Monday, February 8, 2016

အမှတ် (၆) အစုန်မှ လိုက်ပါစီးနင်းကြသော ခရီးသည်များအား သီးသန့်နေရာ စီစဉ်ပေးခဲ့သဖြင့် တာဝန်ရှိသူ အချို့အား စီစစ်ဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

အမှတ် (၆) အစုန်မှ လိုက်ပါစီးနင်းကြသော ခရီးသည်များအား သီးသန့်နေရာ စီစဉ်ပေးခဲ့သဖြင့် တာဝန်ရှိသူ အချို့အား စီစစ်ဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®® တရုတ်ပြည်သူ့သမ္မတနိုင်ငံက မှာယူတင်သွင်းခဲ့သော အဆင့်မြင့် ခေတ်မီလေအိတ်စနစ်ပါဝင်သည့် ရန်ကုန် မန္တလေးလမ်း အမှတ် (၅) အဆန်နှင့် မန္တလေး-ရန်ကုန်လမ်း အမှတ် (၆) အစုန် အမြန်ရထားများ အား တွဲဆိုင်း အသစ်များဖြင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ မီးရထားမှ အစားထိုးပြေးဆွဲပေးခဲ့ပြီးနောက် ဇန်နဝါရီ ၂၅ ရက်က မန္တလေးဘူတာမှထွက်သည့် အမှတ် (၆)အစုန်၌ လိုက်ပါစီးနင်းကြသော ခရီးသည်များအား တာဝန်ရှိသူ အချို့က သီးသန့်နေရာစီစဉ်ပေးခဲ့သဖြင့် တိုင်း (၃) မန္တလေးမှ တာဝန်ရှိသူအချို့အား စိစစ်ဖော်ထုတ် အရေးယူ စုံစမ်းဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်သည်။ တိုင်း (၃) မန္တလေးမှ တာဝန်ရှိသူအချို့၏ လုပ်ဆောင်မှု အားနည်းချက်ကြောင့် အထုပ်အပိုးများ၊ သေတ္တာများ၊ ဆိုင်ကယ်များ တင်ဆောင်မှုကိစ္စများမှာ လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ခရီးသွား ပြည်သူ အချို့ကလည်း မြန်မာ့မီးရထားမှာ အပြောနှင့် အလုပ်မညီဟု ထင်မြင် ယူဆသွားခဲ့ကြကြောင်း၊ အမှန် တကယ်မှာ တိုင်း(၃)မန္တလေးမှ တာဝန်ရှိသူ အချို့က သီးသန့်နေရာလာရောက် တောင်းဆိုကြသော ခရီးသည် များအား နားလည်သဘောပေါက်စေရန် သေချာရှင်းပြ ပြောဆိုပြီး ပစ္စည်းများတင်နိုင် သည့် ဘရိတ်တွဲများ ပါသော အခြားရထားတွဲများ၌ စီစဉ်ဆောင်ရွက်ပေး ခဲ့လျှင် ယခုကဲ့သို့ ဖြစ်စဉ်များဖြစ် ပွားခဲ့မည်မဟုတ် ကြောင်း၊ ထိုခရီးသည်များ အတွက် သီးသန့်နေရာစီစဉ်ပေးမှုများကိုလည်း ဇန်နဝါရီ ၂၆ ရက်က အမှတ်(၄)အစုန် ပြေးဆွဲသော ရထားတွဲဆိုင်း၌ ပြောင်းလဲ စီစဉ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လက်ရှိအနေအထားအရ အမှတ် (၅) အဆန်၊ အမှတ်(၆)အစုန်ရထားတွဲဆိုင်းများကိုလည်း ဇန်နဝါရီ ၂၆ ရက်မှစတင်၍ မြန်မာ့မီးရထားရှိ ဌာနပေါင်းစုံမှ တာဝန်ရှိသူများက လမ်းပိုင်းအလိုက် ဆက်လက်ကြပ်မတ် ဆောင်ရွက်လျက် ရှိနေပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။ မြန်မာ့မီးရထား၊ စီးပွားရေးဌာနမှ အထွေထွေမန်နေဂျာ ဦးအောင်မြင့်လှိုင်က “ဇန်နဝါရီ ၂၅ ရက်က မန္တလေး ဘူတာကထွက်တဲ့ အမှတ် (၆) အစုန်ရထားတွဲဆိုင်းသစ်မှာ ပစ္စည်းများ၊ အထုပ်အပိုး၊ သေတ္တာ၊ ဆိုင်ကယ် ကိုးစီးက တွဲတစ်တွဲစီမှာပါဝင်ခဲ့တော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တက်လာခဲ့ပါတယ်။ မြန်မာ့မီးရထား လုပ်ငန်းရဲ့ ရရှိပြီးသား ပုံရိပ်တွေဟာ မှေးမှိန်ပျောက်ကွယ်ခဲ့ရပါတယ်။ တကယ်တမ်းတော့ တိုင်း(၃) မန္တလေးမှ တာဝန်ရှိသူအချို့ရဲ့စီစဉ်မှုအားနည်းခဲ့လို့ ဒီကိစ္စဖြစ်သွား ခဲ့ရခြင်းဖြစ်ပါတယ်။ ဒီလိုပစ္စည်းတွေပါတယ်ဆိုရင် ဒုတိယရထားဖြစ်တဲ့ အမှတ် (၄) အစုန်ရထားမှာ သူတို့ကစီစဉ်ပေးရမှာပါ။ လက်ရှိတော့ ပေါ့လျော့စွာ လုပ်ဆောင်ခဲ့တဲ့ တိုင်း (၃) မန္တလေးမှ တာဝန်ရှိသူများအား စိစစ်ဖော်ထုတ်အရေးယူ စုံစမ်းဆောင်ရွက်ပြီးစီးခဲ့ပါပြီ” ဟု ပြောသည်။ အမြန်ရထားစီးနင်းကြသူများ အဆင်ပြေကြစေရေးအတွက် ရိုးရိုးတန်း၌ ရထားစီးခရီးသည်တစ်ဦးလျှင် အခမဲ့ လက်ဆွဲတန်ဆာ ၂၅ ပိဿာနှင့် အထက်တန်း၌ ရထားစီးခရီးသည်တစ်ဦးလျှင် အခမဲ့လက်ဆွဲတန်ဆာ ၃၅ ပိဿာအထိ တင်ဆောင်သယ်ယူခွင့်ပြုထားကြောင်း၊ ထိုပစ္စည်းများမှာ လည်း ရောင်းဝယ်ဖောက်ကားကြသော ကုန်ပစ္စည်းများမဟုတ်ဘဲ ခရီးသည်များ၏ တစ်ပိုင်တစ်နိုင် လူသုံးကုန်ပစ္စည်းများသာ ဖြစ်ရ မည်ဖြစ်ကြောင်း၊ ရထားစီးခရီးသွား ပြည်သူများကလည်း လိုက်နာဆောင်ရွက်စေချင်ကြောင်း၊ မြန်မာ့မီးရထားမှ အမြန်ရထားစီး ခရီးသည်များအတွက် ထိုသို့ သယ်ယူခွင့်ပြုခဲ့သည်မှာ ယခုမှမဟုတ်ဘဲ ယခင် ကာလကတည်းကသာဖြစ် ကြောင်ဖြင့် မြန်မာ့မီးရထား၊ တိုင်းအမှတ်(၇)မှ လက်ထောက်အထွေထွေ မန်နေဂျာ (ပို့ဆောင်ရေး) ဦးကျော်စိုးလင်းက ရှင်းပြခဲ့သည်။ ရန်ကုန်-မန္တလေးလမ်း အမှတ် (၅) အဆန်နှင့် မန္တလေး-ရန်ကုန်လမ်းအမှတ် (၆) အစုန် အမြန်ရထားများကို တွဲဆိုင်းအသစ်မလဲလှယ်မီက ထိုင်ခုံမဲ့လက်မှတ်လုံးဝမရောင်းချရန်၊ ခရီးသည်နှင့်အတူ ပါလာမည့်ခွင့်ပြု အလေးချိန်အတွင်း ပစ္စည်းများသာတင်ဆောင်ရန်၊ ယခင်ကကဲ့သို့ ရထားထိန်းတွဲ၌ တန်ဆာဖြင့် တင်ဆောင် ခွင့်ပြုထားသော ရောင်း ဝယ်ဖောက်ကားမှု ပစ္စည်းများကို တင်ဆောင်ခွင့်မပြုရန်၊ လက်မှတ်မဲ များနှင့် ဈေးသည် များမပါရှိရန်အတွက် တိုင်းမန်နေဂျာများက ကိုယ်တိုင်တာဝန်ယူရန်၊ လက်မှတ်စစ်ကွင်းဆက်ဇယားအတိုင်း မပျက်မကွက်စစ်ဆေးရန်၊ စက်မှုဌာနနှင့် သွားလာ၊ စီးပွားဌာနမှ ရထားတာဝန်မှူးများက နေ့စဉ်လိုက်ပါရန်၊ တွဲထိန်းများတွဲအလိုက် အင်အားပြည့်လိုက်ပါရန်၊ ခရီးသည်အသိပေး ကြေညာချက်များကို ရထားစတင် ထွက်ခွာချိန်မှ ခရီးဆုံးအထိနှင့် လမ်းခရီးဘူတာရောက်၊ ထွက်တိုင်းအသိပေးရန်၊ တွဲတံခါးများကို ရထား မထွက်မီ ပိတ်ရန်၊ ဘူတာတွင်ရပ်ပြီးမှဖွင့်ရန်နှင့် မြန်မာ့မီးရထားမှ ဝန်ထမ်းများကိုပင် မည်သည့် pass များနှင့်မှ စီးနင်းမှုမပြုရန် စသည့်သတ်မှတ်ချက်များကို နေပြည်တော်၌ ကျင်းပသည့် မြန်မာ့မီးရထားဒုတိယလေးလပတ် အစည်းအဝေးတွင် ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ခေါ်ယူ မှာကြားခဲ့ကြောင်း သိရသည်။ မြန်မာ့မီးရထားလုပ်ငန်း၌ ပြေးဆွဲမှုအခက်ဆုံးလမ်းပိုင်းမှာ ရန်ကုန်မြို့ပတ် လမ်းပိုင်းဖြစ်ပြီး ဒုတိယအခက်ဆုံး လမ်းပိုင်းမှာ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းဖြစ်ကြောင်းနှင့် တတိယအခက်ဆုံး လမ်းပိုင်းများမှာ ကျန်ရှိရထား လမ်းပိုင်းများဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံကမှာယူ တင်သွင်းခဲ့သော ၃၈ တွဲအနက် တွဲတော်တော် များများရောက် ရှိခဲ့ပြီဖြစ်သဖြင့် လာမည့်မတ်လ၌ အမှတ် (၇၁) အဆန် (၇၂) အစုန်ပြေးဆွဲနေသော ရန်ကုန်-ပြည်လမ်းပိုင်းပြေးဆွဲနေသည့် ရထားတွဲဆိုင်းကို အစားထိုးပြေးဆွဲတော့မည်ဖြစ်ကြောင်း၊ လာမည့်ဘဏ္ဍာနှစ် ဘတ်ဂျက်ကာလတွင်လည်း ကိုရီးယားနိုင်ငံ EDCF မှချေးငွေ ဒေါ်လာသန်း ၁၀၀ ရယူအသုံးပြုကာ တွဲအသစ် များဝယ်ယူရန်အတွက် စာချုပ်လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ အဲယားကွန်းအထက်တန်းတွဲ ၂၀၊ အဲယားကွန်း မပါသော အထက်တန်းတွဲ ၂၀ နှင့် ရိုးရိုးတန်းတွဲ ၆၀ ဖြင့် တွဲပေါင်း ၁၀၀ ဝယ်ယူရန် စီစဉ်ထားပြီးကြောင်းနှင့် ခရီးသည် စီးနင်းမှု အများဆုံးဖြစ်သည့် လမ်းပိုင်းများ၌ အစားထိုး ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း ပြေးဆွဲနေသော ရထားတွဲဆိုင်းများ စာရင်းအရ ခရီးဝေးခရီးတိုရထားတွဲဆိုင်း အစင်း ၂၀၀ နှင့် ရန်ကုန်မြို့ပတ်ရထားတွဲဆိုင်း ၂၁၅ စင်းရှိပြီး တစ်ရက်လျှင် ရထားတွဲဆိုင်း ၄၁၅ စင်း ပြေးဆွဲလျက် ရှိကြောင်း၊ လိုက်ပါစီးနင်းကြသောခရီးသည်ဦးရေမှာ တစ်ရက်လျှင် တစ်သိန်းခွဲရှိကြောင်း၊ ရန်ကုန်-မန္တလေးလမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းနှင့် ရန်ကုန်-ပြည်လမ်းပိုင်း၌ ရထားစီနင်းကြသောခရီးသည်များ ပိုမိုများပြားသဖြင့် အသစ်ရောက်ရှိမည့် ရထားတွဲများကို ထိုလမ်းပိုင်းများ၌သာ အစားထိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြစ်ငယ်စက်ရုံမှတွဲသစ်များ ထုတ်လုပ်၍လည်း မကြာမီ ကာလတွင် တွဲဆိုင်းသစ်များဖြင့် ရထားတွဲများကို အစားထိုး ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း ရထားပို့ဆောင် ရေးဝန်ကြီးဌာနမှ ထပ်မံသိရသည်။ သတင်း စိုးဝင်း (SP) ဓာတ်ပုံ - တင်လှမောင်

No comments: