Friday, February 12, 2016

ဒီအစားအသောက်များကို ဆေးနဲ့တွဲပြီး မစားသုံးမိစေနဲ့

ဒီအစားအသောက်များကို ဆေးနဲ့တွဲပြီး မစားသုံးမိစေနဲ့ နေမကောင်း၊ ဖျားနာလို့ ပိဋိဇီဝဆေးလို့ခေါ်တဲ့ အင်္ဂလိပ်ဆေးများကို သောက်တော့မယ်ဆိုရင် အောက်ပါအစားအသောက်များနှင့် မစားသောက်မိစေရန်၊ ရှောင်နိုင်စေရန် ရေးသားမျှဝေပေးလိုက်ပါတယ်။ (၁) လိမ္မောရည်၊ ခရမ်းချဉ်းဖော်ရည် စတဲ့အချဉ်ဓါတ်ပါဝင်တဲ့ အသီးအရွက်တို့ဟာ ပိဋိဇီဝဆေးများနှင့် မသောက်သင့်ပါ။ ဆေးအာနိသင်ကို ချေပျက်၊ နှောက်ယှက်ပေးပါတယ်။ (၂) စပျက်သီး၊ စပျစ်သီးဖော်ရည်သည် ပိဋိဇီဝဆေးစွမ်းကို ချေဖျက်ပစ်ပါတယ်။ (၃) သွေးနဲ့ပတ်သက်တဲ့ဆေးတွေကို သောက်သုံးသူများအနေနဲ့ ဆေးသောက်နေစဉ် အစိမ်းရောင်ဟင်းသီးဟင်းရွက်များဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ဟင်းနုနယ်၊ ကညွတ် စတာတွေကို ခဏရှောင်သင့်ပါတယ်။ (၄) နွားနို့စတဲ့ နို့ထွက်ပစ္စည်းများကိုလည်း ရှောင်သင့်ပါတယ်။ (၅) အမျှင်ဓါတ်ပါဝင်တဲ့ Fibers များကိုလည်း ဆေးနှင့်အတူ မစားသင့်ပါ။ (၆) ကဖင်းဓါတ်ပါဝင်တဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ၊ စတဲ့ အရည်များနျှင့်လည်း မတွဲသောက်သင့်ပါ။ ၄င်းတို့းဟာ လူကိုနှိုးကြားစေသည့်အတွက် ဆေးနှင့်ဆန့်ကျင်ဖက် ဖြစ်စေပါတယ်။ (၇) အရက်၊ ဘီယာ၊ ၀ိုင်၊ ကော့တေး စသည့် အယ်ကိုဟောပါဝင်သည့် အရည်များနှင့် လုံးဝတွဲမသောက်သင့်ပါဘူး။ အခန့်မသင့်လျှင် ပြန်အန်ထွက်တတ်သလို အရေးပေါ်ဌာနသို့ မရောက်နိုင်ပါက အသက်ပင်ပါသွားတတ်တဲ့ သာဓကများ ရှိခဲ့ပြီး ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မပူလွန်း၊ မအေးလွန်းသည့် ရိုးရိုးရေတစ်ခွက်နဲ့သာ သောက်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ အထက်ကဖော်ပြထားတဲ့ အစားအသောက်များကိုလည်း ဆေးသောက်ပြီး သို့မဟုတ် မသောက်ခင် နာရီ၊ တစ်နာရီခန့်အတွင်းမှာ မစားသောက်မိကြဖို့ သတိပေးတဲ့အနေနဲ့ ရေးသားမျှဝေပေးလိုက်ပါတယ်။ စောနွဲ့ နေဆိုင် (ပူတာအို) ကိုးကား - Health Digest စောနွဲ့ နေဆိုင် - ပူတာအို .

No comments: