Friday, February 12, 2016

ျပင္သစ္တြင္ ေက်ာင္းကားႏွင့္ ထရပ္ကား တိုက္မိမႈေၾကာင့္ ေျခာက္ဦးေသဆံုး

ျပင္သစ္တြင္ ေက်ာင္းကားႏွင့္ ထရပ္ကား တိုက္မိမႈေၾကာင့္ ေျခာက္ဦးေသဆံုး ပဲရစ္၊ ေဖေဖာ္ဝါရီ ၁၁ ရက္ (ဆင္ဟြာ) ျပင္သစ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Charente ေရေၾကာင္း ဦးစီးဌာနတြင္ ေဖေဖာ္ဝါရီ ၁၁ ရက္ေန႕က ေက်ာင္းကား တစ္စီး အတိုက္ခံရျပီး အနည္းဆံုးေျခာက္ဦး ေသဆံုးခဲ့ေၾကာင္း ျပည္တြင္း မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။ ဆယ္ေက်ာ္သက္ ေက်ာင္းသား ၁၈ ဦးကို သယ္ေဆာင္လာသည့္ ေက်ာင္းကား တစ္စီးအား ထရပ္ကား တစ္စီးမွ ေဒသစံေတာ္ခ်ိန္ ၇း၁၅နာရီ (ဂရင္းနစ္စံေတာ္ခ်ိန္ 0615) တြင္ တိုက္မိခဲ့ေၾကာင္း iTele သတင္း ရုပ္သံလိုင္းက ေျပာၾကားခဲ့သည္။ ျပင္သစ္ အစိုးရသည္ Rocefort တြင္ ေက်ာင္းကား တိုက္ခံရမႈ ၌ပါဝင္ခဲ့သူမ်ား၏ မိသားစုမ်ားအား အျပည့္အစံု ေထာက္ပံ့ ေပးထားၿပီး ၄င္းတို႔အား ႏွစ္သိမ့္အားေပးခဲ့ေၾကာင္း သဘာဝ ေဂဟစနစ္ ဝန္ႀကီး Segolene Royal က ၄င္း၏ တြစ္တာ စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။ Royal ႏွင့္ ပညာေရးဝန္ႀကီး Najat-Vallaud Belkacem တို႕သည္ ယာဥ္တိုက္မႈ ျဖစ္ပြားရာ ေနရာသို႕ သြားေရာက္ အကူအညီေပးမည္ ျဖစ္ေၾကာင္း သတင္း၌ ေဖာ္ျပခဲ့သည္။ (Xinhua) ----------------------------------------------- (Unicode Version) ပြင်သစ်တွင် ကျောင်းကားနှင့် ထရပ်ကား တိုက်မိမှုကြောင့် ခြောက်ဦးသေဆုံး ပဲရစ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Charente ရေကြောင်း ဦးစီးဌာနတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကျောင်းကား တစ်စီး အတိုက်ခံရပြီး အနည်းဆုံးခြောက်ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။ ဆယ်ကျော်သက် ကျောင်းသား ၁၈ ဦးကို သယ်ဆောင်လာသည့် ကျောင်းကား တစ်စီးအား ထရပ်ကား တစ်စီးမှ ဒေသစံတော်ချိန် ၇း၁၅နာရီ (ဂရင်းနစ်စံတော်ချိန် 0615) တွင် တိုက်မိခဲ့ကြောင်း iTele သတင်း ရုပ်သံလိုင်းက ပြောကြားခဲ့သည်။ ပြင်သစ် အစိုးရသည် Rocefort တွင် ကျောင်းကား တိုက်ခံရမှု ၌ပါဝင်ခဲ့သူများ၏ မိသားစုများအား အပြည့်အစုံ ထောက်ပံ့ ပေးထားပြီး ၄င်းတို့အား နှစ်သိမ့်အားပေးခဲ့ကြောင်း သဘာဝ ဂေဟစနစ် ဝန်ကြီး Segolene Royal က ၄င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။ Royal နှင့် ပညာရေးဝန်ကြီး Najat-Vallaud Belkacem တို့သည် ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာသို့ သွားရောက် အကူအညီပေးမည် ဖြစ်ကြောင်း သတင်း၌ ဖော်ပြခဲ့သည်။ (Xinhua)

No comments: