Saturday, February 13, 2016

ဖားကန့်တွင် တရုတ်နိုင်ငံမှရောက်ရှိလာသော ငါးမန်းဂိမ်းကြောင့် ကျပ်သိန်းထောင်ချီဆုံးရှုံးကာ ဒေသခံများစာရိတ္တပျက်စီးဟုဆို ------------------------------------------

ဖားကန့်တွင် တရုတ်နိုင်ငံမှရောက်ရှိလာသော ငါးမန်းဂိမ်းကြောင့် ကျပ်သိန်းထောင်ချီဆုံးရှုံးကာ ဒေသခံများစာရိတ္တပျက်စီးဟုဆို ------------------------------------------ ဖားကန့်၊ ဖေဖော်ဝါရီ ၁၂ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တရုတ်နိုင်ငံမှရောက်ရှိ လာသော ဒေသအခေါ် ငါးမန်းဂိမ်းဆိုသည့်လောင်းကစားဂိမ်းတစ် မျိုးကြောင့် ကျပ်သိန်းထောင်ချီဆုံးရှုံးနေပြီး ဒေသခံများနှင့်ကျောင်း သားလူငယ်များ စာရိတ္တပျက်စီးမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း ဆိပ်မူကျေးရွာဒေသခံများကပြောကြားသည်။ ငါးမန်းဂိမ်းဆိုင်များကို ဒေသအာဏာပိုင်များက လိုင်းကြေးအမြောက်အမြား ရယူပြီး ဖွင့်ခွင့်ပြုထားကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦး ကပြောဆိုသည်။ ဖားကန့်မြို့နယ်ဆိပ်မူ (ဆိုင်းတောင် ) ကျေးရွာတွင် ငါးမန်းဂိမ်းဆိုင်ပေါင်း (၂၅ )ဆိုင်မှ (၃၀ ) ခန့်ရှိကြောင်းဒေသခံများထံမှသိရသည်။ ဖားကန့်ဒေသသို့ မန္တလေးမှကျောက်စိမ်းဖြတ်သား လာရောက်ဝယ်ယူသူများ တွင် ကျပ်သိန်းထောင်ချီဆုံးရှုံးကာ ဘဝပျက်သွားသူများစွာရှိလာကြောင်း ဆိပ်မူကျေးရွာမှ NLD ပါတီဝင်တစ်ဦးကပြောပြသည်။ ဆိပ်မူ (ဆိုင်းတောင် ) ကျောက်ဝိုင်းအနီးတွင် အိမ်ပိုင်နှင့်နေထိုင်သော ကျောက်စိမ်းလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးသည် အဆိုပါငါးမန်းဂိမ်းရှုံးသောကြောင့် အိမ်နှင့်ဝိုင်းပါ ဂိမ်းဆိုင်ကို ထိုးပေးခဲ့ရသည်ဟု ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။ လက်ရှိအချိန်မှာ ၂၀၁၅-၂၀၁၆ပညာသင်နှစ် နောက်ဆုံးအတန်းတင် စာမေးပွဲများ ဖြေဆိုရမည့်ကာလဖြစ်သော်လည်း ကျောင်းသားလူငယ်များသည် ပညာရေးကိုစိတ်မဝင်စားဘဲ အဆိုပါဂိမ်းဆိုင်များသို့သာ ရောက်ရှိနေ သည်ဟု ဒေသခံကျောင်းသားမိဘများထံမှ သိရသည်။ အဆိုပါဂိမ်းဆိုင်များသည် အခြားလုပ်ငန်းများထက် နေရာငှားရမ်းခပို ၍ပေးနိုင်သောကြောင့် လူစည်ကားရာနေရာများတွင်ရှိနေပြီး ကျောက်စိမ်း လုပ်ငန်းရှင်အသိုင်းအဝိုင်းတွင်လည်း ကျပ်သိန်းထောင်နှင့်ချီ ဆုံးရှုံးသူ အများအပြားရှိလာသည်ဟု ဆိုင်းတောင် (ဆိပ်မူ ) ကျောက်ဝိုင်းအနီး တွင်နေထိုင်သူ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ၎င်း၏မျက်မြင်တွေ့ရှိမှုများကို ထုတ်ဖော်ပြောဆိုသည်။ ငါးမန်းဂိမ်းဆိုင်များတွင် လာရောက်ကစားသူများ အပန်းဖြေနိုင်ရန် အရက်၊ ဘီယာဖျော်ယမကာနှင့် မူးယစ်ဆေးဝါးများပါ အလွယ်တကူရရှိနိုင်ရန် စီစဉ်ထားမှုများလည်းရှိသည်ဟု ကိုယ်တိုင်ကစားခဲ့ပြီး သိန်း(၂၀၀ ရှုံးခဲ့သည့် အသက်၄၀အရွယ်အမျိုးသားတစ်ဦးက ၎င်း၏အတွေ့အကြုံကို ဖွင့်ဟသည်။ အဆိုပါဆိုင်များတွင် အရွယ်မရောက်သေးသောအမျိုးသမီးငယ်များကို ငှားရမ်းထားပြီး ယဉ်ကျေးမှုနှင့်မလျော်ညီသော ဝတ်စားဆင်ယင်မှု များကို ပြုလုပ်ခိုင်းခြင်းသည်ပင် ဆွဲဆောင်မှုတစ်ခုဖြစ်နေသည်ဟု ၎င်းကဆိုသည်။ ငါးမန်းဂိမ်းလောင်းကစားနည်းရောက်ရှိချိန်မှစ၍ ကျောင်းသားလူငယ်များ ကျောင်းစာများကို စိတ်ဝင်စားမှုသိသိသာသာနည်းလာပြီး အိမ်မှငွေကြေးများ ကိုခိုးယူသည်အထိရှိလာသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။ “ ဂိမ်းဆိုင်တစ်ဆိုင်ကို တစ်ပတ်ကိုအနည်းဆုံး သိန်း(၅၀) အမြတ်အစွန်း ရှိတယ်ဗျ။ ဒါအနည်းဆုံးနော်။ နောက်ပြီးဒီငွေတွေက တရုတ်ပြည်ကို တိုက်ရိုက်ရောက်သွားတာ။ ဒီငွေကမြန်မာပြည်ထဲမှာမစီးဆင်း ဘူး။ ဒီလောင်းကစားနည်းက အရှုံးကြီးတယ်ဗျ။ ကျနော်တို့ရှေ့မှာ ဘဝပျက်သွားတဲ့ ကျောက်သမားလုပ်ငန်းရှင်တွေတစ်ပုံကြီးပဲ။ ဌာနဆိုင်ရာတွေကလည်း မြိုးမြိုးမြက်မြက်ရနေတော့ မတားဆီးကြ ဘူး။ တော်တော်များများက ဘဝပျက်ကုန်ပြီ” ဟု ဖားကန့်မြို့နယ် NLD ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ငါးမန်းဂိမ်းရှုံးပြီး မူးယစ်ဆေးဝါးစွဲသွားသူအများအပြားလည်း တွေ့ရှိနေ ရကြောင်း ၎င်းကဖြည့်စွက်ဆိုသည်။ အဆိုပါဂိမ်းဆိုင်များကို ရပ်မိရပ်ဖနှင့်ဒေသခံများက ပိတ်သိမ်းစေချင်သော် လည်း ဒေသအာဏာပိုင်များက ဖယ်ရှားခြင်းမရှိသည်ကိုတွေ့ ရကြောင်း ဒေသခံများကပြောကြားသည်။

No comments: