Saturday, February 13, 2016

မြန်မာလူငယ်များ၏ စံပြပုဂ္ဂိုလ် ++++++++++++++++++++++

မြန်မာလူငယ်များ၏ စံပြပုဂ္ဂိုလ် +++++++++++++++++++++++++++ Editorial +++++++++++++++++++++++++++ မူလတန်းကသင်ခဲ့ရသည့် ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ အစချီ ''အောင်ဆန်းဇာနည်''ကဗျာလေးကို ငယ်စဉ် ကတည်း က အော် ကျက် ခဲ့ ရဖူးသည်။ ယနေ့ကျရောက်သည့် ဗိုလ်ချုပ်မွေးနေ့ (၁၀၁) နှစ်ပြည့်အခါသ မယတွင် ထိုကဗျာလေးကို ပြန်အမှတ်ရနေ မိခဲ့သည်။ မြန်မာနိုင်ငံ ကလေးများ နေ့ကို လည်း ဗိုလ်ချုပ်၏မွေးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၃ ရက်ကို သတ်မှတ် ထားခဲ့သော်လည်း ဗိုလ်ချုပ်မွေးနေ့ အခမ်း အနားများရော၊ မြန်မာ နိုင်ငံကလေး များနေ့ အခမ်းအနားများကိုပါ အနှစ်သာရရှိရှိ ကျင်းပခွင့် မရခဲ့ကြသည်မှာ ကြာတောင့်ကြာရှည် ရှိခဲ့ပြီကို တွေ့ရသည်။ မနှစ်က ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အခမ်းအနားကျင်းပမှု များနှင့်ပတ်သက် ၍လည်း အချို့ကျင်းပခွင့်မရခဲ့သည် ကို တွေ့ရသည်။ သို့ဖြစ်ရာ ထိုသို့ဖြစ်ရမှု အပေါ် ဝေဖန်ပြောဆိုသံများ ကြားခဲ့ ရသေးသည်။ မည်သို့ဆိုစေ၊ ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်၊ တပ်မတော်စတင် တည်ထောင် သူ၊ လူထုချစ်သော ပြည်သူ့ခေါင်းဆောင် ဟူသော သူ၏လူသာသေသော် လည်း သမိုင်းမသေခဲ့ သည့် နာမည်ကောင်း အမွေကောင်း၊ လုပ်ရပ်ကောင်း များသည် မြန်မာပြည် သူလူထု၏ စိတ်နှလုံး သားထဲတွင် မည်သို့မျှ၊ မည်သူ မျှဖျောက်ဖျက် မရအောင် မော်ကွန်း ထိုးတံဆိပ် ခတ်နှိပ် ထားပြီးသား ဖြစ်ပေ သည်။ ထို့ကြောင့် မည်မျှ ပင် ဗိုလ်ချုပ်အောင် ဆန်း၏သမိုင်း ပုံရိပ်အား မှေး မှိန်အောင် လုပ်ဆောင်ကြ သည်ဖြစ်စေ ဗိုလ်ချုပ် ၏ပုံရိပ်သည် အမြဲ တမ်းတောက် ပနေသည် သာ ဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာ ဗိုလ်ချုပ်၏အများအကျိုးကို ရှေ့တန်းတင်သည့် စိတ် ဓာတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ကိုယ်ကျိုးကိုမငဲ့သည့် စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်းပီသသည့် စိတ်ဓာတ်၊ ဉာဏ်ပညာရှိမှု၊ တွေးခေါ်မြော်မြင် တတ်မှု၊ မဟုတ်မမှန်လျှင် ခေါင်းငုံ့အရှုံး မပေးတတ်သည့် စိတ်ဓာတ်၊ အခွင့်အ ရေးနှင့်ငွေအသပြာထက် ဂုဏ်သိက္ခာကို ပိုမိုတန်ဖိုးထားသည့်စိတ်ဓာတ်၊ ရဲဘော် များနှင့်သေ အတူ ရှင်မကွာ ရဲဘော်ရဲဘက်စိတ်ဓာတ်ရှိမှု၊ မိမိ၏ အသက်ကို ပင် ပဓာနမထားသည့် စိတ်ဓာတ်စသည့် အရည်အသွေးပိုင်းဆိုင် ရာ ကောင်း မြတ်မှုများကြောင့် ဖြစ်သည်။ ထိုအရည်အချင်းများသည် တမင်လုပ်ယူထားသည့် အရာများမဟုတ် ဘဲ ဗိုလ်ချုပ်၏ငယ်စဉ်ကလေးဘဝကတည်းက စတင်တည်ရှိလာခဲ့ သည့် စိတ်ပိုင်းဆိုင်ရာတန်ဖိုး၊ ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများဖြစ်သည် ကို တွေ့ ရသည်။ ဗိုလ်ချုပ်သည် ကျောင်းသား ဘဝတွင် လည်း စာတော်သော ကျောင်း သား ဖြစ်ခဲ့ပြီး၊ ကျောင်း သားနိုင်ငံရေး သမားဘဝတွင်လည်း သူ့ထက်ဝါကြီးသော သူများ၏ လေးစားယုံ ကြည်ခြင်းခံခဲ့ရသည်ကို ရန်ကုန်တက္ကသိုလ်ကျောင်း သားဘဝ နိုင်ငံရေးလှုပ်ရှားမှုများနှင့် တို့ဗမာ အစည်းအရုံးအတွင်းရေးမှူး ဘဝ တွင် တွေ့ ရ သည်။ အလားတူ စစ်သား ဘဝတွင်လည်း ဗိုလ်ချုပ် ၏ ခေါင်း ဆောင်ကောင်း ပီသမှုကို တွေ့နိုင် သလို၊ စစ်ဘက်မှထွက် ၍ နိုင်ငံရေးသမား ဘဝကို ခံယူခဲ့သည့် အချိန်တွင်လည်း ပြည်သူလူထု၏ အထူးယုံကြည်ကိုးစား ခြင်းခံ ရသူတစ်ဦးဖြစ် သည် ကို တွေ့ရပေသည်။ ဗိုလ်ချုပ်သည် မြန်မာ့လွတ်လပ်ရေးလမ်းခုလတ်တွင် တိမ်းပါးခဲ့ရသဖြင့် လွတ်လပ်ရေးရပြီးနောက်ကာလကို မိမိတို့ကိုယ်တွေ့ မျက်မြင် မတွေ့ ရသော် လည်း ဗိုလ်ချုပ်၏လွတ်လပ်ရေးရပြီးနောက် သူဖြစ်စေချင်သည့် သူ၏ပုဂ္ဂိုလ်ရေး ဘဝမှာ နိုင်ငံရေးမှအနား ယူ ၍ အေးအေးဆေးဆေး စာရေးမည်ဟူသော ပြော ကြားချက်ကိုကြည့်လျှင် ဗိုလ်ချုပ်၏စိတ်ဓာတ်မှာ အာဏာအပေါ် ဖက်တွယ် မှုကင်းမဲ့သည်ကို တွေ့နိုင်ပေသည်။ ထိုအချက်များသည် ယနေ့ဗိုလ်ချုပ်အောင်ဆန်းမရှိတော့သည့် နှစ်ပေါင်း (၁၀၁)နှစ်မြောက်သည့်နေ့တိုင် ဗိုလ်ချုပ်ကို မြန်မာပြည်သူများက မမေ့မလျော့စေ နိုင်ခဲ့ သည့်အချက်များ ဖြစ်ပေလိမ့်မည်။ ထိုသို့သော အချက်များသည် ကလေး သူငယ်များအတွက်မူ ပြိုင်စံရှားသည့် စံပြပုဂ္ဂိုလ်ကောင်း တစ်ဦး၏ စံသတ်မှတ် ချက်များဖြစ်ရာ မြန်မာကလေး ငယ်များ၊ လူငယ်များ၏ နှလုံးသားထဲတွင် ထိုသို့ သောတန်ဖိုးများ ရှင် သန်နေစေအောင် မိဘဆရာများက လမ်းညွှန်မှုပေးနိုင်ရန် အထူးလိုအပ် လှပေကြောင်း ဒီမိုကရေစီတူဒေးက သုံးသပ်ဖော်ပြအပ်ပေ သည်။ အယ်ဒီတာ(ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆) #Democracytoday

No comments: