တောက် NLD တို့က အစိုးရမဖြစ်သေးဘူး မိုက်ရိုင်းပီ
ခေတ်အဆက်ဆက် အစိုးရမျက်နှာတွေမှ မထောက်
ကျုပ်တို့မြို့နယ်မှာဗျာ . NLD တို့ မိုက်ရိုင်းချက်။
အစိုးရဖြင့် မတက်သေးဘူး။ ကျူးတွေကို စာရင်းကောက်နေပြီတဲ့။ တရားဝင်စိတ်အေးချမ်းသာစွာ နေထိုင်ခွင့်ရဖို့ လုပ်ပေးမယ်တဲ့။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေလာပြောသွားတယ်ဆိုပဲ။
အိမ်ထောင်စုစာရင်းမရှိရင် အိမ်ထောင်စုစာရင်းလုပ်ပေးမယ်တဲ့ . . မိုက်ရိုင်းချက်ဗျာ .
ခေတ်အဆက်ဆက်အစိုးရလက်ထပ်မှာ ခဏခဏဖယ်ခိုင်းနေလို့ မျက်ရည်စက်လက်နဲ့ ငိုနေတဲ့မျက်ရည်တွေကို သူတို့မို့ သုတ်ပေးရက်တယ်။ စိုးရိမ်နေတဲ့စိတ်တွေကို သူတို့မို့ ငြိမ်းအေးစေတယ် . . . တောက်စ် . .
ကျူးတွေ လက်ရှိနေထိုင်တဲ့မြေနေရာက လောလောဆယ်အကောင်အထည်ဖော်မယ့် စီမံကိန်းမရှိဘူးဆိုရင် တရားဝင်စိတ်အေးချမ်းနေထိုင်ခွင့်ပေးမယ်။ စီမံကိန်းရှိတယ်ဆိုရင်လည်း သင့်တော်တဲ့နေရာမှာ အကွက်ရိုက်ပေးမယ်တဲ့။
ခေတ်အဆက်ဆက်အစိုးရလက်ထပ်မှာ ကျူးတွေမလို့ အိမ်ထောင်စုစာရင်းချမပေးတော့ ကလေးတွေ ကျောင်းတောင်မတက်ရပဲ . . ဇိမ်နဲ့ အမှိုက်ကောက်၊ ကလေကချေလုပ်နေရတာ။ ကလေးတွေ ဘယ်လောက်အေးချမ်းလဲ။ အခုတော့ဗျာ . .အိမ်ထောင်စုစာရင်းလုပ်ပေးပြီး ကျောင်းတက်လို့ရအောင်ပါ စီစဉ်ပေးမယ်တဲ့ . ကလေးတွေတော့ ဆရာမရိုက်တာ ခံရတော့မှာပဲ . 😝😝😝😝😝😝 .မိုက်ရိုင်းတာ . .မိုက်ရိုင်းတာ . .
အစိုးရဖြင့်မဖွဲ့ရသေးဘူး . . ပြည်သူတွေရဲ့မျက်ရည်တွေကို စ သုတ်ပေးနေပြီ။ စိုးရိမ်စိတ်တွေကို စဖျောက်ပေးနေပီ . . မိုက်ရိုင်းလိုက်တာကွာ။
ခေတ်အဆက်ဆက်အစိုးရလက်ထပ်မှာ ကျူးတွေအိမ်မိုးယိုနေလို့ မိုးကာလေးမိုးချင်ရင်တောင် ပြသနာလာလာရှာလို့ မိုးယိုတဲ့ တဲထဲမှာ မိသားစုလိုက် ငုတ်တုပ်ထိုင်ရတယ်။ သူတို့တက်လာလို့ ကျူးတွေ တတ်နိုင်ရင် တိုက်ပါဆောက်တဲ့ . ဆိုးလိုက်တဲ့ NLD ကွာ။
မိုက်ရိုင်းတာလေးတွေ ပြောရဦးမယ် . . သိလား။
ကျူးတွေနေတဲ့နေရာက လမ်းတွေမကောင်းတော့ မီးဘေးအန္တရာယ် စိုးရိမ်ရတယ်လေ။ မီးလောင်ရင် မီသတ်ကားအဝင်အထွက်လုပ်ဖို့ခက်တော့ လောင်ရင်အားလုံးပြောင်တာ။ အခု ကျူးတွေနေတဲ့နေရာမှာ လမ်းတွေဖောက်ပေးမယ်ဆိုတာလည်း ကတိပေးသွားတယ်တဲ့။ ဘယ်နှယ့်ဗျာ . . ခေတ်အဆက်အဆက်အစိုးရတွေ ပစ်ထားပြီး နှိပ်စက်ခဲ့တဲ့ကျူး။ သူတို့မို့ နွေးထွေးစေတယ်။ သူတို့မို့ ပျော်ရွှင်စေတယ်။ ဒါ အောက်ခြေကစပြီး နှိပ်စက်တာလား၊ ဘာလားပေါ့ . . တွေးရတာ . . . တွေးရတာ။
အခုတော့ ကျွန်တော်တို့မြို့ထဲက သူတို့ဖြင့် မတက်သေးဘူး။ ကျူးတွေ စ ပျော်နေရပြီ။
ကျူးမှာနေတဲ့ အောင်တိုး ပြောသွားတာကြည့်ဦး။
`ဟဟ . . .အိမ်ပြင်လို့ရပြီ။ ဘု့မှကြောက်စရာမလိုတော့ဘူးကွ။ အောင်တိုး အိုးပိုင်၊ အိမ်ပိုင်ဖြစ်ပြီကွ ´ တဲ့ . .
Credit ~ ရဲရင့် လှိုင်း
No comments:
Post a Comment