မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 20, 2016
ထီးချိုင့်မြို့နယ်တွင် ၄ တန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံး -------- --------- --------
ထီးချိုင့်မြို့နယ်တွင် ၄ တန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံး
-------- --------- --------
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ ဇီးဖြူကုန်းရွာ၏ အနောက်ဘက် ကွမ်းဘောင်ချောင်းတွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ၄ တန်း ကျောင်းသူတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ထီးချိုင့်ရဲစခန်းမှ သိရှိရသည်။
အဆိုပါ အမှုအတွက် သေမှုသေခင်းအမှတ် ၂/၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း ထီးချိုင့်မြို့မ ရဲစခန်းမှ သိရသည်။
ထီးချိုင့်မြို့နယ် ဇီးဖြူကုန်း အ.မ.က ကျောင်းမှ အလည်တော အ.ထ.က စာစစ်ဌာနချုပ်တွင် စာမေးပွဲဖြေဆိုနေသော မ------ သည် စာမေးပွဲဖြေဆို၍ ရွာသို့ပြန်လာခဲ့စဉ် ထီးချိုင့်မြို့နယ် ဇီးဖြူကုန်းရွာ၏ အနောက်ဘက် ကွမ်းဘောင်ချောင်း အတွင်း၌ တစ်ရွာတည်းနေ သူငယ်ချင်းများနှင့်အတူ ရေဆင်းချိုးခဲ့ရာမှ ရေနစ်သေဆုံး သွားခဲ့ကြောင်း သိရသည်။
"ရေနစ်တဲ့ ကလေးမလေးက စာမေးပွဲအတူဖြေ သူငယ်ချင်းတွေနဲ့ ချောင်းထဲကို ရေချိုးခဲ့တာပါ။ ချောင်းက နည်းနည်း နစ်ပါတယ်။ ရေနစ်သေဆုံးသွားတာပါ။ အမှုကိုတော့ ဆက်လက် စစ်ဆေးနေပါတယ်” ဟု ထီးချိုင့်မြို့မရဲစခန်းမှ ဒုရဲအုပ်ချုပ် ထွန်းထွန်းလင်းက ပြောသည်။
ရေနစ်သေဆုံးသူ ၄ တန်း ကျောင်းသူကို မိဘများနှင့်အတူ ကူညီကယ်ဆယ်ရေး အဖွဲ့များက သွားရောက် ဆယ်ယူခဲ့ပြီး အလည်တော တိုက်နယ်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့သော်လည်း ရေနစ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သတင်း - MMK
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment