Wednesday, October 30, 2013

အခြေခံဥပဒေမှာ

အခြေခံဥပဒေ ထဲမှာ ဗမာ လူမျိုးသာ သမ္မတ ဖြစ်ရမယ်လို့ မပါ ပါဘူး မြန်မာနိုင်ငံရဲ့ပထမဆုံး သမ္မတ က ရှမ်းအမျိုးသား စပ်ရွှေသိုက် ပါ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတိုင်း ကျွန်တော်အပါဝင် သန်း၆၀လုံး သမ္မတဖြစ်ခွင့် ရှိနေတဲ့ ဥပဒေ ကို သမ္မတ ဖြစ်ခွင့် မရှိတဲ့ သူတစ်ယောက်အတွက် ဥပဒေပြင်ပေးရမှာ စဉ်းစားစရာပါ သမ္မတ ဆိုတာနိုင်ငံရဲ့ ပြည်ပနိုင်ငံတွေမသိအောင် ထိန်းသိမ်းထားရမယ့် ထိပ်တန်းလျို့ဝှက်တွေ အရေးကြီးအချက်လက်တွေ ကိုသိထားသူတစ်ယောက်ပါ အဲ့ဒီလူဟာ သူများနိုင်ငံရဲ့ သြဇာခံ သူ့ဆွေမျိုးသားချင်းဟာ နိုင်ငံခြားသား ဖြစ်နေရင် ယုံကြည်စိတ်ချမှု ရှိနိုင်ပါ့မလား သမ္မတ မှတိုက်ရိုက်မဟုတ်တောင် သူ့သားသမီး ဆွေမျိုးတွေကနေတဆင့် နိုင်ငံရဲ့ အရေးကြီး သတင်းတွေပေါက်ကြားနိုင်ပါတယ် သမ္မတ ရာထူးမဆိုထားနှင့် တပ်မတော်မှာ အရာရှိ ဖြစ်ခွင့် ရှိတဲ့သူတောင် ကန့်သတ်ထားပါတယ် တပ်မတော်အရာရှိတစ်ယောက်ဟာ ဆွေမျိုးသားချင်း တွေ နိုင်ငံခြားရောက်နေလို့ မရဘူး ဆွေမျိုးတစ်ယောက်ယောက်က တစ်ဖက်နိုင်ငံသားခံယူထားလို့မရပါဘူး တပ်မတော်ရဲ့ လျို့ဝှက်ချက်တွေ သတင်းတွေ ပေါက်ကြားမှာစိုးတဲ့အတွက်ဖြစ်ပါတယ် ဒါဆို နိုင်ငံ ရဲ့ အမြင့်ဆုံးရာထူး သမ္မတ ဖြစ်ခွင့်က ပိုအရေးမကြီးပေဘူးလား ပြည်ပသြဇာတွေ သက်ရောက်နေတဲ့ သမ္မတဟာ တိုင်းပြည်အပေါ် သစ္စာမဖောက်နိုင်ဘူးလို့ ဘယ်သူအာမခံရဲလဲ အမျိုးသားရေးကို ဦးစားပေးတဲ့သမ္မတ သာလျှင် အပြည့်ဝ ယုံကြည် သင့်ပါတယ် ဒါ့ကြောင့် တိုင်းပြည်အနာဂတ် အတွက် ပြည်ပနိုင်ငံတွေနဲ့ ပတ်သက်မှု မရှိတဲ့ မျိုးချစ်စိတ် အပြည့်ရှိသူသာ သမ္မတဖြစ်သင့်တယ်လို့ ယူဆမိပါတယ် ။ အခုချိန်ထိတော့ သမ္မတဦးသိန်စိန် ကလွဲလို့ တစ်ခြား ဘယ်သူကိုမှ အပြည့်ဝ မယုံကြည်နိုင်ပါဘူး။ ဒါ့ကြောင့် မျိုးချစ်စိတ်အပြည့်ဝရှိတဲ့ သမ္မတကြီးကို သာ ထောက်ခံပါတယ် ရဲရင့်လင်း (Waihin) -- Sent from my Android phone with EMAIL 4 MM.

No comments: