Tuesday, February 2, 2016

ဂျူ ဗင်တပ်စ်အသင်း နိုင်ပွဲဆက်စံချိန်သစ်တင်ရန် နီးစပ်နေ

ဂျူ ဗင်တပ်စ်အသင်း နိုင်ပွဲဆက်စံချိန်သစ်တင်ရန် နီးစပ်နေ ===================================== စီးရီးအေလက်ရှိချန်ပီယံ ဂျူ ဗင်တပ်စ်အသင်းသည် ဖေဖော်ဝါရီ(၃)ရက်နေ့တွင် ကစားမည့် ဂျီနိုအာနှင့် အိမ်ကွင်းပွဲစဉ်တွင် အနိုင်ရရှလျှင် အသင်းသမိုင်းတစ် လျှောက် နိုင်ပွဲဆက်အများဆုံးစံချိန်သစ်တင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။ ဂျူ ဗင်တပ်စ်သည် ချီယေဗိုကို ဂိုးပြတ်အနိုင်ရခဲ့သည့် စီးရီးအေပွဲစဉ်အပြီး အမှတ်ပေးပွဲစဉ်(၁၂)ပွဲဆက်အနိုင်ရခဲ့ကာ နည်းပြဟောင်း ကွန်တီလက်ထက် ၂၀၁၃-၁၄ ရာသီက နိုင်ပွဲဆက်စံချိန်ကို လိုက်မီခဲ့သည်။ ဂျူ ဗင်တပ်စ်နည်းပြ ကွန်တီကမူ စံချိန်သစ်နှင့် ပတ်သက်ပြီး '' ကျွန်တော့်အတွက် စံချိန်တွေက အဓိက မကျပါဘူး။ ပွဲ(၂၀)ဆက် နိုင်ပြီး အမှတ်ပေးချန်ပီယံမဖြစ်ရင် ဘာလုပ်ရ မှာလဲ" ဟု ပြောကြားခဲ့သော်လည်း ပေါ့ဘာ၊ ဒီဘားလား၊ မိုရာတာစသည့် လူငယ်ကြယ်ပွင့် အစုအဖွဲ့သည် ယင်းစံချိန်မှတ်တမ်းထက် ပိုမိုသာလွန်သည့် အရာများကို စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မှတ်ချက်ပြု ခဲ့သည်။ ချီယေဗိုအသင်းအား ဂိုးပြတ်နိုင်ပြီး အောင်ပွဲခံနေသည့် ဂျူ ဗင်တပ်စ် အသင်းသားများ (Photo:AFP)

No comments: