မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 10, 2016
တရုတ်ပြည်တွင် နေ့စားအလုပ်လုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ပြီး တရုတ်မယားအဖြစ် ရောင်းစားသူများကို အရေးယူ == ==== ===== ========
တရုတ်ပြည်တွင် နေ့စားအလုပ်လုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ပြီး တရုတ်မယားအဖြစ် ရောင်းစားသူများကို အရေးယူ
== ==== ===== =========
မိုးကောင်းမြို့မှ မ- - - အား တရုတ်နိုင်ငံတွင် နေ့စားအလုပ်ရမည်၊ တစ်နေ့လုပ်ခတရုတ်ယွမ်ငွေ(၁၀၀)ရရှိမည်ဟုလိမ်လည်စည်းရုံး ခေါ်ဆောင်ခဲ့ပြီး တရုတ်အမျိုးသားတစ်ဦးနှင့် အဓမ္မလက်ထပ်ရန် ရောင်းစား ခဲ့ကြသော မြစ်ကြီးနားမြို့၊မိုးကောင်းမြို့နယ်နေကိုမွန်းအောင်၊ ဒေါ်မေဦး နှင့် တရုတ်နိုင်ငံနေ ဒေါ်အားရီ တို့(၃)ဦး ကို ဖေဖော်ဝါရီ ၅ ရက် တွင် မိုးကောင်းမြို့မ ရဲစခန်း၌ (ပ) ၁၂/၂ဝ၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ၂၄/၃၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် မိုးကောင်းမြို့၊ - - -ရွာမှ ညီအစ်(၂)ဦး(တစ်ဦးမှာတရုတ်နိုင်ငံတွင်လူကုန်ကူးခံရပြီး ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူ)တို့ ကချင်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ရုံးသို့ ရောက်ရှိနေကြောင်း ဖုန်းဆက် အကြောင်းကြားချက်အရ အမှတ်(၁၂) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ မြစ်ကြီးနား မှ တပ်ဖွဲ့ဝင်းများ က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ရက်မမှတ်မိ နေ့ကတစ်ရွာတည်းနေကိုမွန်းအောင်(ခ)မူအောင်နှင့် ဒေါ်မေဦးတို့မှ တရုတ်နိုင်ငံတွင် အိမ်ထောင်ကျနေသော ဒေါ်မေဦး ၏ အစ်မဖြစ်သူ ဒေါ်အားရီ သည် မြို့ဟောင်းကျေးရွာသို့ ရောက်ရှိနေပြီး မ - - - အား ဒေါ်အားရီ နှင့် အတူ တရုတ်နိုင်ငံသို့ လိုက်ပါ၍ နေ့စားအလုပ် လုပ်ကိုင်ပါက တစ်ရက်လျှင် တရုတ်ယွမ်ငွေ(၁၀၀) ရရှိမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း၊
၂၀၁၄ခုနှစ် သြဂုတ် ၂၄ ရက်နေ့တွင် မ - - - သည် ၎င်းတို့နှင့်အတူ တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် လိုက်ပါခဲ့စဉ် မိုးကောင်းမြို့၊ ကားဂိတ်၌ ကိုမွန်းအောင်တို့မှ စည်းရုံးခေါ်ဆောင်ထားသော အခြား အမျိုးသမီးတစ်ဦး မှာ ကြိုတင်ရောက်ရှိနေပြီး ကိုမွန်းအောင်မှာ မိုးကောင်းမြို့ တွင် ကျန်ရစ်ခဲ့ကြောင်း၊
ထို့နောက် မ - - - ၊ ကားဂိတ်တွင်ကြိုတင်ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦး နှင့် ဒေါ်မေဦး၊ ဒေါ်အားရီ တို့ (၄)ဦးသည် ကန်ပိုက်တည်မြို့မှတစ်ဆင့် တရုတ်နိုင်ငံရှိ ဒေါ်အားရီနေထိုင်ရာ လုခူးမြို့အနီးရှိ ရွာတစ်ရွာသို့ သွားရောက်ခဲ့ကြောင်း၊ ထိုရွာတွင် (၇)ရက်ခန့် နေထိုင်ခဲ့ပြီး မြေသယ်သည့် နေ့စားအလုပ်ကို လုပ်ကိုင်ခဲ့ ရသော်လည်း လုပ်အားခ ရရှိခဲ့ခြင်း မရှိကြောင်း၊ ၎င်းတို့အား တရုတ်အမျိုးသားများမှ မကြာခဏ လာရောက် ကြည့်ရူနေသည်ကို တွေ့ရှိရပြီးနောက် ဒေါ်အားရီမှ အတူလိုက်ပါလာသူ အမျိုးသမီးတစ်ဦး အား တရုတ် အမျိုးသား တစ်ဦးထံ ယွမ်ငွေ(၃) သောင်းကျော်ဖြင့် ရောင်းစားခဲ့ကြောင်း၊
၎င်းနောက် ဒေါ်အားရီ၏ခင်ပွန်း လီဆူး အမျိုးသား နှင့် ဒေါ်မေဦးတို့မှ မ - - - အား အမည်မသိ ကျေးရွာတစ်ရွာသို့ ခေါ်ဆောင်သွားခဲ့ပြီး တရုတ်အမျိုးသားတစ်ဦးထံယွမ်ငွေ(၇)သောင်းကျော်ဖြင့် ရောင်းစားခဲ့ကြောင်း၊
တရုတ်အမျိုးသားနှင့် (၆)လခန့်ပေါင်းသင်းနေထိုင်စဉ် ကိုယ်ဝန်(၄)လခန့် ရရှိခဲ့ပြီးနောက် ၎င်းအိမ်မှ ထွက်ပြေးခဲ့ပြီး ရွှေလီမြို့မှ လိုင်ဇာ၊ထိုမှတစ်ဆင့်မိခင်ဖြစ်သူနေထိုင်ရာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊
၂၀၁၅ ခုနှစ်၊ မေလရက်မမှတ်မိနေ့ကမ--အား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကိုမွန်းအောင်နှင့် ဒေါ်မေဦးတို့မှ စာရွက်တစ်ရွက်ပေါ်တွင် လက်မှတ်ရေးထိုးခိုင်းကာ မ - - - ၏ နစ်နာမှုအတွက် ကချင်ရိုးရာအရ မြန်မာ ကျပ်ငွေ(၂၅)သိန်းနှင့် ရွှေ(၁)ကျပ်သား ဆွဲကြိုးတစ်ကုံးတို့အားအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာလူကြီးများရှေ့တွင် ပေးအပ်ခဲ့သဖြင့် မ - - - မှ လက်မှတ်ရေးထိုးယူထားရသော်လည်း ၎င်းအား တရုတ်အမျိုးသားနှင့် အဓမ္မပေါင်းသင်း ရန် ရောင်းစားခဲ့သူများဖြစ်၍ ကိုမွန်းအောင်တို့အား ကျေနပ်ခြင်း မရှိခဲ့ကြောင်း၊
တရုတ်အမျိုးသားနှင်ရရှိခဲ့သောကိုယ်ဝန်အား မွေးဖွားစရိတ်လိုအပ်သဖြင့်သာ ငွေ(၂၅)သိန်းနှင့် ရွှေတစ်ကျပ်သားတို့အား ရယူခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ညီမဖြစ်သူသည် မ - - - နေထိုင်ရာရွာသို့ ရောက်ရှိလာပြီး ၎င်းအား တရုတ် နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် မြစ်ကြီးနားမြို့သို့ ခေါ်ဆောင်၍ ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့သို့သွားရောက်တိုင်ကြားခဲ့ကြောင်း မေးမြန်းသိရှိခဲ့ရသည်။
သို့ပါ၍ မ - - -အား တရုတ်နိုင်ငံတွင် နေ့စားအလုပ်ရမည်၊ တစ်နေ့လုပ်ခ တရုတ်ယွမ်ငွေ (၁၀၀) ရရှိ မည်ဟု ပြောဆို လိမ်လည်စည်းရုံးခေါ်ဆောင်ခဲ့ပြီး တရုတ်အမျိုးသားတစ်ဦးနှင့် အဓမ္မလက်ထပ်ရန် ရောင်းစားခဲ့ကြ သော မြစ်ကြီးနားမြို့၊ မိုးကောင်းမြို့နယ်နေ ကိုမွန်းအောင်(မိ)၊ ဒေါ်မေဦး(မိ) နှင့် တရုတ်နိုင်ငံနေ ဒေါ်အားရီ (စုံစမ်းဆဲ) တို့ (၃)ဦးအား ဥပဒေအရ အရေးယူပါရန် လူကုန်ကူးခံရသူ မ - - - ကတရားလိုပြုလုပ်တိုင်တန်းသဖြင့် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် မိုးကောင်းမြို့မရဲစခန်း မှ (ပ)၁၂/၂ဝ၁၆ ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂(က) ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရှိရသည်။
အမှုမှ ကျန်ရှိတရားခံ ဒေါ်အားရီ အား ဖမ်းဆီးရမိရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ၊ နယ်စပ်ဆက်ဆံရေး အရာရှိရုံး၊ လွယ်ဂျယ် (BLO) မှတစ်ဆင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment