မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 13, 2016
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ ပုဂ္ဂလိကကဏ္ဍမှ ဓာတ်ဆီ 92 Ron ကို ဂါလန် ၁၉၈ ဒသမ ၅၉၇ သန်းထိတင်သွင်းခဲ့ရ +++++++++++++++++++++++++++++++++++++++++++++++++++
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ ပုဂ္ဂလိကကဏ္ဍမှ ဓာတ်ဆီ 92 Ron ကို ဂါလန် ၁၉၈ ဒသမ ၅၉၇ သန်းထိတင်သွင်းခဲ့ရ
+++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂-လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီ လ အထိ ပုဂ္ဂလိကကဏ္ဍမှ စက်သုံး ဆီ (ဓာတ်ဆီ 92 Ron )တင်သွင်းမှု ဂါလန် ၁၉၈ ဒသမ ၅၉၇ သန်းအား တင်သွင်းခဲ့ကြောင်း စွမ်းအင်ဝန် ကြီးဌာနမှ သိရသည်။
အဆိုပါကာလအတွင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပုဂ္ဂလိကကဏ္ဍသို့ ဓာတ်ဆီ ( 92 Ron)ဂါလန် ၄၁၄ ဒသမ ဝ၆၄ သန်း တင်သွင်းခွင့်ပြုခဲ့ သော်လည်း အမှန်တင်သွင်းမှုပမာ ဏနှင့် ကွာဟမှုများ ရှိနေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
စွမ်းအင်ဝန်ကြီးဌာနမှ လက် ထောက်အတွင်းဝန် ဦးမင်းမင်းဦး က''ပုဂ္ဂလိက မှစက်သုံးဆီ ပြည်ပ တင်သွင်းမှုနဲ့ဖြန့်ဖြူးရောင်းချရေး အတွက် စီးပွား/ ကူးသန်း က လိုင်စင် လျှောက်တဲ့ ပမာဏနဲ့တင်သွင်းတဲ့ ပမာဏကွာဟ မှုရှိနေတာကတော့ လိုင်စင်သွားလျှောက်တာက ဘယ် လောက် တင်သွင်း ဖို့လျှောက် မယ်။ တကယ်ဝင်လာတာကတော့ သင်္ဘော ပေါ်မှာပါလာတဲ့ သူတို့ဝယ်တဲ့ ပမာ ဏအတိုင်းပဲ ရန်ကုန်ရောက်တဲ့ ပမာဏကိုဖော်ပြတယ်။ အဲဒီအ တွက် သူတို့ဝယ်ဖို့လျှောက်တဲ့ လိုင် စင်နဲ့တကယ်အမှန်တင်သွင်းတဲ့ ဟာနဲ့တော့ ကွာဟမှုရှိလိမ့်မယ်'' ဟု ဆိုသည်။
ထိုသို့တင်သွင်းမှု ပမာဏသာ ကွာခြားချက်ရှိသော်လည်း စက်သုံး ဆီ အရည် အသွေးကဲ့သို့ တခြားကွာ ဟချက်များမရှိကြောင်း ဖေဖော် ဝါရီ ၁၁ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦး မင်းမင်းဦးက ပြောကြားခဲ့သည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း ဇန်န ဝါရီ ၂၈ ရက်အထိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာ န၏ စက်သုံးဆီတင်သွင်းမှုအတွက် ခွင့်ပြုပမာဏမှာ ဓာတ်ဆီ (95 Ron) ဂါလန်သန်း ၄၃ ဒသမ ဝ၃၄ ၊ ဒီဇယ်ဆီ (ရိုးရိုး) ဂါလန်သန်း ၉၆၀ ဒသမ ဝ၅၀၊ ဒီဇယ်ဆီ (ပရီမီယံ) ဂါလန်သန်း ၄၈ ဒသမ ၄၁၀ သန်းဖြစ်ပြီး အမှန်တင် သွင်းမှုအဖြစ် ဓာတ်ဆီ (95 Ron) ဂါ လန်သန်း ၁ရ ဒသမ ၁၀၅ ၊ ဒီဇယ် ဆီ (ရိုးရိုး) ဂါလန်သန်း ၃၈၆ ဒသမ ၃၃၂၊ ဒီဇယ်ဆီ (ပရီမီယံ) ဂါလန်သန်း ၂၆ ဒသမ ၁၆၁ သန်း ဖြစ်ကြောင်း သိရသည်။
MO
#Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment