Saturday, February 20, 2016

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အဝေးပြေးလမ်းတို့တွင် မိုင်းပေါက်ကွဲမှုများဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အဝေးပြေးလမ်းတို့တွင် မိုင်းပေါက်ကွဲမှုများဖြစ်ပွား

(19-2-2016)ည (၁၀)နာရီဝန်းကျင်အချိန်ခန့် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအနီး၊ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးဘေး၊ ၁၂ မိုင်ကုန်းအဆင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားကြောင်းသိရပါတယ်. အဆိုပါပေါက်ကွဲမှုကြောင့် မူဆယ်မှလားရှိုးဘက်သို့မောင်းနှင်လာတဲ့ မှန်လုံယာဉ်(၂)စီးနဲ့ ၁၂ဘီး ယာဉ်တစ်စီးတို့ မိုင်းဆံများထိမှန်ပြီး ကားမှန်များကွဲအက်ခြင်း၊ ကားဘီးများပေါက်ကွဲခြင်း၊ လေအိုးပေါက်ကွဲခြင်း နှင့် အမျိုးသား(၃)ဦး မိုင်းစထိမှန်ခံရပြီး လားရှိုးဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရပါတယ် .

အလားတူ ညသန်းခေါင်ယံအချိန်လောက်မှ ကွမ်းလုံ-ချင်းရွှေဟော်လမ်းအပိုင်း မိုင်တိုင်(64/4-5)မှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ် . အဆိုပါပေါက်ကွဲမှုကြောင့် ကတ္တရာလမ်း ပေ(၂၀)ခန့် ပျက်စီးသွားပြီး အနက်(၆)ပေခန့်ထိ မြေသားများကျုံ့ဝင်ပျက်စီးသွားကြောင်းသိရှိရပါတယ်. လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပါ .

မိမိတို့ ပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်ရာများ၊ ဥပဒေနှင့်မလွတ်ကင်းသည်များ၊ တရားမ၀င်မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့လူတွေကို သိရှိ/တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ကြပါ.

လားရှိုးမြို့ကြီးအေးချမ်းပါစေ .

No comments: