Tuesday, February 16, 2016

၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၆ ရက် ------------------------------------------------ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့အစီအစဉ် ============================

၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၆ ရက် ------------------------------------------------ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့အစီအစဉ် ========================================= ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမရက်မြောက်နေ့ကို အစီအစဉ် (၁၅)ခုဖြင့် ကျင်းပမည်။ * ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာယူခြင်း၊ * ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာရှီရင် ရှာမင်ချောင်ဒရီထံမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပေးပို့လာသော သဝဏ်လွှာနှင့် ဆားဘီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mrs. Maja Gojkovic ထံမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော် က မှတ်တမ်းတင်ခြင်း၊ * ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေးကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခြင်း၊ * ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ * ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် ပါဝင်ရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်သူ့လွှတ်တော် သို့တင်ပြခြင်း၊ * ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ * ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ * ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီတွင် ပါဝင်ရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ ၏ အမည်စာရင်းကို ပြည်သူ့လွှတ်တော် သို့တင်ပြခြင်း၊ * ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ * ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ * ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီတွင် ပါဝင်ရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့၏ အမည်စာရင်းကို ပြည်သူ့လွှတ်တော် သို့တင်ပြခြင်း၊ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပဉ္စမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး အဋ္ဌမနေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်းများ ဆောင်ရွက်ကြမည်။

No comments: