Wednesday, October 30, 2013

တစ်ချိန်က ဇာကနာလဲ NLD ကိုဝေဖန်တာပဲ

တစ်ချိန်က ဇာဂနာ NLD ကို ဝေဖန်ခဲ့တယ်...... Intellectual အားနည်းတယ်ဆိုတာကို ထောက်ပြခဲ့တယ်...... ချက်ခြင်းပဲ ဇာဂနာဟာ အများအချစ်တော်၊ စံပြ ဆိုတာကနေ ဆောက်ဂတုံး၊ ချီးဂတုံး၊ လူပျက်ဟာ လူပျက်အတွေးပဲ ပြောတယ်နဲ့ အသံပေါင်းစုံ ညံထွက်သွားတယ်..... ဇာဂနာ ပြောခဲ့တဲ့စကား မှန်သလား၊ မှားသလားကတော့ အခုအချိန်ထိ လွှတ်တော်ထဲက NLD အမတ်တွေရဲ့ လုပ်ရည်ကိုင်ရည်ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်...... ဇာဂနာ စ ဝေဖန်စဉ်ကတော့ ဇာဂနာကို ပက်ပက်စက်စက် ပြောခဲ့ကြပေမယ့် အချိန်အတိုင်းအတာ တစ်ခု ရောက်လာတဲ့အခါမှာတော့ သူတို့ကိုယ်တိုင် ဇာဂနာရဲ့ စကားကို လက်ခံလာခဲ့ရတာပါပဲ....... ဒါပေမယ့်လည်း ဇာဂနာကို သူတို့ စော်ကားခဲ့တာ သူတို့ဟာသူတို့ မေ့နေပီးတော့ ဇာဂနာဆိုရင် NLD ကို မကောင်းပြောတဲ့လူလို့ပဲ ပုံသေ စွဲမှတ်နေတော့တယ်..... ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်မယ်၊ အသစ်ရေးဆွဲမယ် ဆိုတာနဲ့ ပါတ်သက်ပြီး ဦးကျော်ဝင်းက ဖြစ်သင့်တာကို ထောက်ပြတဲ့အပေါ် ဦးကျော်ဝင်းလည်း ဖောက်ပြန်ရေးသမားလို့ သတ်မှတ်ခံလိုက်ရပြန်ပါတယ်...... တဖန် ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန်ကလည်း လုပ်သင့်တာနဲ့ လုပ်ထိုက်တာကို ခွဲခြားပြတဲ့အပေါ် ချင်းသူပုန်ဟောင်းလို့ ခေါင်းစဉ်တပ်ခံလိုက်ရပြန်ပါတယ်....... ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန်သည် အမေရိကန်နိုင်ငံ Indiana University School of Law မှ ဥပဒေ ပါရဂူဘွဲ့ကို ရရှိခဲ့ပြီး၊ လက်ရှိအချိန်တွင် Myanmar Peace Center ၌ ဥပဒေ အကြံပေး တာဝန်ကို ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါတယ်..... ဒါပေမယ့် ဘယ်လောက်ပဲ ပညာတတ်တတ် NLD ရဲ့ လုပ်ရပ်ကို ဝေဖန်လိုက်တဲ့အတွက် ချက်ခြင်းကို ဖောက်ပြန်ရေးသမား၊ ချင်းသူပုန်ဟောင်း အစရှိတဲ့ နာမဝိသေသနတွေ သတ်မှတ်ခံလိုက်ရပါတယ်...... လွှတ်တော်အမတ်တစ်ယောက် ဖြစ်လျက်နဲ့ နိုင်ငံအတွက် မသင့်တော်တာတွေကို ဒေါ်စုအနေနဲ့ အပြင်မှာ လျှောက်ပြောနေမယ့်အစား တကယ်အလုပ်ဖြစ်အောင် လွှတ်တော်မှာ အဆိုတင်သင့်တယ်လို့ ထောက်ပြလိုက်တဲ့ ဦးသိန်းညွန့်လည်း သစ္စာဖောက်တစ်ယောက်၊ အဖြစ်မရှိသူတစ်ယောက်လို့ သတ်မှတ်လိုက်ကြပါတယ်....... လက်ရှိ လွှတ်တော်ထဲမှာ နိုင်ငံအတွက် အလုပ်လုပ်ပေးနေတဲ့ ဦးသိန်းညွန့်လည်း ဆတ်ဆတ်ထိမခံတဲ့ ပါတီနဲ့ ခေါင်းဆောင်ကို ဝေဖန်မိချိန်မှာတော့ သုံးစားမရတဲ့ အဆင့်ကို သတ်မှတ်ခြင်း ခံလိုက်ရပါတယ်.... တစ်ချို့ကတော့ ဦးသိန်းညွန့်ဟာ အဆိုတွေ ဖြစ်ဖြစ်မြောက်မြောက် မဖြစ်တဲ့အတွက် ဘာမှ အထင်ကြီးစရာမရှိဘူးလို့ ဆိုကြပါတယ်..... ဒါပေမယ့်လည်း ဦးသိန်းညွန့်လို လွှတ်တော်အမတ်တစ်ယောက်ရဲ့ လုပ်ရမယ့်အလုပ်ကို မလုပ်တဲ့ NLD အမတ်တွေကိုတော့ ဝေဖန်ခြင်း အလျဉ်းမရှိပြန်ပါဘူး..... ဒါတွေကြောင့် သိသာ၊ ထင်ရှား၊ လူမုန်းမခံချင်တဲ့လူတွေဟာ NLD နဲ့ ပါတ်သက်ရင် အပေါ်ယံသာ ပြောဆိုကြပီး အတွင်းကျကျ ဝေဖန်သုံးသပ်တာမျိုး လုပ်ကြတာ နည်းပါတယ်...... အဲ့ဒါဟာ နိုင်ငံရေး ပါတီတစ်ခုအတွက်၊ အထူးသဖြင့် မြန်မာပြည်သူတွေရဲ့ ထောက်ခံမှု ကြီးကြီးမားမားကို ရနေတဲ့ ပါတီအတွက် အခမဲ့ အကြံပေးတွေရဲ့ အခွင့်အလမ်းကို ဆုံးရှုံးသလို တစ်ဖက်ကကြည့်ရင်လည်း ဘောင်းတော်သိပ် စိတ်တော်ငြိမ့်တွေနဲ့ ကိုယ်လုပ်သမျှ အကုန်မှန်တယ် ဆိုတဲ့အမြင်တွေနဲ့ နောက်ထပ် အာဏာရှင်စနစ်တစ်ခုစီ ဦးတည်အောင် ဖန်တီးသလို ဖြစ်နေပါတယ်....... အထိမခံ ရွှေပန်းကန်တွေရဲ့ ငါတို့လုပ်ချင်ရာလုပ်မယ် လာမထိနဲ့ဆိုတဲ့ တစ်ဖက်ပိတ် အတွေး၊ အမြင်၊ ရပ်တည်ချက်တွေ ပိုများလာပါတယ်.... တဖြည်းဖြည်းနဲ့ NLD ဟာ သူ့ရဲ့ မျက်စိမှိတ် ထောက်ခံနေတဲ့ နောက်လိုက်တွေကြောင့် ဝေဖန်ရေးကို လုံးလုံးလျားလျား လက်မခံတဲ့ ပါတီကြီးအသွင်ကို ပြောင်းလဲလာပါတယ်...... အကဲဆတ်တဲ့ နိုင်ငံရေးမှာ အဝေဖန်မခံနိုင်ခြင်းဟာ အာဏာရှင်စနစ်နဲ့ ဘာမှမထူးပါဘူး...... အခုလက်ရှိ NLD ဘက်တော်သားတွေဟာ အာဏာမရှိပဲနဲ့တောင် အယူအဆ မတူသူတွေကို တံဆိပ်ကပ်လို့ ပက်ပက်စက်စက် ကြမ်းကြမ်းတမ်းတမ်း ဝေဖန်နေတဲ့နောက်မှာ သူတို့လက်မှာ အာဏာရသွားရင် ဆိုတာလေး စဉ်းစားမိပါတယ်..... တစ်ချိန်က နည်းနည်းလေး ဝေဖန်တဲ့လူတွေကို ထောင်ထဲ အစစ်ဆေး အမေးမြန်းမရှိ ထဲ့ခဲ့တဲ့ စစ်အာဏာရှင်တွေကို ပြန်ပြောင်း သတိရမိပါတယ်..... Photo copied from Internet -- Sent from my Android phone with EMAIL 4 MM.

No comments: