Tuesday, October 22, 2013

မိုက်ကယ်အဲရစ်

မိုက်ကယ်အဲရစ် သေဆုံးမှု သွေးရိုးသားရိုး မဖြစ်နိုင် မိုက်ကယ်အဲရစ် ဟု ဆိုလျှင် လူအတော်များများ မသိကြပါ။ မြန်မာနိုင်ငံသားများလည်း မသိသလို၊ ဘူတန်နိုင်ငံသားများလည်း မသိဘူး။ အင်္ဂလိပ်လူမျိုးများကို မေးလျှင်လည်း မသိဘူးဟုသာ ဖြေကြပါတယ်။ မိုက်ကယ်အဲရစ် ဆိုသည်မှာ ယနေ့မြန်မာနိုင်ငံတွင်း ဂျာနယ်များ၊ ပုဂ္ဂလိက သတင်းစာ မျက်နှာဖုံးများတွင် ပုံကြီးများဖြင့် အမြဲဖော်ပြခြင်းခံနေ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယောင်္ကျားဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်း စုကြည် ပုံတွေ ပလူပျံနေပေမယ့် မိုက်ကယ်အဲရစ် ဓာတ်ပုံကိုတော့ ဘယ်ဂျာနယ်၊ ဘယ်သတင်းစာကမှ ဖော်ပြတာ မရှိဖူးပါဘူး။ မိုက်ကယ်အဲရစ်ဟာ ဘူတန်/တိဘက် မျိုးနွယ် တစ်ယောက်ဖြစ်ပြီး ကျူးဘားမှာ မွေးဖွားခဲ့ပါတယ်။ မဟာရာန ကိုးကွယ်သူတစ်ယောက်ပါ။ ၁၉၇၂ မှာ ၎င်း ထက် တစ်နှစ်ကြီး တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလက်ထပ်ပေါင်းသင်းခဲ့ပါတယ်။ လက်ထပ်ပြီးနောက် မိုက်ကယ်အဲရစ်ရဲ့ ဘဝက သာယာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အိမ်ထောင်ရေးမှာ တာဝန်ကျေသူတစ်ဦးဖြစ်ပြီး မယားဝတရား အားလုံး ကျေပွန်သူဖြစ်ပါတယ်။ မိုက်ကယ်အဲရစ်ရဲ့ မိဘ များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၎င်းရဲ့ မိဘများလို သဘောထား တာကြောင့် မိုက်ကယ်အဲရစ် ရဲ့ ဘဝ သာယာခဲ့ပါတယ်။ ဇနီးသည် ဒေါ်အောင်ဆန်းစုကြည်မှာ မိုက်ကယ်အဲရစ်မပါဘဲ ဘယ်မှ သွားလေ့မရှိပေ။ မြန်မာနိုင်ငံတောင် မပြန်ပဲ လင်ယောင်္ကျားအပေါ် သိတတ်ခဲ့တာကြောင့် မိုက်ကယ်အဲရစ် ကံကောင်းခဲ့ရပါတယ်။ အိမ်ထောင်ကျပြီး တစ်နှစ်အတွင်းမှာပဲ သားအကြီးကို မမျှော်လင့်ပဲ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိခင်နာမကျန်းဖြစ်လို့ မဖြစ်မနေ ဒေါ်စု မြန်မာနိုင်ငံပြန်ရာမှ ရုတ်တရပ် နိုင်ငံရေးခေါင်းဆောင်ဖြစ်သွားတာဟာ မိုက်ကယ်အဲရစ်အတွက် ကံဆိုးခြင်းကို စတင်ခဲ့ချိန်ဖြစ်ပါတယ်။ ဗြိတိန်သံရုံးမှ http://2daymyanmar.blogspot.com/2013/10/blog-post_4984.html မိုက်ကယ်အဲရစ် သေဆုံးမှု သွေးရိုးသားရိုး မဖြစ်နိုင် ~ Today Myanmar

No comments: