မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, February 12, 2016
ဖိနပ်မတော်၍ ဖနောင့်လှီးနေကြသူများ
ဖိနပ်မတော်၍ ဖနောင့်လှီးနေကြသူများ
စည်သူမောင်မြင့်
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး အဓိက ရည်ရွယ်ချက် ဖြစ်တဲ့ ၅၉ (စ) ပြင်ဆင်ရေး ဟာ အသံထွက်လာတာကိုတွေ့ရပါတယ်။ဒီအပါတ်တော့ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်သင့်သလားဆိုတဲ့ အချက်ပေါ်မှာ အခြေခံပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ကနဦး အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ က ပုဒ်မ ၅၉ (စ) ကို ဖော်ပြရမည်ဆိုလျှင်..
ပုဒ်မ ၅၉(စ)မှာ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများရဲ့ အရည်အချင်း များနဲ့ပတ်သက် ပြီး မိမိကိုယ်တိုင်သော်လည်ကောင်း၊ မိမိ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိဇနီး သို့မဟုတ် ခင်ပွန်းသော်
လည်းကောင်း၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး
၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူ များမဖြစ်စေရဟူ၍ ပြဋ္ဌာန်းထားပါတယ်။
သမ္မတ အရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်သည့် သည်ပြဋ္ဌာန်း ချက်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာဖြစ်တဲ့အတွက် NLD ပါတီဟာ သည်အချက်ကို ပြင်ဆင်ရုံမဟုတ်ပဲ ပယ်ဖျက်ဖို့ အထိ ကြိုးစားနေတာကိုတွေ့ရပါတယ်။အားလုံး
သိကြသည့်အတိုင်းပင်။ဒီမိုကရေစီအဖွဲ့ချုပ်ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၇၂ ခုနှစ် မှာ အမေရိကန် နိုင်ငံသား မိုက်ကယ်အဲရစ်နဲ့လက်ထပ်ခဲ့ပြီး သားသမီးနှစ်ဦး ထွန်းကားခဲ့ပါတယ်။ထိုသားသမီးများနဲ့ မိုက်ကယ်အဲရစ် ဟာလည်း မြန်မာနိုင်ငံသားများ မဟုတ်ကြပါ။ထို့အတူ ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင်ပင် ပြင်ပမှာ နေစဉ် အတွင်းဝင်ငွေခွန်ဆောင်ရာတွင် မြန်မာသံရုံးမှာ မဆောင်ပဲ ၊ အမေရိကန်ု
သံရုံးမှာ သာ ၀င်ငွေခွန်ဆောင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။သဘောကတော့ အမေရိကန် နိုင်ငံသားဖြစ်တဲ့ ဆို အယူအဆကို မိမိကိုယ်တိုင်ဆုပ်ကိုင်ထားတာကြောင့်ဖြစ်ပါတယ်။ထို့အတူ ၁၉၉၀ပြည့်
ရွေးကောက်ပွဲ အလွန်မှာ တပ်မတော် အစိုးရ က ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ကာလ ရှည်ကြာစွာ နေအိမ်အကျယ်ချုပ် ဖြင့် ထားခဲ့ပါတယ်။သည်အပေါ်မှာလည်း အမေရိကန် နိုင်ငံရေးကြားရေး
ဝန်ကြီးဖြစ်တဲ့ ဘီကလင်တန်က "မိမိနိုင်ငံသားကို ချုပ်နှောင်မှု လက်မခံ" ဆိုသည့် အသံများထွက်ခဲ့ဖူးပါတယ်။နောက်မှ ထိုအသံများ မှေးမြိန်သွားခဲ့တာပါ။ယခုပင် မကြာ
သေးသည့် အချိန်ကာလ တစ်ခုတွင်မှ ဒေါ်အောင်ဆန်းစုကြည် နိုင်ကဒ် ရရှိခဲ့တာဖြစ်ပါတယ်။
မိမိအနေဖြင့် အထက်ပါအကြောင်းအရာများကို ပြောရသည်မှာ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ
နိုင်ငံသားဟုတ်သည် မဟုတ်သည်ကို အငြင်းပွားလို၍မဟုတ်ပါ။ဟုတ်ခြင်းမဟုတ်ခြင်းကား မိမိအကျိုးစီးပွား
နှင့်လည်း တိုက်ရိုက်မသက်ဆိုင်ပါ။သို့သော် အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) နှင့် ပတ်သတ်ဆက်နွယ်လာ
သည့်အခါမှာတော့ မိမိနိုင်ငံတော်အ ကျိုးစီးပွားနှင့် စပ်ဆက်လာပါပြီ။ပုဒ်မ ၅၉ (စ) အား NLDမှ ၀ါဒဖြန့်နေ
သည်မှာ ၎င်းပုဒ်မ ၅၉ (စ) ဖြစ်သည့် နိုင်ငံတော်သမဿမတ အရည်အချင်းသည် ဒေါ်အောင်ဆန်း
စုကြည်ကို သမ္မတ မဖြစ်စလို၍ ကန့်သတ်ထားသည်ဟု ဆော်သြနေကြသည်။ထို့အကြောင်းကို ဆရာမ ရွှေကူမေနှင်းမှ“ဗိုလ်ချုပ်အောင်ဆန်းလုပ်ခဲ့သည့် ဥပဒေ” ဆိုသည့် ဆောင်းပါးဖြင့် သမိုင်းအမှတ်မမှားရအောင် အမှန်ဖော်ထုတ်ရေးသားခဲ့ဖူးသည်။
မိမိ စိတ်ထဲရှိသည်ကို ရေးသားရလျှင် အင်အားကြီး နှစ်နိုင်ငံကြားတွင် တည်ရှိနေရသည့် မြန်မာနိုင်ငံ
အဖို့ ပုဒ်မ ၅၉(စ) လုံးသည် အထူးပင်လိုအပ်သည်။သို့မဟုတ်လျင် များမကြာမီကာလတွင် နိုင်ငံ၏ အမြင့်ဆုံးဥသျှောင် သည် တရုတ်ဖြစ်မည်လား ၊ ကုလားဖြစ်မည်လား မဝေခွဲတတ်တော့။ယခုပင် အနောက်ဘက်ကဘဂ်လီများ နှင့် အရှေ့ဘက်က တရုတ်တို့၏ဗြောင်ကျကျတစ်မျိုး ၊ မသိသလို တဖုံ ခိုးဝင်နေကြသည့်ကိစ်စများမှာခပ်စိတ်စိတ်ဖြစ်လာနေသည်မှာအားလုံးအသိပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံဖြစ်ပြီး တိုင်းရင်းသား ၁၃၅ မျိုးရှိသည့်နိုင်ငံဖြစ်သည်။ထိုတိုင်းရင်းသား ၁၃၅ မျိုးထဲမှမည်သူနိုင်ငံတော် ကောင်းရာ ကောင်းကျိုးအတွက် ဆိုလျှင် သမဿမတဖြစ်ဖြစ် လှိုက်လှဲစွာထောက်ခံနေမည်သာဖြစ်သည်။ထို ပုဒ်မ ၅၉ (စ) သည် မည်သည့်လူမျိုး တစ်မျိုးကိုမှ ပိတ်ဆို့တားဆီးထားခြင်းမရှိ။အားလုံးကို သမ္မတဖြစ်ခွင့်ပေးထားသည်။
ပုဒ်မ ၅၉ (စ) သည် တစ်နိုင်ငံလုံးအတွက် ခြုံငုံရေးဆွဲပါဝင်နေသည်။သို့သော် အကျုံးမ၀င်သူ တစ်ဦး
သာရှိသည်။ ထိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်ပေတည်း။တစ်နိုင်ငံလုံး အမျိုးသား လုံခြုံရေး နှင့် နိုင်ငံတော်ရည်ရှည်တည်တံ့ခိုင်မာပြီး အချုပ်အာဏာ ပိုင်ဆိုင်နိုင်ရေးအတွက် အရေးပါသည့် ပုဒ်မ ၅၉ (စ) ကိုရှိသင့်သည်မှာ မှန်ကန်သော်လည်း NLD က ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ဖို့အတွက် ပယ်ဖျက်ဖြစ်ဖို့ဆော်သြနေသည်။ဖြစ်သင့်ပါသည်လော။ တစ်နိုင်ငံလုံးအတွက် တစ်ယောက်။လူတိုင်း
တွင်ရွေးချယ်မှုမှားယွင်းခဲ့သည့် အချိန်များရှိသည်။မိမိတွင်လည်း ရှိသည်။ခေါင်းဆောင်ကောင်းဟူ
သည်ထိုသို့ ပြုမူမည်ဖြစ်မဟုတ်။မိမိ ရွေးချယ်ခဲ့သည့် မှားယွင်းမှု အကျိုးဆက်ကို အသာတကြည်သာ လက်ခံရမည်သာ။သမဿမတ မဖြစ်ရတော့လည်း ဘာအရေးလဲ။ အခြား တာဝန်တစ်ခုဖြင့် နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နိုင်သည် မဟုတ်ပါလော။သမ္မတ ဖြစ်မှ နိုင်ငံတော် ကို ကောင်းအောင်
လုပ်နိုင်မည်ဟု အယုံသွင်းနေသည်မှာ တစ်ခုခု ခုတော့ မှားယွင်းနေပြီဖြစ်သည်။
ယခုတော့ထိုအဖြစ်သည် ဖိနပ်မတော်၍ ဖနောင့်လှီးရန်လိုသည် ဆိုသည့် အယူအဆလိုဖြစ်နေသည်။
ဖနှောင့်လှီးကြရန် ဆော်သြနေကြသည်။အခြားဖိနပ် တစ်ရံလဲစီးရန် မစဉ်စားကြ။NLD မှာ ဒေါ်အောင်ဆန်း
စုကြည် တစ်ယောက်ပဲ သမ္မတ လုပ်နိုင်သည့် အရည်အချင်းရှိသည်ဟု ထင်နေကြသည်လား။
ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပဲ သမ္မတ လုပ်နိုင်သည့်သူ NLD တွင် မရှိတော့ဘူးလား။
သည်မေးခွန်းများအား NLDအား အလွန်ပင် မေးချင်စရာကောင်းသည်။
သို့သော် ယခုတွင်မူ ဖိနပ်မတော်၍ ဖနောင့်ကိုသာ တွင်တွင်လှီးရန် ကြိုးစားနေကြတော့သည်။
By စည်သူမောင်မြင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment