Friday, October 25, 2013

မင်္ဂလာတောင်ညွန့်NLD ၂ခြမ်းခွဲ

မင်္ဂလာတောင်ညွန့်NLDကို(၂)ခြမ်းခွဲပစ်တဲ့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် အပေါင်းအပါများအကြောင်း ဖွင့်ချခြင်း (ပေးစာ - ၂၁၇) ====================================== ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်က ဖြူဖြူကို ကျမရဲရဲကြီးအာ မခံတယ်ဆိုတဲ့စကားကြောင့် မဲပေးလိုက်ကြတာ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ထဲ့ပြောခဲ့တဲ့ ယောင်း မမြင်းစီးထွက်တာတော့ မဖြစ်စေနဲ့ဆိုသလို ဒေါ်ဖြူဖြူသင်းက ယောင်းမမြင်းစီးထွက်တာမှ ထမိန်ခါး တောင်းကြိုက်ပြီးစီးပြလိုက်တာပါဘဲ။့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းက အမတ်ဖြစ်တယ်ဆိုတာနဲ့ဒေါ်အောင် ဆန်းစုကြည်ကို ပုခုံးယှဉ်ပြီး ဘေးမှာဘော်ဒီဂတ်တွေက လက်ချင်းချိတ်လို့ ဌာနချုပ်ရုံးကိုဝင်လာတာ ၀ိုင်းတားလိုက်ရတယ်၊ အစပါဘဲ၊ အဲဒီနောက် သူနဲ့ဘာလိုလိုဆိုတဲ့ ရာဇာ၊ ငွေရှာပေးနေတဲ့ ကျော်ဒင် နဲ့အပေါင်းအပါများကရုံးမှာနေထိုင်သောက်စားကြပါတယ်၊ ရာဇာဆိုတဲ့ကောင်က ဒေါ်ဖြူဖြူသင်းအိမ် က၀င်ခွင့် မပေးလို့ လမ်းထိပ်မှာချိန်းတွေ့နေရတဲ့ဘ၀ကနေ နေစရာရသွားခဲ့တယ်၊တရားဝင်အနီးကပ် ခွင့်ရသွားခဲ့တယ်၊ အရက်သမားကစိုင်ကော်လို့ခြုံပေါ်ရောက်သွားခဲ့တယ်၊ ရုံးပေါ်မှာအကြောင်းရှိလို့ သွားရင် ကိုယ်စားလှယ်က နဲနဲဘဲပြောပြီး ဒီကောင်ကဘဲ ချယ်လှယ်ပြောဆိုနေတော့တာပါဘဲ။ ကိုယ် စားလှယ်က ဒီကောင်လုပ်သမျှကျေနပ်တယ်၊ အခုဖြစ်ပေါ်နေတဲ့ လူငယ်ညီလာခံကျင်းပရေးကော်မရှင် မင်္ဂလာတောင်ညွန့်ကပြသနာဟာ ရာဇာကဖန်တီးပြီး ကိုယ်စားလှယ်က ဒီကောင့်အတွက် လိုက်လုပ် ပေးနေတာပါဘဲ၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က ကိုယ်စားလှယ်က လူငယ်ညီလာခံကျင်းပရေး ကော်မရှင်အတွက် အစည်းအဝေးပြောတော့ ဒါကျမနဲ့မဆိုင်ဘူးဆိုပြီးငြင်းခဲ့တယ်၊ ရာဇာခေါင်းဆောင် ပြီး လွှတ်တော်ကိုယ်စားလှယ်အခန်းမှာ လူငယ်ညီလာခံကျင်းပရေးကော်မရှင်ဆပ်ကော်မတီဖွဲ့တော့ ဒေါ်ဖြူဖြူသင်းအမှာစကားပြောခဲ့တယ်၊ ကျမတို့ကဒီအဖွဲ့ကို အခက်အခဲကြားကဖွဲ့တာပါတဲ့၊ ဟုတ်ပါ တယ် ဒီအဖွဲ့ ဖွဲ့ဘို့ သူ့ကောင်တွေက ရပ်ကွက်ထဲကပါတီဝင်တချို့ကို အမကခေါ်လို့ဆိုပြီးခေါ်တယ်၊ ၇ပ်ကျေးညီလာခံမှာ ပြသနာဖြစ်ပြီးကျန်ခဲ့တဲ့ ရပ်ကျေးအမှုဆောင်တွေနဲ့မတဲ့တဲ့အဖွဲ့၊ တောင်ညွန့်ရပ် ကွက်ကတစ်စု၊ ကန်တောင်ကတစ်စု၊ ကန်မြောက်ကတစ်စု နဲ့အုပ်စုဖွဲ့လိုက်တယ်၊ ဒီအစည်းအဝေးကို တိုင်းကော်မရှင်က အေးနိုင်၊ ကျော်ဇော်၊ခရိုင်ကော်မရှင်က နေကျော်တို့ပါဝင်တယ်၊မင်္ဂလာတောင် ညွန့်မြို့နယ် လူငယ်ညီလာခံကျင်းပရေးကော်မရှင်ကို ဒေါ်ဖြူဖြူသင်းနဲ့ရာဇာက၊ ဗဟိုကော်မရှင်က မောင်မောင်ဦး၊ တိုင်းကော်မရှင်ကအေးနိုင်နဲ့ပေါင်းပြီး သူတို့ကိုငွေရှာပေးနေတဲ့ကျော်ဒင် ကိုထဲ့ပြီး ရန် ကုန်တိုင်းတာဝန်ခံ ဗဟိုကော်မရှင်က မြင့်ဌေး မရှိခိုက်မှာ ကမန်းကတန်းအတည်ပြုပေးလိုက်ပါတယ်၊ ဒေါ်ဖြူဖြူသင်းရဲ့ ငွေကြေးပံ့ပိုးမှုမကင်းသူတွေက မောင်မောင်ဦး၊ အေးနိုင်၊နေကျော် ဒီလှိုင်းက ငြိမ်း သစ် တို့လဲပါနေပါတယ်၊ ဒေါ်ဖြူဖြူသင်းနဲ့ရာဇာက NLD ထဲမှာ သူတို့လူတွေကိုစံနစ်တကျ မြှုပ်နှံနေ ပါတယ်၊ NLD ဗဟိုညီလာခံတုန်းကလဲ ရွှေဘဲစားသောက်ဆိုင် အစည်းအဝေးတက်ပြီး သူတို့လူတွေ နေရာရဘို့ကြိုးစားခဲ့ပါတယ်၊ အဘဦ၀င်းတင်မျက်နာနဲ့အရံ CEC ဖြစ်ခဲ့တယ်၊ မဖြစ်သင့်သူပါ၊ NLD အဲဒီလို ကိုယ့်လူကိုယ် နေရာပေးမှုကြောင့် ပါတီတွင်းမကျေနပ်မှုတွေများလာနေတာပါ။ တိုင်ကြားမှု များကိုလည်း ပါတီတာဝန်ရှိသူများက ဖြေရှင်းပေးခြင်းမရှိကြပါ။ ဒီပြသနာတွေကြောင့် မင်္ဂလာတောင်ညွန့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က မြို့နယ်ရုံးကို ဒေါ်ဖြူဖြူသင်း လွှတ်တော်ကိုယ်စားလှယ်ရုံးနဲ့ကင်းရှင်းအောင် သီးခြားခွဲဖွင့်လိုက်ပါတယ်။ ဒေါ်ဖြူဖြူသင်းနဲ့ရာဇာ၊ လက်ရုံးတပည့်ကျော်ဒင်တို့ကြောင့် မင်္ဂလာတောင်ညွန့် မြို့နယ် NLD မှာ မြို့နယ်အလုပ်အမှုဆောင်နဲ့ရပ်ကွက်အမှုဆောင်များအဖွဲ့ကတစ်ဖွဲ့ ဒေါ်ဖြူဖြူသင်းနဲ့ရာဇာ၊လက်ရုံး တပည့်ကျော်ဒင်တို့ဦးဆောင်သော ယခင်ညီလာခံတွင်ပြုတ်ကျန်နေသောသူများ၊ရပ်ကွက်အမှု ဆောင်နှင့်အဆင်မပြေသူများ စုစည်းထားသော အုပ်စုတို့ (၂)ခြမ်းကွဲသွားပြီဖြစ်ပါသည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်နေတဲ့ NLD ကဗဟိုလူငယ်ကော်မရှင် ဥက္ကဌ မောင်မောင်ဦးနဲ့အေးနိုင်ရဲ့မပြင်ဘူးဆိုတဲ့စကားတစ်ခွန်း မင်္ဂလာတောင်ညွန့် မြို့နယ်လူငယ်ညီလာခံကျင်းပရေးကော်မရှင်မှနုတ်ထွက်ခွင့်တင်ပြထားသူတွေကို ရွှေဂုံတိုင်က NLD ဌာနချုပ်ကိုခေါ်ပြီး သူတို့ချမှတ်ထားတဲ့အရာတွေကို ပြင်မပေးဘူး၊မဖြည့်စွက်ဘူး၊ ထပ်မထဲ့နိုင်ဘူးလို့တဘက်သပ်ပြောလိုက်ပါတယ်၊အရှေ

No comments: