ့လည် (၁၂)နာရီ၊ ညနေ (၃)နာရီ ၊ညနေ (၄)နာရီတွင် ရရှိပြီး လွှတ်တော်သတင်းများအား လည်းကောင်း၊ ည(၇)နာရီတွင် လွှတ်တော်သတင်း အပြည့်အစုံကိုလည်ကောင်း၊ ည(၈)နာရီ သတင်းတွင် လွှတ်တော်သတင်း အကျဉ်းချုပ်ကိုလည်းကောင်း ထည့်သွင်းထုတ်လွှင့်ခဲ့ပါသည်။ လွှတ်တော် အစည်းအဝေးသာမက ဥက္ကဌများ၊ ဒုဥက္ကဌများ၊ ကော်မတီများ၏ အစည်းအဝေးများ၊ ဥက္ကဌများ၏ ပြည်တွင်း /ပြည်ပခရီးစဉ်များလည်း ထည့်သွင်းထုတ်လွှင့် ပေးခဲ့ပါသည်။ ပြည်သူ့အတွက် ကြိုးပမ်းမှု ပုံရိပ်များအစီအစဉ်ကို ညစဉ် (၉)နာရီသတင်းအပြီးနှင့် နေ့လည် (၁၂)နာရီသတင်းအပြီးတွင် ပုံမှန်ထုတ်လွှင့် လျှက်ရှိပါသည်။ တပတ်အတွင်း လွှတ်တော်သတင်း အစီအစဉ်ကိုလည်း စနေနေ့ နေ့လည်ပိုင်းတွင် ထည့်သွင်း ထုတ်လွှင့်ပေးလျှက်ရှိပါသည်။ ဒုတိယအကြိမ်ပုံမှန် အစည်းအဝေးစတင်သည့် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့မှ စတင်ကာ နေ့လည်(၁၂)နာရီ ၊ ညနေ(၃)နာရီ၊ ညနေ(၄)၊ ညနေ (၅)၊ ည (၇)နာရီ၊ ည(၈)နာရီသတင်းများတွင် အင်တာဗျူး အစီအစဉ်များပါ ထည့်သွင်းလျှက် ယခင်ထုတ်လွှင့်မှုပုံစံအတိုင်း ထုတ်လွှင့်လျှက်ရှိကြောင်း အသိပေးတင်ပြအပ်ပါသည်။

No comments: