Wednesday, October 2, 2013

အရှိန်မထိန်းနိုင်သဖြင့်ယဉ်မှောက်

အရှိန်မထိန်းနိုင်သဖြင့် ယာဉ်တိမ်းမှောက် နေပြည်တော်၊ အောက်တိုဘာ ၁ ၂၉-၉-၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၀/၀-၁)ကြားတွင် ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(က/ဂ)ရပ်ကွက်နေ ဟိန်းထက်အောင်(၃၅)နှစ်မောင်းနှင်လာသည့် ၉င/xxxx ဟိုင်းလပ် ဆပ်ဖ်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသတင်းအရ ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ(၆)ဦးအနက် ဖခင်ဖြစ်သူ ဦးသန်းအေး(၆၃)နှစ်ပါ(၂)ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံး၍ တစ်ရပ်ကွက်တည်းနေ ဒေါ်မေစီလှ (၅၈)နှစ်တွင် ၀ဲလက်ကောက်ဝတ်/ပေါင်စုတ်ပြဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိခဲ့သောကြောင့် ပဲခူးပြည်သူဆေးရုံကြီး၌ဆေးကုသမှုခံယူနေစဉ် ထပ်မံသေဆုံးသွားခဲ့သည့်အပြင် ဟိန်းထက်အောင်တွင် ၀ဲဂျိုစောင်းပေါက်ပြဲ/လက်ဖူးရောင်နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဟိန်းထက်အောင်အား ဘောနတ်ကြီးအမြန်လမ်းရဲစခန်း(ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments: