Monday, February 8, 2016

"ရှမ်းပြည်နယ်လွှတ်တော် သဘာပတိရွေးချယ်မှုတွင်ပင် အကြိတ်အနယ်ဖြစ် ဥက္ကဌ ရွေးချယ်မှုမပြီးစီးသေး "

"ရှမ်းပြည်နယ်လွှတ်တော် သဘာပတိရွေးချယ်မှုတွင်ပင် အကြိတ်အနယ်ဖြစ် ဥက္ကဌ ရွေးချယ်မှုမပြီးစီးသေး " ရှမ်းပြည်နယ်လွှတ်တော်၏ ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး ပထမဆုံးနေ့တွင် လွှတ်တော် သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကလောမဲဆန္ဒနယ် အမှတ်၁ မှဦးစိုးညွန့်လွင် နင့် ပြည်ခိုင်ဖြိုးပါတီပါတီက လောက်ကိုင် မဲဆန္ဒနယ် မှ ဦးအောင်သန်းထွဠ် တို့နစ်ဦးကို အသီးသီးအဆိုပြုတင်သွင်းခဲ့ကြရာ တစ်ဦးထက်ပိုနေသဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရသည်။ မဲခွဲဆုံးဖြတ်ချက်အရ ပြည်ခိုင်ဖြိုး ပါတီမှကိုယ်စားလှယ် ဖြစ်သည့် လောက်ကိုင် မဲဆန္ဒနယ် မှ ဦးအောင်သန်းထွဠ် က ထောက်ခံမဲ ၈၃ မဲ ရရှိပြီး ရှမ်းပြည်နယ် လွှတ်တော် သဘာပတိအဖြစ် ရွေးချယ်ခံရသည်။ ရှမ်းပြည်နယ်လွှတ်တော် တက်ရောက်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အများဆုံးအနိုင်ရရှိထားပြီး ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ်က ဒုတိယနေရာအများဆုံး အနိုင်ရရှိထားကာ ၎င်းတို့နောက် တွင်မှ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က တတိယနေရာအများ ဆုံး အနိုင်ရရှိထားသည်။ ရှမ်းပြည်နယ်လွှတ်တော် တွင် ပြည်ခိုင်ဖြိုးပါတီမှ ၃၂ ဦး အ နိုင်ရရှိထားပြီး ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်က ၂၄ ဦး၊ ၎င်းတို့နောက်တွင်မှ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ ဦး၊ တအာင်း(ပလောင်) အမျိုး သားပါတီကခုနစ်ဦး၊ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်ပါတီကခြောက်ဦး၊ ‘၀’ ဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ ‘၀’ အမျိုးသားစည်းလုံးညီညွတ် ရေးပါတီမှ တစ်ဦး၊ လားဟူအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တစ်ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီ ညွတ်ရေးပါတီမှ တစ်ဦးနှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ တစ်ဦး အနိုင်ရရှိထား သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးများကို ယနေ့(ဖေဖေါ်ဝါရီ ၈ )တွင် တစ်နိုင်ငံလုံး၌ တပြိုင်တည်း ကျင်းပရာ အခြား ပြည်နယ်နှင့်တိုင်းများတွင် လွှတ်တော်ဥက္ကဌများ ရွေးချယ်တင်မြောက်ပြီး ဖြစ်သော်လည်း ရှမ်းပြည်နယ်တစ်ခုတည်းသာ အကြိတ်အနယ် ဖြစ်နေခြင်း ဖြစ်သည်။

No comments: