Tuesday, October 22, 2013

မန္တလေးဘူတာ

မန္တလေး ဘူတာရုံ ၏ စတုတ္ထ အထပ် မှ စ၍ အဆင့်မြင့် ဟိုတယ် အဖြစ် ဖွင့်လှစ် မည် မန္တလေး ဘူတာရုံ ၏ စတုတ္ထ အထပ် မှ စ၍ အပေါ်ဆုံး အလွှာ အထိ အဆင့်မြင့် ဟိုတယ် တစ်ခု အဖြစ် ဖွင့်လှစ် ရန် ပုဂ္ဂလိက လုပ်ငန်းရှင် များ ကို ရထား ပို့ဆောင် ရေး ဝန်ကြီး ဌာန၊ မြန်မာ့ မီးရထား မှ အိတ်ဖွင့် တင်ဒါ စနစ် ဖြင့် စိစစ် ရွေးချယ် ရာ Adventure Myanmar ကုမ္ပဏီ က တင်ဒါ အောင်မြင် ခဲ့ကြောင်း မြန်မာ့ မီးရထား စီးပွားရေး ဌာန မှ တာဝန် ရှိသူ တစ်ဦး ၏ ပြောကြား ချက် အရ ၁၇.၁၀.၂၀၁၃ ရက် တွင် သိရသည်။ မန္တလေး ဘူတာရုံ ၏ ဖွဲ့စည်း တည်ဆောက် ပုံ မှာ မြေညီ ထပ် မှ စ၍ အပေါ်၌ အထပ် ပေါင်း ခြောက်လွှာ အထိ ရှိကြောင်း သိရ သည်။ မန္တလေး ဘူတာရုံ ၏ မြေညီ ထပ် မှာ ရထား များ ဖြတ်သန်း မောင်းနှင် သည့် စင်္ကြံ လမ်း များ ဖြစ် ကြပြီး ပထမ ထပ် တွင် လက်မှတ် ရုံ များ၊ ဒုတိယ ထပ် တွင် ဈေး ဆိုင် များ၊ တတိယ ထပ် တွင် ရုံးခန်း များ ရှိပြီး စတုတ္ထ ထပ် မှ စ၍ ဆဋ္ဌမ ထပ် ကို အဆင့်မြင့် ဟိုတယ် အဖြစ် ဖွင့်လှစ် သွားမည် ဟု သိရသည်။ “မန္တလေး ဘူတာရုံ ကြီးရဲ့ လေးလွှာ ကနေ ခြောက်လွှာ ထပ်က လွတ်နေ တယ် လေ။ ဒီလို မျိုး ဘာမှ မလုပ်ဘဲ ထားမယ့် အတူတူ ဌာန လည်း ဝင်ငွေ ရတယ်၊ မန္တလေး ကို လာလည် ကြတဲ့ ရထားစီး ပြည်တွင်း ပြည်ပ ခရီးသွား ပြည်သူ တွေ လည်း တည်းဖို့ နေရာ သပ်သပ် ရှာနေ စရာ မလို ဘဲ အဆင်ပြေ ဖို့ အတွက် ဟိုတယ် ဆောက်ဖို့ စီစဉ် ရတာ ဖြစ်ပါတယ်” ဟု ယင်းက ပြောကြား သည်။ လက်ရှိ မန္တလေး ဘူတာရုံ ကြီး ၏ လေးလွှာ၊ ငါးလွှာ၊ ခြောက်လွှာ တွင် အကြမ်း တည်ဆောက် ထားသည့် အခန်း ပေါင်း ၉၀ ကျော် ရှိကြောင်း၊ ဟိုတယ် ဖွင့်လှစ် ရန် တင်ဒါ အောင်မြင် သည့် Adventure Myanmar ကုမ္ပဏီ အနေဖြင့် လက်ရှိ တည် ဆောက် ထား သည့် အခန်း ပေါင်း ၉၀ ကျော် ကို အခန်း အရေအတွက် ထပ်မံ တိုးခွင့် ပြုထား သော်လည်း အထပ် မြင့် အလွှာ ထပ်မံ ဆောက်လုပ် ခွင့် ပြုမည် မဟုတ် ကြောင်း သိရသည်။ ဆက်လက် ၍ ယင်း က “မန္တလေး ဘူတာရုံ ပေါ်မှာ အဆင့်မြင့် ဟိုတယ် အဖြစ် ဖွင့်လှစ် ဖို့က ၂၀၁၄ နှစ် စပိုင်း လောက် လို့ တော့ မှန်း ထား တယ်။ ဆီးဂိမ်း ကို လာမယ့် နိုင်ငံခြား သား တွေ တော့ မီလိုက် မှာ မဟုတ် ပါဘူး” ဟု ပြောကြား သည်။ ရထား ပို့ဆောင် ရေး ဝန်ကြီး ဌာန မှ မန္တလေး ဘူတာ ရုံ ၏ စတုတ္တ အထပ် မှ စ၍ အဆင့်မြင့် ဟိုတယ် အဖြစ် ဖွင့်လှစ် ခွင့် ရသည့် Adventure Myanmar ကုမ္ပဏီ မှ နှစ်ပေါင်း ၃၀ အထိ ဟိုတယ် လုပ်ငန်း လုပ်ကိုင် ရမည် ဖြစ်ကြောင်း သိရ သည် ။ ပြည်မြန်မာ

No comments: