မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 13, 2016
ဗိုလ်ချုပ်( ၁၀၁ )နှစ်မွေးနေ့ အထိမ်းအမှတ်ဗိုလ်ချုပ် ကျောင်းတက်ခဲ့သည့် အမျိုးသားအထက်တန်းကျောင်း ယခု(အမှတ် (၈) အစိုးရ မူလတန်းကျောင်း တွင်ကျင်းပ +++++++++++++++++++++++++++++++++
ဗိုလ်ချုပ်( ၁၀၁ )နှစ်မွေးနေ့ အထိမ်းအမှတ်ဗိုလ်ချုပ် ကျောင်းတက်ခဲ့သည့် အမျိုးသားအထက်တန်းကျောင်း ယခု(အမှတ် (၈) အစိုးရ မူလတန်းကျောင်း တွင်ကျင်းပ
+++++++++++++++++++++++++++++++++
ရေနံချောင်း ၊ ဖေဖော်ဝါရီ ( ၁၃ ) ။ ။ ဗိုလ်ချုပ်အောင်ဆန်းနှစ် ( ၁၀၁ ) နှစ်မွေးနေ့  အထိမ်းအ မှတ်ပန်းချီပြိုင် ပွဲ ၊ အားကစားပြိုင်ပွဲ များနှင့် သင်ကြားရေး အထောက်အကူပြုဂိမ်းပြိုင် ပွဲများနှင့်ဘက်စုံပညာ ဆုပေး ပွဲအခမ်း အနားများ ကိုဗိုလ်ချုပ်ကျောင်း တက်ခဲ့သည့်ယခင် အမျိုးသား အထက် တန်းကျောင်း ယခု အမှတ်( ၈ )အစိုးရ မူလတန်းကျောင်း ၌ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ကလေးငယ်များအားကစားခြင်းမှသင်ယူလေ့လာ တက်သော အလေ့အကျင့်ကောင်းများရရှိစေရန် ၊ အသင်းအဖွဲ့ စိတ်ဓာတ် ၊ အပြန်အ လှန် ရိုင်းပင်ကူညီတက်လာစေရန်ပြိုင်ပွဲများပြုလုပ်ပေးခြင်း အားဖြင့်ကြိုး စားလိုသောစိတ် ဓာတ်များပိုမိုစိတ်အား ထက်သန်လာစေရန် ၊ ဗိုလ်ချုပ်မွေး နေ့အထိမ်းအမှတ်ပွဲများပြုလုပ်ပေးခြင်း အစဉ်အလာတစ်ရပ် အမြဲရှိနေစေရန်ရည် ရွယ်ချက်ဖြင့်ကျင်းပဖြစ်တယ်ဟု မကွေးတိုင်းလူ ငယ်ကွန်ရက် ညှိနှိုင်းရေးမှူးဦးအောင် လင်းကြည် မှာပြော သည်။
ဗိုလ်ချုပ်အောင်ဆန်းနှစ်( ၁၀၁ )နှစ်မွေးနေ့ အ ထိမ်းအမှတ်ကိုမကွေးတိုင်း လူငယ်ကွန်ရက်နှင့်အမှတ် ( ၈)အစိုးရမူလ တန်းကျောင်း ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ ၊ ကျောင်းအကျိုးတော်ဆောင် များ ကျောင်း သားဟောင်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရှိရ သည်။
" ကျွန်တော်တို့ က ဗိုလ်ချုပ်မွေးနေ့ ကို ဗိုလ်ချုပ် ကျောင်းတက် ခဲ့တဲ့ယခင် အမျိုးသား အထက်တန်းကျောင်း ယခု အမှတ် ( ၈ ) အစိုးရ မူလ တန်းကျောင်း မှာနှစ်စဉ်ကျင်းပ တာပါ။ဗိုလ်ချုပ်ရဲ့ မြင့်မြတ်တဲ့စိတ် ၊ ရဲရင့်မှု့ ၊ ဖြောင့်မတ် မှု့ တွေကိုပုံဖော်ချင် တာရယ် ၊ ကလေးတွေ ရဲ့ လွတ်လပ် တဲ့စိတ်ကူးတွေပုံဖော်နိုင် ဖို့ ကျင်းပတဲ့အပြင်ကျွန်တော်တို့ 
ဒီပွဲမှာဆန္ဒပြုသစ်ပင်ကိုလည်းမည်သူမဆိုကျောင်းဖွံ့ ဖြိုး ရေးအတွက်ရေးသားဆန္ဒပြုနိုင်ဖို့ ထားရှိပေးပါတယ် " ဟု ဦးကျော်ငြိမ်း မှပြော သည်။
အဆိုပါပွဲများအပင်၂၀၁၄- ၂၀၁၅ပညာသင်နှစ်အမှတ်( ၈ )အစိုးရမူ လ တန်းကျောင်း ကျောင်းသားကျောင်း သူများ ဘက်စုံပညာဆုပေးပွဲအခမ်း အနား ကိုနေ့ လည် ( ၁ )နာရီတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း
သတင်း ရရှိ သည်။
SN
#Democrcaytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment