Wednesday, February 10, 2016

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပြင်ဆင်ရေး အစိုးရမပါဘဲ အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် ဆွေးနွေးမည်

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပြင်ဆင်ရေး အစိုးရမပါဘဲ အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် ဆွေးနွေးမည် Wednesday, February 10, 2016 အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (အီးစီ)တွင် ပြင်ဆင်ဖြည့်စွက် လိုသော အ ချက်များနှင့်ပတ်သက်၍ အစိုးရမ ပါဝင်တော့ဘဲ အလုပ်ရှင်၊ အလုပ် သမားနှစ်ဖက်သာ ထိပ်တိုက် တွေ့ဆုံကာ ညှိနှိုင်းသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ အီးစီစာချုပ်နှင့်ပတ်သက်၍ ဇန်န၀ါရီ ၃၁ ရက်က ပထမဆုံးအ ကြိမ်အဖြစ် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ပြုလုပ် ခဲ့ခြင်းဖြစ်သော်လည်း အဖြေမ ထွက်ခဲ့ဘဲ ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးမှု၌ အစိုးရဘက်မှ ပါဝင် တော့မည်မဟုတ်ဟု အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနက ကြေညာ သည်။ အလုပ်ရှင်၊ အလုပ်သမား များ တွေ့ဆုံဆွေးနွေးရာတွင် ဥပ ဒေ အချက် အလက် များနှင့်အညီ ညှိနှိုင်းဆွေးနွေးကြရန်နှင့် နှစ်ဖက် သဘောတူညီချက် ရပါက ၀န်ကြီး ဌာနက ဥပဒေနှင့်အညီ အကောင် အထည်ဖော်ပေးမည်ဟု ဆိုသည်။ စာချုပ်နှင့်ပတ်သက်သော ညှိနှိုင်းဆွေးနွေးမှုကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ကုန်သည်/ စက်မှု အသင်းချုပ်ရုံး၌ ပြုလုပ်သွားရန်ရှိ ပြီး အစိုးရပါဝင်မှု မရှိတော့ခြင်း ကြောင့် နှစ်ဖက်ပိုမို ပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးနိုင်မည်ဟု အ လုပ်သမားကိုယ်စားလှယ်အချို့ က ပြောသည်။ ‘‘အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဖက်တွေ့ဆုံတဲ့အတွက် တင်း မာမှုတွေရှိ နိုင်တယ် လို့ ယူဆမှု တွေရှိပေမယ့် ပထမနေ့ဆွေးနွေး ပွဲအခြေအနေကို ကြည့်လိုက်ရင် နှစ်ဖက်စလုံးက ညှိနှိုင်းမှုရနိုင်မယ့် အနေအထားတွေ တွေ့ခဲ့တယ်။ အဲဒီမှာ အဓိကအဆင်မပြေတာ ကအစိုးရက မူလချထားပေး တဲ့ စာချုပ်ပါအချက်တွေကို ပြင်ခွင့်မ ပေးတာဘဲ’’ဟု မြန်မာနိုင်ငံစက်မှု လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးအောင်သူက ပြောသည်။ အစိုးရက ထုတ်ပြန်ထား သည့် စာချုပ်ပုံစံမှာ အသေးစိတ် ဆန်ပြီး ဥပဒေကိုးကားချက်များ နှင့် အဓိပ္ပာယ်ဖွင့်ဆိုရခက်သည့် အသုံးအနှုန်းများ ပါဝင်နေကာ စာချုပ်စာမျက်နှာလည်း များလွန်း သဖြင့် ပြင်ဆင်ချက်အချို့ ထည့်သွင်း၍ ရှင်းလင်း သဘောပေါက်လွယ်အောင် ပြောင်းလဲရန်နှစ်ဖက် စလုံးက လိုလားနေခြင်းဖြစ်သည်။ အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ကမူ ၎င်းတို့ထုတ်ပြန်ထားသည့် စာချုပ်ပုံစံပါအချက်အလက်များမှာ လုပ်ငန်းခွင်အငြင်းပွားမှုဖြစ်လာပါက ဥပဒေပါအ ချက်များနှင့်အညီ တိကျစွာဖြေရှင်းပေးနိုင်ရန် ကြိုတင်ထည့်သွင်းပေးထားခြင်းဖြစ်၍ ပြင်ဆင်ခွင့်မပေးနိုင်ဘဲ နောက်တိုးဖြည့်စွက်ချက်အဖြစ်သာ ထည့်သွင်းခွင့်ပေး နိုင်မည်ဟု ထုတ်ဖော်ပြောကြားထားသည်။ အစိုးရအနေဖြင့် လုပ်သား ငါးဦးနှင့်အထက်ရှိသော လုပ်ငန်း များ၌ အီးစီစာချုပ်များချုပ်ဆိုရန် ၂၀၁၅ စက်တင်ဘာကတည်းက ကြေညာထားခဲ့သည်။ သို့သော်စာချုပ်ပါ အချက် အလက်များမရှင်းလင်းမှု၊ အလုပ် သမားအခွင့်အရေးအပြည့်အ၀ရ ရှိရေးအချက်များ ထပ်မံထည့် သွင်းပေးရန်တောင်းဆိုမှုများနှင့် ယင်းတောင်းဆိုချက်များအပေါ် နှစ်ဖက်ညှိနှိုင်းမှုအဆင်မပြေမှု များရှိနေခြင်းကြောင့် ၀န်ကြီးဌာန တွင် စာရင်းရှိထားသည့်လုပ်ငန်း ထက်ဝက်ကျော်မှာ ငါးလကျော် ချိန်အထိ စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိ သည်။ အလုပ်ရှင်အနေဖြင့် အလုပ် သမားအား အလုပ်ခန့်ထားပြီးပါ က ရက်ပေါင်း ၃၀ အတွင်း အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူစာ ချုပ်ချုပ်ဆိုရမည်ဟု အလုပ်အ ကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးဥပဒေတွေင်ပြဋ္ဌာန်း ထားသည်။ ထိုသို့သတ်မှတ်ကာလအ တွင်း စာချုပ်ချုပ်ဆိုရန် ပျက် ကွက်ပါက ခြောက်လထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေ ချမှတ်နိုင်သည်ဟု ယင်းဥပဒေ ၌ ဖော်ပြထားသည်။ ထို့အပြင် စာချုပ်ပါစည်း ကမ်းချက်အား ဖောက်ဖျက်ပါက သုံးလထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဆက်လက်ပါရှိသည်။ လက်ရှိတွင် လုပ်ငန်းအများ စုမှာ စာချုပ်ချုပ်ဆိုထားနိုင်ခြင်းမရှိ သေးသော်လည်းဥပဒေကြောင်း အရ အရေးယူသည့်အဆင့်သို့မ သွားသေးဘဲ ညှိနှိုင်းမှုများအဆင် ပြေအောင် ဦးစားပေးကြားဝင် ဆောင်ရွက်ပေးနေခြင်းဖြစ်သည် ဟု အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။ 7Day Daily

No comments: