Saturday, February 20, 2016

မြန်မာနိုင်ငံသားများ စီးလာသည့် ကား ထိုင်းနိုင်ငံ ဆူဖန်ဘူရီတွင် တိမ်းမှောက် တစ်ဦးသေဆုံး ၁၆ ဦးဒဏ်ရာရ --------- -------- ---------

မြန်မာနိုင်ငံသားများ စီးလာသည့် ကား ထိုင်းနိုင်ငံ ဆူဖန်ဘူရီတွင် တိမ်းမှောက် တစ်ဦးသေဆုံး ၁၆ ဦးဒဏ်ရာရ --------- -------- --------- ထိုင်းနိုင်ငံ ဖူးခက်မြို့မှ မဲဆောက်မြို့ သို့  ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေ စီးနင်းလာသော စင်းလုံးငှားမှန်လုံကားမှာ ၁၉-၂-၂၀၁၆ ရက်နေ နက်နံ ဝေလီဝေလင်းအချိန် ဆူဖန်ဘူရီခရိုင် အတွင်း သစ်ပင်အား ၀င်တိုက်ရာမှ တိမ်းမှောက် ခဲ့လို့  ကားတွင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား တစ်ဦးသေဆုံးပြီး ၁၆ ဦးစလုံး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် Thairath မှာရေးသားဖော်ပြပါတယ်။ သေဆုံးသူ မှာ ဒေါ်ပု အသက် ၄၂ နှစ်မြန်မာအမျိုးသမီး ဖြစ်ပါတယ်။ ဒဏ်ရာရသူ ၁၆ ဦးအနက် ၈ ဦးမှာ ကားအတွင်းမှာခံညှပ်မိနေပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဒဏ်ရာရသူများတွင် ၁ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်တယ်လို့ဆိုပါတယ်။ ကျန် ၇ ဦးက ဒဏ်ရာအနည်းကျဉ်း ရရှိပါတယ်။ မြန်မာနိုင်ငံသားများ စီနင်းလာသည့် ကားမှာ တိုယိုတာကား အဖြူရောင် နံပါတ် ၃၀-၆၅၆၄ ဖြစ်ပါတယ် ကားပေါ်လိုက်ပါလာသော ခရီးသည်အားလုံး မြန်မာပြည်သားတွေ ဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံသား အသက် ၅၇ နှစ် ကားမောင်းသမား မစ်စတာ စုန်ခစ်ဆိုသူ က ကားမောင်းရင်း အိပ်ငိုက်ခဲ့လို့ ခုလိုကားတိမ်းမှောက် မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ Social Action for Women - SAW မှ ကူးယူဖော်ပြသည်။

No comments: