Sunday, February 7, 2016

မြန်မာအစိုးရသစ်အနေဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကဲ့သို့ မှားယွင်းမှုကို ရှောင်ရှားရန် လိုအပ် ------ ----- -- -----

မြန်မာအစိုးရသစ်အနေဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကဲ့သို့ မှားယွင်းမှုကို ရှောင်ရှားရန် လိုအပ် ------ ----- -- ----- ရွေးကောက်ပွဲအနိုင်ရနိုင်သော ပါတီတစ်ခုအဖြစ် ပြုပြင်တည်ဆောက်ရန် ကြံ့ခိုင်ရေးပါတီ၏ ဆောင်ရွက်မှုမှာ မဖြစ်စလောက်အနေအထားတွင်သာ ရှိနေသည်ဟု ပြည်တွင်းလေ့လာသူများက ဆိုသည်။ ထို့အတူ လွှတ်တော် သက်တမ်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်အမတ်တွေအနေနဲ့ တစ်ဦးချင်းစီ သဘောထားအတိုင်း လွတ်လွတ်လပ်လပ် လွှတ်တော်တွင်း အဆိုတင်တာမျိုး ပြုလုပ်လို့ မရခဲ့ဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီမှာ ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သူ သူရဦးအောင်ကိုက BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းတွေနှင့် မညီဘဲ အာဏာရှင်ဆန်ဆန် လုပ်ရပ်တွေ ပါတီတွင်း ဖြစ်ပေါ်ခဲ့ ၄င်းက ပြောသည်။ ထို့ကြောင့်ပင် NLD ၏ ရွေးကောက်ပွဲ အောင်မြင်မှုကို ကြံခိုင်ရေးပါတီအနေဖြင့် လိုက်မီရန်မှာ အချိန်များစွာ လိုအပ်နေသေးသည်။ နောင်တစ်နှစ်အတွင်း ကျင်းပနိုင်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ကြံခိုင်ရေးပါတီအနေဖြင့် အနိုင်ရရှိချေ အလွန်နည်းပါးနေသည်ဟု လေ့လာသူများက ဆိုသည်။ ထို့နည်းတူစွာ အနိုင်ရ NLD ပါတီအနေဖြင့်လည်း အာဏာရှင်စနစ် ပြန်လည်ဦးမထောင်လာစေရန် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ရှုပ်ထွေးသည့် အခြေအနေများကို လေ့လာရမည် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် သက်ဆင်၏ ထိုင်းရက်တိုင်းပါတီ အာဏာရစဉ် အခါက နိုင်ငံအား မျိုးဆက်တစ်ခုစာ အုပ်ချုပ်လိုကြောင်း ဆက်သွယ်ရေး လုပ်ငန်းရှင် သူဌေးအဖြစ်မှ နိုင်ငံရေးသမား ဖြစ်လာသူ သက်ဆင်က ပြောကြားခဲ့သည်။ မဲဆန္ဒရှင်များက ယင်း၏ ပြောကြားချက်ကို လက်ခံခဲ့ကြပြီး ရွေးကောက်ပွဲတိုင်းတွင် သက်ဆင် ဘက်တော်သားများကို အများစု မဲပေးခဲ့ကြသည်။ ထိုင်းနိုင်ငံရေးတွင် သက်ဆင်မိသားစု လွှမ်းမိုးလာမှုကို ဘုရင့်စနစ် ထောက်ခံသူများနှင့် ထိုင်းဘုရင့် ကောင်စီဝင်များက စိုးရိမ်လာကြပြီး တန်ပြန်နိုင်ရန် ကြိုးစားခဲ့ကြသော်လည်း အကြိမ်တိုင်းတွင် မဲဆန္ဒရှင်များက သက်ဆင်ရှင်နာဝတ်ထရာ မိသားစု သို့မဟုတ် ဘက်တော်သားများကိုသာ မဲပေးခဲ့ကြသည်။ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည့် ထိုင်းနိုင်ငံ၌ ၂၀၁၄ မေတွင် စစ်အုပ်ချုပ်ရေး ပုံစံအောက်သို့ ထပ်မံရောက်ရှိသွားခဲ့သည်။ ထိုင်း စစ်အာဏာသိမ်း အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနှင့် အပေါင်းအပါများသည် အာဏာစွန့်လွှတ်မည့် အရိပ်အယောင် ၀န်လေးဆဲဖြစ်သည်။ သက်ဆင်အနေဖြင့် လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည့် အချက်မှာ ပြတ်ပြတ်သားသား ရရှိထားသည့် လူထုထောက်ခံမှုနှင့် တန်ပြန် မဲတင်းထားသည့် စစ်တပ်၏အမြင်တို့အား ရင်ကြားစေ့ရန် မဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်လည်း အလားတူ ရေတိုရလဒ် မတည်ငြိမ်မှုမျိုး ကြုံတွေ့နိုင်သည့် အန္တရာယ်ရှိနေသည်။ အထူးသဖြင့် NLD အနေဖြင့် စစ်တပ်၊ ခရိုနီများနှင့် နိုင်ငံရေး နယ်ပယ် သို့ ၀င်လာသော အငြိမ်းစား ဗိုလ်ချုပ်များနှင့် ဆက်ဆံရေးတွင် အမှားအယွင်း ပြုလုပ်မိပါက ထိုသို့ ကြုံတွေ့ရနိုင်သည်။ ယင်းအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် တို့သည် သြဇာအာဏာနှင့် အရင်းအမြစ်အင်အား ကြွယ်ဝသူများ ဖြစ်သည်။ NLD ၏ အမာခံ ဒီမိုကရေစီ ဘက်တော်သားများမှာ ယင်းတို့ ကာလရှည်ကြာ ဆန့်ကျင်ခဲ့သည့် စနစ်နှင့် ပတ်သက်၍ ထဲထဲဝင်ဝင် သိရှိနားလည်မှု နည်းပါးသေးသည်။ နောင်နှစ်အနည်းငယ်တွင် ယင်းတို့၏ လွှမ်းမိုးနိုင်စွမ်း လျော့နည်း ပျောက်ကွယ်သွားမည်မှာ သေချာသော်လည်း NLD အမတ်များအနေဖြင့် စစ်အာဏာရှင်ပေါ်ပေါက်လာခြင်း အကြောင်းအရင်းကို သေချာစွာ နားလည်နိုင်ရန် အချိန်ယူရမည်ဖြစ်သည်။ ထိုစနစ်၏ ဗဟိုဖြစ်သော နေပြည်တော်တွင် နေထိုင်ရခြင်းက NLD အမတ်များအတွင် လေ့လာသင်ယူရန် အကောင်းဆုံး အခွင့်အလမ်း ဖြစ်စေမည် ဖြစ်သည်။ KHTun The Ladies News

No comments: