Wednesday, February 10, 2016

ကျောင်းပြင်ပစစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ လွယ်ကူသောမေးခွန်းသာ မေးမည်ဟုဆို

ကျောင်းပြင်ပစစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ လွယ်ကူသောမေးခွန်းသာ မေးမည်ဟုဆို Wednesday, February 10, 2016 ကျောင်းပြင်ပစစ် စာမေးပွဲစနစ်ဖြင့် ဖြေဆိုရမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲကို ကျောင်းသားများ လွယ်ကူစွာဖြေဆိုနိုင်မည့် မေးခွန်းများမေးမည်ဖြစ်၍ အောင်ချက် ၈၀ ရာခိုင်နှုန်းနှင့်အထက် ရှိနိုင်ကြောင်း အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးကပြောသည်။ ‘‘အတန်းကူးပြောင်းနှုန်းက အနည်းဆုံး ၈၀ အထက်ရှိမှာပါ။ ဒေသအဆင့်နဲ့ လိုက်လျောညီထွေရှိတဲ့ မေးခွန်းမျိုးမေးဖို့၊ ကလေးတွေ ဖြေဆိုရလွယ်ကူမယ့် မေးခွန်းမျိုးကိုမေးဖို့ကို နေပြည်တော်မှာ မေးခွန်းပြုစုမယ့် တိုင်းနဲ့ပြည်နယ်ပညာရေးမှူးတွေကို တွေ့တုန်းက မှာထားတယ်’’ ဟု အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။ အခြေခံပညာကျောင်းများတွင် ကျောင်းပြင်ပစနစ်ဖြင့် ဖြေဆိုရမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။ စတုတ္ထတန်းစာမေးပွဲကို သက်ဆိုင်ရာ ခရိုင်ပညာရေးမှူး ဦးဆောင်သည့် စာစစ်အဖွဲ့နှင့် အဋ္ဌမတန်းစာမေးပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးဦးဆောင်သည့် စာစစ်အဖွဲ့က မေးခွန်းပြုစု၍စစ်ဆေးမည်ဖြစ်သည်။ ကျောင်းပြင်ပစစ် စာမေးပွဲစနစ်ကျင့်သုံးခဲ့သော ပြီးခဲ့သည့် ပညာသင်နှစ်တွင် စတုတ္ထတန်း အောင်ချက် ၇၅ ဒသမ ၈၆ ရာခိုင်နှုန်းကျော်နှင့် အဋ္ဌမတန်းအောင်ချက် ၅၄ ဒသမ ၁၁ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး ပြည်နယ်များ၌ အကျအရှုံး ပိုမိုများပြားခဲ့ကြောင်း အခြေခံ ပညာဦးစီးဌာနစာရင်းများအရ သိရသည်။ 7Day Daily ၂၀၁၄-၁၅ ပညာသင်နှစ်က ကျောင်းပြင်ပစာမေးပွဲဖြေဆိုခဲ့သော ကျောင်းသားများ။ (ဓာတ်ပုံ - နစ်ကီ)

No comments: