စက်သုံးဆီဈေးကို အများသဘောဆန္ဒယူကာ ထပ်မံပြောင်းလဲမည်
သင့်တင့်သော စက်သုံးဆီနှုန်းထားတစ်ရပ်ကို အများ သဘောတူညီချက်ဖြင့် မကြာမီထပ်မံပြောင်းလဲ သတ်မှတ်မည် ဟု မြန်မာနိုင်ငံ စက်သုံးဆီတင် သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှ သတင်းရရှိသည်။
MPTA က ဇန်န၀ါရီ ၁၈ ရက်တွင် အမြင့်ဆုံးရောင်းချသင့် သည့် နှုန်းထားကို အခြေခံသတ် မှတ်ပေးခဲ့သော်လည်း စွမ်းအင် ၀န်ကြီးဌာနက သင့်တင့်သည့်
နှုန်းထားအဖြစ် ထပ်မံလျှော့၍ရ သေးသည်ဟု တိုက်တွန်းထား၍ လုပ်ငန်းရှင်များညှိနှိုင်းပြီး စက်သုံးဆီရောင်းဈေးပြင်ဆင်နိုင်ရေး
လုပ်ဆောင်မည်ဟု အဆိုပါ အ သင်းရုံးအဖွဲ့မှူးဦးဝင်းနိုင်က ပြော သည်။ ‘‘ရှေ့တစ်ပတ်ထဲမှာပဲ လုပ် ငန်းရှင်တွေ၊ အရောင်းဆိုင်တာ ၀န်ခံတွေနဲ့ အသင်းဥက္ကဋ္ဌတွေ့ဆုံ ညှိနှိုင်းအစည်းအဝေး လုပ်မယ်။အဲဒါပြီးရင်တော့ အားလုံးသဘော တူလက်ခံနိုင်မယ့် နှုန်းထားတစ်ခု ထပ်ပြီး သတ်မှတ်သွားဖို့ရှိတယ်’’ ဟု ဦးဝင်းနိုင်က ပြောသည်။
စက်သုံးဆီဆိုင်များသည် ယခင်က ဒီဇယ်တစ်လီတာလျှင် ၆၀၀ ကျပ်ခန့်၊
အောက်တိန်း 92 တစ် လီတာ ၆၂၀ ကျပ်ခန့်၊ အောက်တိန်း 95 တစ်လီတာ ၇၂၀ ကျပ် ခန့်ဖြင့် ရောင်းချနေရာမှ MPTA က ဒီဇယ်တစ်လီတာ ၅၀၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၅၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၆၆၀ ကျပ်ထက်မပို သော နှုန်းဖြင့် ရောင်းချရန် ဇန်န ၀ါရီ ၁၈ ရက်က
ကြေညာခဲ့သည်။
ပုဂ္ဂလိကအရောင်းဆိုင်များ ဈေးလျှော့ချမှု ပြုလုပ်ပြီး နှစ်ပတ် ခန့်အကြာတွင်
နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင်များကလည်း ဈေးနှုန်းပြင်ဆင်
သတ်မှတ်မှုများ ပြုလုပ်ခဲ့သည်။
ယခင်က ပြည်တွင်းထုတ် ဓာတ်ဆီတစ်ဂါလန်လျှင် ကျပ် ၂,၈၀၀ မှ ယခုကျပ် ၂,၄၅၀ သို့ လည်းကောင်း၊ အောက်တိန်း 92 တစ်ဂါလန်လျှင် ယခင် ကျပ်၃,၀၅၀ မှ ယခု ၂,၅၀၀ ကျပ်သို့လည်းကောင်း၊ ဒီဇင်တစ်ဂါလန်လျှင် ယခင်ကျပ် ၂,၉၅၀ မှယခု ၂,၂၅၀ ကျပ်သို့လည်း ကောင်းပြောင်းလဲ
သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ကမ္ဘာ့ရေနံ စိမ်းဈေးဆက်လက်ကျဆင်းနေ ခြင်းနှင့်
နိုင်ငံခြားငွေလဲလှယ်နှုန်း များ စတင်ကျဆင်းမှုများ ရှိလာသဖြင့်ပြည်တွင်း
စက်သုံးဆီဈေး ကွက်တွင် လက်ရှိ ရောင်းဈေးထက် ထပ်မံကျဆင်းမှုများ
ဆက်လက်ဖြစ်ပေါ်လာနိုင်သည်ဟု ဈေးကွက် ကျွမ်းကျင်သူများက သုံး သပ်
ထားသည်။
Credit , 7 day
No comments:
Post a Comment